Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 8:30 - Common Language Bible

30 သ​ခင်​ယေ​ရှု​က​နတ်​မိစ္ဆာ​အား ``သင့်​နာ​မည် ကား​အ​ဘယ်​နည်း'' ဟု​မေး​တော်​မူ​၏။ ``အ​ကျွန်ုပ်​နာ​မည်​မှာ​လေ​ဂေါင်​ဖြစ်​ပါ​သည်'' ဟု ပြန်​၍​လျှောက်​၏။ ဤ​သို့​လျှောက်​ရ​သည့်​အ​ကြောင်း မှာ​ထို​သူ​အား​နတ်​မိစ္ဆာ​များ​စွာ​ပူး​ကပ်​နေ​သော ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30 ယေ ရှု က သင့် အ မည် ကား မည် သို့ နည်း ဟု မေး တော် မူ သော် နတ် အ များ ဝင် နေ သော ကြောင့် သောင်း တပ် ဟု လျှောက် ဆို ပြီး နောက်၊ ထို နတ် ဆိုး တို့ သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 ယေ​ရှု​က​လည်း၊ သင်​သည် အ​ဘယ်​အ​မည်​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ထို​လူ​ကို နတ်​ဆိုး​အ​များ စွဲ​သော​ကြောင့် အ​ကျွန်ုပ်​အ​မည်​ကား လေ​ဂေါင်​ဖြစ်​ပါ​သည်​ဟု လျှောက်​ပြီး​မှ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 ယေရှု​က​လည်း ထို​သူ​အား“သင့်​နာမည် မည်သို့​ခေါ်​သနည်း”​ဟု မေး​တော်မူ​ရာ သူ့​အထဲ၌ နတ်ဆိုး​များစွာ​ဝင်ပူး​နေ​သောကြောင့် ထို​သူ​က “လေဂေါင်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

30 ယေရှု​က “သင့်​နာမည် မည်သို့​ခေါ်သနည်း” ဟု မေးတော်မူ​လျှင် “လေဂေါင်​ဖြစ်ပါ၏” ဟု ဖြေလေ၏။ အကြောင်းမှာ နတ်ဆိုး​အများအပြားတို့​သည် ထို​သူ​အထဲ​၌ ဝင်ပူး​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

30 ယေ​ရှု​က​လည်း၊ သင်​သည် အ​ဘယ်​အ​မည်​ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ထို​လူ​ကို နတ်​ဆိုး​အ​များ စွဲ​သော​ကြောင့် အ​ကျွန်ုပ်​အ​မည်​ကား လေ​ဂေါင်​ဖြစ်​ပါ​သည်​ဟု လျှောက်​ပြီး​မှ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 8:30
7 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​ခ​မည်း​တော်​ထံ​မှ​အ​ကူ​အ​ညီ​တောင်း​ခံ လျှင်​ခ​မည်း​တော်​သည်​တပ်​ကြီး​တစ်​ဆယ့်​နှစ်​တပ် ထက်​များ​ပြား​လှ​သော​ကောင်း​ကင်​တ​မန်​တို့​ကို ငါ့​ထံ​သို့​စေ​လွှတ်​တော်​မူ​မည်​ကို​သင်​တို့​မ​သိ ကြ​သ​လော။-


တစ်​ကျိပ်​နှစ်​ပါး​သော​တ​မန်​တော်​တို့​သည်​ကိုယ်​တော် နှင့်​အ​တူ​လိုက်​ပါ​လာ​ကြ​၏။ အ​နာ​ရော​ဂါ​ဘေး၊ နတ်​မိစ္ဆာ​ဘေး​မှ​ကိုယ်​တော်​ကင်း​လွတ်​စေ​ခဲ့​သော အ​မျိုး​သ​မီး​အ​ချို့​တို့​လည်း​လိုက်​ပါ​လာ​ကြ​၏။ ထို​သူ​တို့​အ​နက်​နတ်​မိစ္ဆာ​ခု​နစ်​ဖော်​စွန့်​ခွာ​သွား သော​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊-


[တနင်္ဂနွေနေ့နံနက်စောစောအချိန်၌ကိုယ်တော် သည်သြေခင်းမှထမြောက်တော်မူပြီးနောက် ဦးစွာ မာဂဒလရွာသူမာရိအားကိုယ်ထင်ပြတော်မူ၏။ မာဂဒလရွာသူမာရိထံမှနတ်မိစ္ဆာခုနစ်ဦးကို ကိုယ်တော်နှင်ထုတ်ပေးခဲ့၏။-


ထို​သူ​တို့​က ``ဘု​ရား​သ​ခင်​၏​သား​တော်၊ အ​ရှင် သည်​အ​ကျွန်ုပ်​တို့​ကို​မည်​သို့​ပြု​လို​တော်​မူ​ပါ သ​နည်း။ အ​ချိန်​မ​ကျ​မီ​အ​ကျွန်ုပ်​တို့​အား​ဒဏ် ခတ်​ရန်​ဤ​အ​ရပ်​သို့​ကြွ​လာ​တော်​မူ​ပါ​သ​လော'' ဟု​ဟစ်​အော်​လျှောက်​ထား​ကြ​၏။


ကိုယ်​တော်​က ``သင်​၏​နာ​မည်​ကား​အ​ဘယ်​နည်း'' ဟု​မေး​၏။ ထို​သူ​က ``အ​ကျွန်ုပ်​တို့​သည်​အ​ရေ​အ​တွက်​အား ဖြင့်​များ​သော​ကြောင့် အ​ကျွန်ုပ်​တို့​ကို​လေ​ဂေါင်​ဟု ခေါ်​ပါ​သည်'' ဟု​ပြန်​၍​လျှောက်​ထား​ပြီး​နောက်၊-


ကိုယ်​တော်​၏​သ​တင်း​သည်​ရှု​ရိ​ပြည်​တစ်​ဝှမ်း​လုံး တွင်​ပျံ့​နှံ့​၍​သွား​သ​ဖြင့်​လူ​တို့​သည်​နတ်​ပူး​ဝင် သူ၊ ဝက်​ရူး​နာ​စွဲ​ကပ်​သူ၊ ခြေ​လက်​သေ​သူ​မှ​စ​၍ အ​မျိုး​မျိုး​သော​အ​နာ​ရောဂါ​စွဲ​ကပ်​သူ​ဝေ​ဒ​နာ ရှင်​များ​ကို​အ​ထံ​တော်​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ ကိုယ်​တော်​သည်​ထို​သူ​အ​ပေါင်း​တို့​အား​ရော​ဂါ ပျောက်​ကင်း​စေ​တော်​မူ​၏။-


သို့​လျှောက်​ထား​ရ​သည့်​အ​ကြောင်း​မှာ​ကိုယ်​တော် သည်​ညစ်​ညမ်း​သော​နတ်​အား​ထို​သူ​၏​အ​ထဲ​မှ ထွက်​ခဲ့​ရန်​အ​မိန့်​ပေး​လိုက်​သော​ကြောင့်​ဖြစ်​၏။ နတ်​မိစ္ဆာ​သည်​ထို​သူ​ကို​ကြိမ်​ဖန်​များ​စွာ​ပူး​ကပ် ခဲ့​၏။ သူ​၏​ခြေ​လက်​တို့​ကို​သံ​ကြိုး​များ​ဖြင့် ချည်​နှောင်​ဖမ်း​ချုပ်​စောင့်​ကြပ်​ထား​သော်​လည်း သူ​သည်​သံ​ကြိုး​များ​ကို​ချိုး​ဖြတ်​၍​တော ကန္တာ​ရ​သို့​ထွက်​ပြေး​တတ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ