ထိုအခါ ဥပုသ်နေ့တွင် ထိုအမျိုးသမီးအား ယေရှုကျန်းမာစေသောကြောင့် ဝတ်ပြုဆောင်မှူးသည် စိတ်ဆိုးလျက် “အလုပ်လုပ်ရန် ခြောက်ရက်ရှိသည် ဖြစ်၍ ဥပုသ်နေ့တွင် မဟုတ်ဘဲ ကျန်သည့်နေ့များတွင် ကုသမှုခံယူရန်လာကြလော့” ဟု ပရိသတ်များကို ပြောလေ၏။
လုကာ 8:41 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုစဉ် ယာဣရုအမည်ရှိသော ဝတ်ပြုဆောင်မှူးသည် ယေရှု၏ခြေတော်ရင်း၌ ဝပ်တွားခယလျက် မိမိအိမ်သို့ကြွတော်မူရန် တောင်းပန်လေ၏။ Common Language Bible ထိုအခါယာဣရုဆိုသူသည်ထံတော်သို့ရောက် လာ၏။ သူသည်တရားဇရပ်အုပ်ချုပ်ရေးမှူးဖြစ် ၏။ ကိုယ်တော်၏ခြေတော်ရင်းမှာပျပ်ဝပ်ကာသူ ၏အိမ်သို့ကြွတော်မူရန် ကိုယ်တော်အားတောင်း ပန်၏။- Garrad Bible ယာ ဣ ရု အ မည် ရှိ သော ဓ မ္မာ ရုံ အုပ် တစ် ဦး သည် လာ၍ ယေ ရှု ခြေ တော် ရင်း တွင် ပျပ် ဝပ် လျက် အ သက် တစ် ဆယ့် နှစ် နှစ် ရှိ သော ဧ က ဓီ တ သ မီး သေ အံ့ ဆဲ ရှိ နေ သော ကြောင့် အိမ် သို့ ကြွ တော် မူ ရန် တောင်း လျှောက် သ ဖြင့် လူ ပ ရိ သတ် တိုး ဝှေ့ လျက် လိုက် ကြွ တော် မူ၏။ Judson Bible ထိုအခါ ယာဣရုအမည်ရှိသော တရားဇရပ်မှူးသည် လာ၍ ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယာဣရုအမည်ရှိသောလူတစ်ဦးသည် အထံတော်သို့ရောက်လာ၏။ ထိုသူသည် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံဖြစ်၏။ သူသည် ယေရှု၏ခြေတော်ရင်း၌ပျပ်ဝပ်ကာ မိမိအိမ်သို့ကြွတော်မူရန် တောင်းပန်၏။ မြန်မာ ထိုအခါ ယာဣရုအမည်ရှိသော တရားဇရပ်မှူးသည် လာ၍ ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊- |
ထိုအခါ ဥပုသ်နေ့တွင် ထိုအမျိုးသမီးအား ယေရှုကျန်းမာစေသောကြောင့် ဝတ်ပြုဆောင်မှူးသည် စိတ်ဆိုးလျက် “အလုပ်လုပ်ရန် ခြောက်ရက်ရှိသည် ဖြစ်၍ ဥပုသ်နေ့တွင် မဟုတ်ဘဲ ကျန်သည့်နေ့များတွင် ကုသမှုခံယူရန်လာကြလော့” ဟု ပရိသတ်များကို ပြောလေ၏။
သူသည် ယေရှု၏ခြေတော်ရင်း၌ ဝပ်တွားခယလျက် ကျေးဇူးတင်လေ၏။ ထိုသူသည် ရှမာရိလူမျိုးဖြစ်၏။
ထိုအဖြစ်အပျက်ကို မြင်သောအခါ ရှိမုန်ပေတရုသည် ယေရှု၏ခြေတော်ရင်း၌ ဒူးထောက်ပြီးလျှင် “သခင်… အကျွန်ုပ်သည် အပြစ်များသောသူဖြစ်သောကြောင့် အကျွန်ုပ်ထံမှ ထွက်ခွာသွားတော်မူပါ” ဟု လျှောက်လေ၏။
သူ၏ဆယ့်နှစ်နှစ်အရွယ် တစ်ဦးတည်းသော သမီးငယ်သည် သေလုဆဲဆဲရှိ၏။ ယေရှုသည် ဝတ်ပြုဆောင်မှူးနှင့်အတူ ကြွတော်မူစဉ် လူအုပ်သည် ယေရှုထံ စုပြုံတိုးဝှေ့ကြ၏။
ထိုသို့ မိန့်တော်မူနေစဉ် ဝတ်ပြုဆောင်မှူးအိမ်မှ လူတစ်ဦးသည် လာ၍ ယာဣရုအား “အရှင်၏သမီးသည် အသက်မရှိတော့ပါ။ ဆရာတော်ကို မနှောင့်ယှက်ပါတော့နှင့်” ဟု ပြောလေ၏။
မာသက ယေရှုအား “သခင်… သခင်သာ ဤနေရာ၌ ရှိတော်မူခဲ့လျှင် ကျွန်မမောင်သေဆုံးမည်မဟုတ်ပါ။
ပညတ်ကျမ်းနှင့် ပရောဖက်ကျမ်းများကို ဖတ်ပြီးနောက် ဂျူးဝတ်ပြုဆောင်မှူးများက “ညီအစ်ကိုတို့… သင်တို့ထံတွင် ပရိသတ်များအတွက် အားပေးတိုက်တွန်းစကားရှိပါကဝေမျှပေးပါ” ဟု လူလွှတ်၍ ပြောစေ၏။
ထိုအခါ သူတို့အားလုံးက ဝတ်ပြုဆောင်မှူးသုဿင်ကို ဖမ်း၍ တရားခွင်ရှေ့၌ ရိုက်နှက်ကြ၏။ သို့ရာတွင် ဂါလျန်မင်းသည် ထိုအမှုများကို ဂရုမစိုက်ဘဲနေ၏။
ဂျူးဝတ်ပြုဆောင်မှူးဖြစ်သော ကရိပ္ပုသည် သူ၏အိမ်သူအိမ်သားများနှင့်တကွ သခင်ဘုရားကို ယုံကြည်၏။ အခြားသောကောရိန္သုမြို့သားအမြောက်အမြားတို့သည်လည်း ပေါလုဟောပြောသော တရားစကားများကို ကြား၍ ယုံကြည်သဖြင့် နှစ်ခြင်းမင်္ဂလာကို ခံယူကြ၏။
လုဒ္ဒမြို့သည် ယုပ္ပေမြို့နှင့် နီးသဖြင့် ပေတရုသည် လုဒ္ဒမြို့တွင် ရောက်ရှိနေကြောင်း ကြားသိသောတပည့်တော်များက လူနှစ်ယောက်ကို ပေတရုထံသို့လွှတ်၍ “ကျွန်ုပ်တို့ထံ အလျင်အမြန်လာပါ” ဟု တောင်းပန်ကြ၏။
သိုးသငယ်တော်သည် စာလိပ်ကို ယူသောအခါ သတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် သိုးသငယ်တော်ရှေ့၌ ဝပ်တွားခယကြ၏။ သူတို့တစ်ဦးစီသည် စောင်းကိုလည်းကောင်း၊ အမွှေးနံ့သာနှင့်ပြည့်သော ရွှေဖလားကိုလည်းကောင်း ကိုင်ဆောင်ထားကြ၏။ ထိုရွှေဖလား၌ရှိသော အမွှေးနံ့သာများသည် သန့်ရှင်းသူတို့၏ ဆုတောင်းချက်များကို ကိုယ်စားပြု၏။