ထောင်ထဲတွင်ရှိသော နှစ်ခြင်းဆရာယောဟန်သည် ခရစ်တော်ပြုတော်မူသောအမှုတို့ကို ကြားလေ၏။ ထို့ကြောင့် မိမိတပည့်တို့ကို ယေရှုထံ စေလွှတ်၍
လုကာ 9:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နယ်စားအန္တိပဟေရုဒ်သည် ယေရှုပြုတော်မူသော အခြင်းအရာအားလုံးကို ကြားသိ၍ စိတ်ရှုပ်ထွေးလျက်နေ၏။ အဘယ်ကြောင့်ဆိုသော် လူတချို့က နှစ်ခြင်းဆရာယောဟန် သေရာမှ ပြန်ရှင်သည်ဟူ၍ လည်းကောင်း၊ Common Language Bible ဂါလိလဲဘုရင်ခံမင်းကြီးဟေရုဒ်မင်းသည် ကိုယ် တော်ပြုတော်မူသောအမှုအရာများအကြောင်း ကိုကြား၏။ လူအချို့က ``ဗတ္တိဇံဆရာယောဟန် သေရာမှရှင်ပြန်လေပြီ'' ဟူ၍လည်းကောင်း၊- Garrad Bible ထို သို့ ဖြစ် ပျက် သ မျှ ကို ဘု ရင် ခံ မင်း ဟေ ရုဒ် ကြား သော် အ ချို့ တို့ က ယော ဟန် သည် သေ သူ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် ပြီ ဟူ၍ လည်း ကောင်း၊ အ ချို့ တို့ က ဧ လိ ယ ပေါ် ထွန်း ပြန် ပြီ ဟူ၍ လည်း ကောင်း၊ အ ချို့ တို့ က ပ ရော ဖက် ဟောင်း တစ် ပါး ပါး ရှင် ပြန် ထ မြောက် ပြီ ဟူ၍ လည်း ကောင်း ဆို ကြ သော ကြောင့်၊ Judson Bible ယေရှုပြုတော်မူသမျှတို့ကို စော်ဘွားဟေရုဒ်သည် ကြားလျှင် တွေးတောသောစိတ်ရှိ၏။ အကြောင်းမူကား၊ လူအချို့က၊ ယောဟန်သည် သေခြင်းမှထမြောက်လေပြီဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း နယ်စားဟေရုဒ်သည် ဖြစ်ပျက်နေသောအရာအားလုံးကိုကြားရသောအခါ ဝေခွဲမရဖြစ်လေ၏။ အဘယ်ကြောင့်ဆိုသော် လူအချို့တို့က “ယောဟန်သည် သေသောသူတို့ထဲမှ ထမြောက်လေပြီ”ဟူ၍လည်းကောင်း၊ မြန်မာ ယေရှုပြုတော်မူသမျှတို့ကို စော်ဘွားဟေရုဒ်သည် ကြားလျှင် တွေးတောသောစိတ်ရှိ၏။ အကြောင်းမူကား၊ လူအချို့က၊ ယောဟန်သည် သေခြင်းမှထမြောက်လေပြီဟု ဆိုကြ၏။- |
ထောင်ထဲတွင်ရှိသော နှစ်ခြင်းဆရာယောဟန်သည် ခရစ်တော်ပြုတော်မူသောအမှုတို့ကို ကြားလေ၏။ ထို့ကြောင့် မိမိတပည့်တို့ကို ယေရှုထံ စေလွှတ်၍
တပည့်တော်တို့က “တချို့က ကိုယ်တော်သည် နှစ်ခြင်းဆရာယောဟန်၊ တချို့က ဧလိယ၊ တချို့က အခြားပရောဖက်တစ်ပါးပါး ဖြစ်သည်ဟူ၍ ဆိုကြ၏” ဟု လျှောက်ကြ၏။
ထိုအချိန်တွင် ဖာရိရှဲတချို့သည် ယေရှုထံတော်သို့ လာ၍ “ဤနေရာမှ ထွက်သွားပါလော့။ ဟေရုဒ်သည် သင့်ကို သတ်ရန် ကြံစည်လျက်ရှိသည်” ဟု လျှောက်ကြ၏။
ထို့ပြင် နေ၊ လ၊ ကြယ်တို့၌ နိမိတ်လက္ခဏာများ ပေါ်လာလိမ့်မည်။ မြေကြီးပေါ်တွင်လည်း လူမျိုးတို့သည် ပင်လယ်လှိုင်းတံပိုးမြည်သံကြောင့် သောကရောက်၍ တုန်လှုပ်ချောက်ချားကြလိမ့်မည်။
ယေရှုသည် ဟေရုဒ်စီရင်ပိုင်သောနယ်မြေ၏ပြည်သားဖြစ်ကြောင်း သိရသောအခါ ပိလတ်မင်းသည် ကိုယ်တော်ကို ဟေရုဒ်ထံသို့ ပို့လိုက်၏။ ထိုအချိန်တွင် ဟေရုဒ်သည် ဂျေရုဆလင်မြို့တွင် ရှိလေ၏။
ရောမဘုရင် တိဗေရိဆီဇာ နန်းစံနှစ် ဆယ့်ငါးနှစ်တွင် ပုန္တိပိလတ်မင်းသည် ယုဒပြည်၏ဘုရင်ခံ ဖြစ်၏။ ဂါလိလဲပြည်တွင် ဟေရုဒ်၊ ဣကုရဲပြည်နှင့် တရားခေါနိတ်ပြည်တွင် ဟေရုဒ်၏ညီ ဖိလိပ္ပု၊ အဘိလင်ပြည်တွင် လုသာနိ စသဖြင့်အသီးသီးအုပ်ချုပ်လျက်ရှိ၏။
တပည့်တော်တို့က “တချို့က ကိုယ်တော်သည် နှစ်ခြင်းဆရာယောဟန်ဟု ဆိုကြ၏။ သို့သော် တချို့က ဧလိယဖြစ်သည်ဟု ဆိုကြ၍ တချို့က သေရာမှ ပြန်ရှင်လာသော ရှေးပရောဖက်တစ်ပါးပါးဖြစ်သည်ဟု ဆိုကြပါသည်” ဟု လျှောက်ကြ၏။