ထို့နောက် နံနက်ကိုးနာရီအချိန်တွင် အပြင်သို့ ထွက်လာရာ လူတချို့သည် အလုပ်မရှိဘဲ ဈေး၌ ရပ်နေကြသည်ကို တွေ့မြင်လေ၏။
လုကာ 7:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့သည် ဈေးအရပ်၌ ကစားနေသောကလေးများနှင့် တူကြ၏။ ထိုကလေးများက ‘ငါတို့သည် သင်တို့အတွက် တီးမှုတ်သော်လည်း သင်တို့သည် မကကြ။ ငါတို့သည် ငိုချင်းကို သီဆိုသော်လည်း သင်တို့သည် မငိုကြွေးကြ’ ဟူ၍ အချင်းချင်းပြောဆိုကြ၏။ Common Language Bible သူတို့ကားစျေးရပ်ကွက်တွင်ထိုင်လျက် `ငါတို့ သာယာစွာတီးမှုတ်သော်လည်းသင်တို့သည် မကမခုန်။ ငါတို့ငိုချင်းကိုဆိုသော်လည်း သင်တို့သည်မငိုမကြွေး' ဟုအချင်းချင်း အော်ဟစ်ပြောဆိုသောကလေးသူငယ်များ နှင့်တူ၏။- Garrad Bible စျေး၌ ထိုင်၍ တစ် ယောက် ကို တစ် ယောက် ခေါ် လျက် ငါ တို့ တီး မှုတ် သော် လည်း သင် တို့ မ က ကြ။ မြည် တမ်း သော် လည်း မ ငို ကြ ဟု ဆို သော သူ ငယ် တို့ နှင့် တူ ကြ ၏။ Judson Bible ပွဲသဘင်၌ ထိုင်နေသောသူငယ်ချင်းတို့သည် တစ်ယောက်ကိုတစ်ယောက် အသံလွှင့်ကြ၍၊ ငါတို့သည် သာယာစွာတီးမှုတ်သော်လည်း သင်တို့သည် မကကြ။ ညည်းတွားစွာ မြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည် တူလှ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဈေးအရပ်၌ထိုင်လျက် ‘ငါတို့သည် သင်တို့အတွက် ပလွေမှုတ်ပေးသော်လည်း သင်တို့သည်မကကြ။ ငိုချင်းကိုဖွဲ့နွဲ့သီဆိုသော်လည်း သင်တို့သည်မငိုကြွေးကြ’ဟု တစ်ဦးကိုတစ်ဦးလှမ်း၍ပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူကြ၏။ မြန်မာ ပွဲသဘင်၌ ထိုင်နေသောသူငယ်ချင်းတို့သည် တစ်ယောက်ကိုတစ်ယောက် အသံလွှင့်ကြ၍၊ ငါတို့သည် သာယာစွာတီးမှုတ်သော်လည်း သင်တို့သည် မကကြ။ ညည်းတွားစွာ မြည်တမ်းသော်လည်း မငိုကြွေးကြဟု ပြောဆိုသောသူငယ်တို့နှင့် ဤလူမျိုးသည် တူလှ၏။- |
ထို့နောက် နံနက်ကိုးနာရီအချိန်တွင် အပြင်သို့ ထွက်လာရာ လူတချို့သည် အလုပ်မရှိဘဲ ဈေး၌ ရပ်နေကြသည်ကို တွေ့မြင်လေ၏။
ယေရှုက “ဤခေတ်လူတို့ကို မည်သည့်အရာနှင့် ခိုင်းနှိုင်းရမည်နည်း။ မည်သူနှင့် တူသနည်း။
အဘယ်ကြောင့်ဆိုသော် နှစ်ခြင်းဆရာယောဟန်သည် အစာကို မစား၊ စပျစ်ဝိုင်ကို မသောက်ဘဲနေသောအခါ သင်တို့က ‘သူသည်နတ်ဆိုးပူးသူဖြစ်သည်’ ဟု ပြောကြသောကြောင့်ဖြစ်၏။