နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ကမ္ဘာတစ်ဝန်းလုံးတွင် ဟောပြောကြ၍ လူမျိုးအပေါင်းတို့သည်လည်း ထိုသတင်းကောင်းကို ကြားကြလိမ့်မည်။ ထို့နောက်မှ ကမ္ဘာကုန်ဆုံးချိန်သည် ရောက်လာလိမ့်မည်။
ဟေဗြဲ 1:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် မိမိ၏သားဦးကို ဤလောကသို့ စေလွှတ်တော်မူသောအခါ “ဘုရားသခင်၏ ကောင်းကင်တမန်အားလုံးတို့သည် ထိုအရှင်ကို ကိုးကွယ်ရမည်” ဟု မိန့်တော်မူ၏။ Common Language Bible သို့ရာတွင်ဘုရားသခင်သည်မိမိ၏သားဦးကို လောကသို့စေလွှတ်တော်မူမည်ပြုသောအခါ ``ဘုရားသခင်၏ကောင်းကင်တမန်အပေါင်းတို့ သည် ထိုသူအားရှိခိုးဝတ်ပြုရကြမည်'' ဟုမိန့်တော်မူ၏။- Garrad Bible ၎င်း ပြင် သြ ရ သ တော် ကို ဤ လော က သို့ ပို့ သွင်း တော် မူ သည့် ကာ လ ဘု ရား သ ခင့် စေ တ မန် တော် ရှိ သ မျှ ရှိ ခိုး ကြ စေ ဟု ဗျာ ဒိတ် တော် ရှိ ၏။ Judson Bible တစ်နည်းကား၊ သားဦးကို ဤလောကသို့ သွင်းတော်မူသောအခါ၊ ဘုရားသခင်၏ ကောင်းကင် တမန်အပေါင်းတို့သည် ထိုသူကို ပျပ်ဝပ်ကိုးကွယ်ကြစေဟု လာသတည်း။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် သားဦးကို ဤကမ္ဘာလောကထဲသို့ ခေါ်ဆောင်လာသောအခါ “ဘုရားသခင်၏ကောင်းကင်တမန်အပေါင်းတို့သည် ထိုအရှင်ကို ရှိခိုးရမည်”ဟု မိန့်တော်မူပြီး |
နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ကမ္ဘာတစ်ဝန်းလုံးတွင် ဟောပြောကြ၍ လူမျိုးအပေါင်းတို့သည်လည်း ထိုသတင်းကောင်းကို ကြားကြလိမ့်မည်။ ထို့နောက်မှ ကမ္ဘာကုန်ဆုံးချိန်သည် ရောက်လာလိမ့်မည်။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်၏ ရင်ခွင်တော်၌ ရှိသည့် တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ကျွန်ုပ်တို့သိမြင်နိုင်ရန် ဖော်ပြတော်မူပြီ။
ဘုရားသခင်သည် လောကီသားတို့ကို အလွန်ချစ်သောကြောင့် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ၏။ ထိုသို့စွန့်တော်မူခြင်းမှာ သားတော်ကို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကို ရရှိစေရန်ဖြစ်၏။
ဘုရားသခင်သည် မိမိလူတို့ကို ကြိုတင်သိတော်မူ၍ ထိုသူတို့ကို မိမိသားတော်ကဲ့သို့ ဖြစ်လာစေရန် ရွေးချယ်တော်မူ၏။ ဤသို့ပြုတော်မူသည်မှာ ညီအစ်ကိုမောင်နှမများစွာထဲတွင် ခရစ်တော်ကို သားဦးဖြစ်စေရန်ပင် ဖြစ်၏။
သားတော်သည် မျက်စိဖြင့်မမြင်ရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်ပြီး ဘုရားသခင်ဖန်ဆင်းတော်မူသမျှသော အရာအားလုံးတွင် သားဦးဖြစ်တော်မူ၏။
ကိုယ်တော်သည် အသင်းတော်ဟူသော မိမိကိုယ်ခန္ဓာ၏ ဦးခေါင်းဖြစ်၍ ကိုယ်ခန္ဓာ၏ မူလအရင်းအမြစ် ဖြစ်တော်မူ၏။ သေရာမှ အဦးဆုံး ရှင်ပြန်ထမြောက်လာသော သားဦး ဖြစ်တော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်သည် အရာအားလုံးတွင် အကြီးမြတ်ဆုံး ဖြစ်တော်မူ၏။
ဘုရားသခင်သည် မည်သည့်ကောင်းကင်တမန်ကိုမျှ “သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် ငါသည် သင်၏ ဖခင်ဖြစ်လာ၏” ဟူ၍ လည်းကောင်း၊ “ငါသည် သူ၏ဖခင်ဖြစ်မည်။ သူသည် ငါ့သား ဖြစ်လိမ့်မည်” ဟူ၍ လည်းကောင်း မိန့်တော်မမူခဲ့။
ထို့ကြောင့် ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ ဘုရားသခင်အား “ကိုယ်တော်သည် ယဇ်နှင့် ပူဇော်စရာကို အလိုတော်မရှိသောကြောင့် အကျွန်ုပ်အတွက် ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူ၏။
ခရစ်တော်သည် ကောင်းကင်ဘုံသို့ တက်ကြွတော်မူပြီး ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်လျက် ကောင်းကင်တမန်များ၊ အာဏာစက်များ၊ တန်ခိုးရှင်များကို အုပ်စိုးတော်မူ၏။
ကျွန်ုပ်တို့သည် သားတော်အားဖြင့် အသက်ရှင်ကြစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်တော်မူ၏။ ဤနည်းဖြင့် ဘုရားသခင်သည် မိမိ၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အား ဖော်ပြတော်မူ၏။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။