ယခုပင် ငါတို့ကို ကာကွယ်ရန် ဆယ့်နှစ်တပ်ထက်မကသော ကောင်းကင်တမန်တပ်များကို ငါ့ထံသို့ စေလွှတ်ရန် တောင်းဆိုလျှင် ငါ၏ ခမည်းတော်သည် ချက်ချင်းစေလွှတ်ပေးနိုင်သည်ကို သင်တို့မသိသလော။
လုကာ 8:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သင့်နာမည် မည်သို့ခေါ်သနည်း” ဟု မေးတော်မူလျှင် “လေဂေါင်ဖြစ်ပါ၏” ဟု ဖြေလေ၏။ အကြောင်းမှာ နတ်ဆိုးအများအပြားတို့သည် ထိုသူအထဲ၌ ဝင်ပူးသောကြောင့်ဖြစ်၏။ Common Language Bible သခင်ယေရှုကနတ်မိစ္ဆာအား ``သင့်နာမည် ကားအဘယ်နည်း'' ဟုမေးတော်မူ၏။ ``အကျွန်ုပ်နာမည်မှာလေဂေါင်ဖြစ်ပါသည်'' ဟု ပြန်၍လျှောက်၏။ ဤသို့လျှောက်ရသည့်အကြောင်း မှာထိုသူအားနတ်မိစ္ဆာများစွာပူးကပ်နေသော ကြောင့်ဖြစ်၏။- Garrad Bible ယေ ရှု က သင့် အ မည် ကား မည် သို့ နည်း ဟု မေး တော် မူ သော် နတ် အ များ ဝင် နေ သော ကြောင့် သောင်း တပ် ဟု လျှောက် ဆို ပြီး နောက်၊ ထို နတ် ဆိုး တို့ သည်၊ Judson Bible ယေရှုကလည်း၊ သင်သည် အဘယ်အမည်ရှိသနည်းဟု မေးတော်မူလျှင်၊ ထိုလူကို နတ်ဆိုးအများ စွဲသောကြောင့် အကျွန်ုပ်အမည်ကား လေဂေါင်ဖြစ်ပါသည်ဟု လျှောက်ပြီးမှ၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း ထိုသူအား“သင့်နာမည် မည်သို့ခေါ်သနည်း”ဟု မေးတော်မူရာ သူ့အထဲ၌ နတ်ဆိုးများစွာဝင်ပူးနေသောကြောင့် ထိုသူက “လေဂေါင်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။ မြန်မာ ယေရှုကလည်း၊ သင်သည် အဘယ်အမည်ရှိသနည်းဟု မေးတော်မူလျှင်၊ ထိုလူကို နတ်ဆိုးအများ စွဲသောကြောင့် အကျွန်ုပ်အမည်ကား လေဂေါင်ဖြစ်ပါသည်ဟု လျှောက်ပြီးမှ၊- |
ယခုပင် ငါတို့ကို ကာကွယ်ရန် ဆယ့်နှစ်တပ်ထက်မကသော ကောင်းကင်တမန်တပ်များကို ငါ့ထံသို့ စေလွှတ်ရန် တောင်းဆိုလျှင် ငါ၏ ခမည်းတော်သည် ချက်ချင်းစေလွှတ်ပေးနိုင်သည်ကို သင်တို့မသိသလော။
ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်လျှောက်လုံးသို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့သည် ဖျားနာသူများ၊ ရောဂါဝေဒနာအမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများနှင့် လေဖြတ်နေသူများကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်သည် ထိုသူတို့အားလုံး၏ ရောဂါများကို ပျောက်ကင်းစေတော်မူ၏။
ထိုသူတို့က “ဘုရားသခင်၏သားတော်… ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် မည်သို့ဆိုင်သနည်း။ ဘုရားသခင် သတ်မှတ်ထားတော်မူသော အချိန်မတိုင်မီ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ညှဉ်းဆဲရန် ဤနေရာသို့ ကြွလာတော်မူသလော” ဟူ၍ ယေရှုကို အော်ဟစ်ပြောဆိုကြ၏။
တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလမာရိကို ကိုယ်ထင်ပြတော်မူ၏။ ထိုမာရိမှာ ယေရှု နတ်ဆိုးခုနစ်ကောင် နှင်ထုတ်ပေးတော်မူခဲ့ဖူးသည့်သူဖြစ်၏။
ယေရှုက “သင့်နာမည် မည်သို့ခေါ်သနည်း” ဟု မေးလျှင် ထိုသူက “အကျွန်ုပ်၏ နာမည်မှာ လေဂေါင်ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော် ဤလူအထဲ၌ အကျွန်ုပ်တို့သည် များစွာရှိနေသောကြောင့်ဖြစ်သည်” ဟု ပြန်လျှောက်၏။
နတ်ဆိုးပူးခြင်းဘေးနှင့် အနာရောဂါဘေးတို့မှ သက်သာပျောက်ကင်းသွားသော အမျိုးသမီးတချို့သည်လည်း လိုက်ကြ၏။ ထိုအမျိုးသမီးများအနက် နတ်ဆိုးခုနစ်ကောင်ထွက်သွားသော မာဂဒလမြို့သူဟု ခေါ်သည့်မာရိ၊
ဤသို့ လျှောက်ရခြင်းမှာ ယေရှုသည် ထိုနတ်ဆိုးအား သူ့အထဲမှ ထွက်ရန် မိန့်တော်မူသောကြောင့်ဖြစ်၏။ ထိုနတ်ဆိုးသည် ထိုသူအား မကြာခဏဝင်ပူးတတ်၏။ သူ၏ လက်ခြေတို့ကို သံကြိုးများဖြင့် ခတ်၍ အစောင့်များနှင့် စောင့်ကြပ်သော်လည်း သူသည် နတ်ဆိုးအစွမ်းဖြင့် အချုပ်အနှောင်များကို လွယ်ကူစွာ ဖျက်ဆီး၍ တောကန္တာရထဲသို့ ပြေးဝင်တတ်၏။