Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 8:41 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

41 ထိုအခါ ယာဣရု​အမည်​ရှိ​သော​လူ​တစ်​ဦး​သည် အထံ​တော်​သို့​ရောက်လာ​၏။ ထို​သူ​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​ဖြစ်​၏။ သူ​သည် ယေရှု​၏​ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​ကာ မိမိ​အိမ်​သို့​ကြွ​တော်မူ​ရန် တောင်းပန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

41 ထို​အ​ခါ​ယာ​ဣ​ရု​ဆို​သူ​သည်​ထံ​တော်​သို့​ရောက် လာ​၏။ သူ​သည်​တ​ရား​ဇ​ရပ်​အုပ်​ချုပ်​ရေး​မှူး​ဖြစ် ၏။ ကိုယ်​တော်​၏​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ်​ကာ​သူ ၏​အိမ်​သို့​ကြွ​တော်​မူ​ရန် ကိုယ်​တော်​အား​တောင်း ပန်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

41-42 ယာ ဣ ရု အ မည် ရှိ သော ဓ မ္မာ ရုံ အုပ် တစ် ဦး သည် လာ၍ ယေ ရှု ခြေ တော် ရင်း တွင် ပျပ် ဝပ် လျက် အ သက် တစ် ဆယ့် နှစ် နှစ် ရှိ သော ဧ က ဓီ တ သ မီး သေ အံ့ ဆဲ ရှိ နေ သော ကြောင့် အိမ် သို့ ကြွ တော် မူ ရန် တောင်း လျှောက် သ ဖြင့် လူ ပ ရိ သတ် တိုး ဝှေ့ လျက် လိုက် ကြွ တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

41 ထို​အ​ခါ ယာ​ဣ​ရု​အ​မည်​ရှိ​သော တ​ရား​ဇ​ရပ်​မှူး​သည် လာ၍ ယေ​ရှု၏​ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

41 ထိုစဉ် ယာဣရု​အမည်​ရှိသော ဝတ်ပြုဆောင်မှူး​သည် ယေရှု​၏​ခြေတော်ရင်း​၌ ဝပ်တွားခယ​လျက် မိမိ​အိမ်သို့​ကြွတော်မူ​ရန် တောင်းပန်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

41 ထို​အ​ခါ ယာ​ဣ​ရု​အ​မည်​ရှိ​သော တ​ရား​ဇ​ရပ်​မှူး​သည် လာ၍ ယေ​ရှု၏​ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 8:41
15 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဥပုသ်နေ့​၌ အနာရောဂါ​ကို​ယေရှု​ငြိမ်း​စေ​တော်မူ​သောကြောင့် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​သည် စိတ်ဆိုး​လျက် “အလုပ်​လုပ်​ရ​မည့်​နေ့ရက်​ခြောက်​ရက်​ရှိ​သည်​ဖြစ်၍ ထို​နေ့ရက်​များ​၌​လာ​၍ ရောဂါ​ငြိမ်း​စေ​ခြင်း​ကို​ခံယူ​ကြ​လော့။ ဥပုသ်​နေ့​၌​မ​လာ​ကြ​နှင့်”​ဟု လူထု​ပရိသတ်​တို့​အား​ဆို​၏။


ကိုယ်တော်​၏​ခြေ​တော်​ရင်း​၌​ပျပ်ဝပ်​၍ ကိုယ်တော်​ကို​ကျေးဇူးတင်​၏။ ထို​သူ​သည် ရှမာရိ​နယ်သား​ဖြစ်​၏။


ရှိမုန်​ပေတရု​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် ယေရှု​၏​ခြေ​တော်​ရင်း​၌ ပျပ်ဝပ်​လျက် “သခင်၊ အကျွန်ုပ်​သည် အပြစ်​များ​သော​သူ​ဖြစ်၍ အကျွန်ုပ်​ထံမှ ကြွသွား​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။


အကြောင်းမူကား တစ်ဆယ့်နှစ်​နှစ်​အရွယ်​ခန့်​ရှိ​သော သူ​၏​တစ်ဦးတည်း​သော​သမီး​သည် သေ​အံ့ဆဲဆဲ​ဖြစ်​နေ​၏။ ကိုယ်တော်​ကြွ​တော်မူ​စဉ် လူထု​ပရိသတ်​သည် ကိုယ်တော်​ထံ​စုပြုံ​တိုးဝှေ့​ကြ​၏။


ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​အိမ်​မှ လူ​တစ်​ဦး​သည်​ရောက်လာ​၍ “သင်​၏​သမီး​သေဆုံး​သွား​ပါ​ပြီ။ ဆရာ့​ကို ဆက်၍​မ​နှောင့်ယှက်​ပါ​နှင့်”​ဟု ပြော​လေ​၏။


မာသ​က ယေရှု​အား “သခင်​ဘုရား၊ ဤ​နေရာ​၌ ကိုယ်တော်​ရှိ​တော်မူ​ခဲ့​လျှင် ကျွန်မ​၏​မောင်​သေဆုံး​ခဲ့​မည်​မ​ဟုတ်​ပါ။


ပညတ်​တရား​ကျမ်း​နှင့် ပရောဖက်​ကျမ်း​များ​ကို ဖတ်ကြား​ပြီး​သောအခါ ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​များ​သည် သူ​တို့​ထံ လူ​လွှတ်​၍ “ညီအစ်ကို​တို့၊ သင်​တို့​တွင် လူ​တို့​အား တိုက်တွန်း​အားပေး​စကား​တစ်စုံတစ်ခု​ရှိ​လျှင် ပြော​ကြ​ပါ”​ဟု ဆို​ကြ​၏။


ထိုအခါ လူ​အပေါင်း​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​သုဿင်​ကို ဖမ်းဆီး​၍ တရားခွင်​ရှေ့၌ ရိုက်နှက်​ကြ​၏။ သို့ရာတွင် ဂါလျုန်​သည် ထို​အမှု​များ​ကို ဂရု​မ​စိုက်​ဘဲ​နေ​၏။


ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​ကရိပ္ပု​သည် မိမိ​အိမ်သူအိမ်သား​အားလုံး​တို့​နှင့်အတူ သခင်​ဘုရား​ကို​ယုံကြည်​လေ​၏။ အခြား​ကောရိန္သု​မြို့သား​အမြောက်အမြား​တို့​သည်​လည်း ကြားနာ​၍ ယုံကြည်​ကာ ဗတ္တိဇံ​ခံ​ကြ​၏။


ယုပ္ပေ​မြို့​သည် လုဒ္ဒ​မြို့​နှင့် နီး​သည်​ဖြစ်​၍ လုဒ္ဒ​မြို့​တွင် ပေတရု​ရှိ​ကြောင်း တပည့်​တော်​တို့​ကြား​လျှင် လူ​နှစ်​ဦး​ကို သူ့​ထံသို့​စေလွှတ်​ကာ “အကျွန်ုပ်​တို့​ထံသို့ အလျင်အမြန်​ကြွလာ​ခဲ့​ပါ”​ဟု တောင်းပန်​ကြ​၏။


ထိုသို့ စာလိပ်​ကို​ယူ​လိုက်​သောအခါ သတ္တဝါ​လေး​ပါး​တို့​နှင့် သက်ကြီးဝါကြီး​နှစ်ဆယ့်​လေး​ပါး​တို့​သည် စောင်း​များ​ကို​လည်းကောင်း၊ သန့်ရှင်း​သူ​တို့​၏​ဆုတောင်း​ချက်​များ​ဖြစ်​ကြ​သော နံ့သာပေါင်း​နှင့်​ပြည့်​နေ​သည့် ရွှေ​ဖလား​များ​ကို​လည်းကောင်း အသီးသီး​ကိုင်ဆောင်​လျက် သိုးသငယ်​တော်​ရှေ့​၌ ပျပ်ဝပ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ