ကျွန်မတို့၏ ဘိုးဘေးများသည် ဤတောင်ပေါ်တွင် ဘုရားသခင်ကို ကိုးကွယ်ခဲ့ကြ၏။ သို့သော် ဂျူးလူမျိုးဖြစ်သောသခင်တို့က ဂျေရုဆလင်မြို့၌သာ ဘုရားသခင်ကို ကိုးကွယ်ရမည်ဟူ၍ ပြောဆိုကြ၏” ဟု လျှောက်၏။
၁ ကော 10:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… တောကန္တာရ၌ ကျွန်ုပ်တို့၏ ဘိုးဘေးများကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များကို သင်တို့မသိနားမလည်ဘဲ မနေစေလိုပါ။ သူတို့အားလုံးသည် ဘုရားသခင်စေလွှတ်သော မိုးတိမ်အောက်၌ ခရီးပြုခဲ့ကြပြီး ပင်လယ်၏ အလယ်၌ ဖြတ်လျှောက်ခဲ့ကြ၏။ Common Language Bible ညီအစ်ကိုတို့၊ မောရှေဦးဆောင်သောငါတို့၏ ဘိုးဘေးများအကြောင်းကိုသတိရစေလို၏။ သူတို့သည်မိုးတိမ်၏အကွယ်အကာရ၍ ပင်လယ်နီကိုဘေးမဲ့လုံခြုံစွာဖြတ်သန်းခဲ့ ကြ၏။- Garrad Bible အ သို့ ဆို သော် ညီ အစ် ကို တို့၊ ငါ တို့ ဘိုး ဘေး ရှိ သ မျှ သည် တိမ် တိုက် အောက် နေ ခွင့်၊ ရှိ သ မျှ တို့ သည် ပင် လယ် ကို ဖြတ် သွား ခွင့်၊ Judson Bible ညီအစ်ကိုတို့၊ ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုးတိမ်အောက်မှာရှိ၍၊ ပင်လယ်အလယ်၌ လျှောက်သွားကြသည်ဟူ၍လည်းကောင်း၊- မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ အောက်ပါအကြောင်းအရာများကို သင်တို့မသိဘဲ မနေစေလိုပါ။ ငါတို့၏ဘိုးဘေးများအားလုံးသည် မိုးတိမ်အောက်၌ရှိခဲ့၍ အားလုံးသည် ပင်လယ်ကို ဖြတ်ကျော်ခဲ့ကြပြီး |
ကျွန်မတို့၏ ဘိုးဘေးများသည် ဤတောင်ပေါ်တွင် ဘုရားသခင်ကို ကိုးကွယ်ခဲ့ကြ၏။ သို့သော် ဂျူးလူမျိုးဖြစ်သောသခင်တို့က ဂျေရုဆလင်မြို့၌သာ ဘုရားသခင်ကို ကိုးကွယ်ရမည်ဟူ၍ ပြောဆိုကြ၏” ဟု လျှောက်၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် အခြားသော လူမျိုးခြားများအကြားတွင် အမှုတော်ထမ်းဆောင်ရာ၌ အောင်မြင်မှုအသီးအပွင့်များကို ခံစားခဲ့ရသကဲ့သို့ သင်တို့တွင်လည်း ခံစားရစေလိုသောကြောင့် သင်တို့ဆီသို့ လာရန် ကြိမ်ဖန်များစွာ စီစဉ်ခဲ့၏။ သို့သော်လည်း ယခုတိုင်အောင် အတားအဆီးများရှိခဲ့ကြောင်း သင်တို့ကို ကျွန်ုပ်သိစေလို၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မူလအကိုင်းအခက်များကို ညှာတာတော်မမူလျှင် သင့်ကိုလည်း ညှာတာတော်မူမည်မဟုတ်သောကြောင့် ဖြစ်၏။
အာဗြဟံသည် အရေပြားလှီးခြင်းမင်္ဂလာကို မခံယူမီကပင် ယုံကြည်နှင့်ပြီးဖြစ်သဖြင့် ဘုရားသခင်သည် သူ့ကို လက်ခံ၍ ဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏။ ထိုသို့သတ်မှတ်ကြောင်းကိုပြသော အမှတ်လက္ခဏာအနေဖြင့် အရေပြားလှီးခြင်းမင်္ဂလာကို ပေးခဲ့၏။ သို့ဖြစ်၍ အရေပြားလှီးခြင်းမင်္ဂလာကို မခံယူသော်လည်း သူတို့၏ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောသူမှန်သမျှအတွက် အာဗြဟံသည် ဖခင်ကြီးဖြစ်လာ၏။
ညီအစ်ကိုမောင်နှမတို့… ဝိညာဉ်ဆုကျေးဇူးနှင့် ပတ်သက်သောအကြောင်းအရာများကို သင်တို့ မသိနားမလည်ဘဲမနေစေလိုပါ။
သင်တို့သည် ခရစ်တော်နှင့် သက်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွယ်ပင် ဖြစ်၍ ဘုရားသခင်ကတိပြုတော်မူသည့်အတိုင်း အမွေခံများဖြစ်ကြ၏။
အစ္စရေးလူမျိုးတို့သည် ကုန်းမြေပေါ်တွင် နင်းလျှောက်သကဲ့သို့ ယုံကြည်ခြင်းဖြင့် ပင်လယ်နီကို ဖြတ်ခဲ့ကြ၏။ သို့သော် သူတို့နည်းတူ အီဂျစ်လူမျိုးတို့သည် ဖြတ်ရန် ကြိုးစားသောအခါ ပင်လယ်ထဲသို့ နစ်မြုပ်ကြ၏။