ပရိသတ်တို့သည် ကိုယ်တော်၏ ဟောပြောသွန်သင်ချက်များကို အံ့သြကြ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ကျမ်းတတ်ဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာဖြင့် ဟောပြောသွန်သင်တော်မူသောကြောင့် ဖြစ်၏။
လုကာ 4:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် အခွင့်အာဏာဖြင့် ဟောပြောသောကြောင့် ထိုသူတို့က သူ၏သွန်သင်ချက်ကို အံ့သြကြ၏။ Common Language Bible ကိုယ်တော်၏သွန်သင်ချက်တွင်တန်ခိုးအာဏာ ပါသဖြင့်လူတို့သည်အံ့သြကြ၏။- Garrad Bible အာ ဏာ ဒေ သ နာ ပေး သော ကြောင့် အံ့ သြ ကြ ၏။ Judson Bible အာဏာနှင့် ဟောတော်မူသောကြောင့် ပရိသတ်တို့သည် ဒေသနာတော်ကို အလွန်အံ့ဩကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏စကားတော်သည် အခွင့်အာဏာရှိသောကြောင့် လူတို့သည် ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြ၏။ မြန်မာ အာဏာနှင့် ဟောတော်မူသောကြောင့် ပရိသတ်တို့သည် ဒေသနာတော်ကို အလွန်အံ့ဩကြ၏။- |
ပရိသတ်တို့သည် ကိုယ်တော်၏ ဟောပြောသွန်သင်ချက်များကို အံ့သြကြ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ကျမ်းတတ်ဆရာများကဲ့သို့မဟုတ်ဘဲ အခွင့်အာဏာဖြင့် ဟောပြောသွန်သင်တော်မူသောကြောင့် ဖြစ်၏။
ယေရှု၏စကားကို ကြားသောသူအပေါင်းတို့သည် သူ၏ဉာဏ်ပညာနှင့် ဖြေကြားချက်များကို အံ့သြကြ၏။
ထိုအချိန်တွင် ဝတ်ပြုဆောင်၌ နတ်ဆိုးပူးသောလူတစ်ဦးရှိ၏။ ထိုသူက “နာဇရက်မြို့သားယေရှု… ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် မည်သို့သက်ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးရန် ကြွလာတော်မူသလော။ ကိုယ်တော်သည် မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းတော်မူသောသူဖြစ်ပါ၏” ဟု အော်ဟစ်ပြောဆိုလေ၏။
လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤသူ၏စကားသည် မည်သို့နည်း။ အခွင့်အာဏာနှင့် တန်ခိုးတော်အားဖြင့် နတ်ဆိုးတို့ကို အမိန့်ပေးသောအခါ သူတို့သည် ထွက်သွားကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။
ဝိညာဉ်တော်ကသာ အသက်ရှင်စေ၏။ လူ့အားထုတ်မှုမှာမူ မည်သည့်အရာကိုမျှ မဖြစ်မြောက်စေနိုင်ပါ။ သင်တို့ကို ငါပြောသော စကားတို့သည် ဝိညာဉ်နှင့် အသက်ဖြစ်၏။
ဗိမာန်တော်အစောင့်များက “ထိုသူ ဟောပြောသကဲ့သို့ မည်သူမျှ မဟောပြောဖူးပါ” ဟု ဖြေကြ၏။
ကျွန်ုပ်တို့သည် ဆိတ်ကွယ်ရာ၌ ပြုသော ရှက်ရွံ့ဖွယ်အမှုတို့ကို ရှောင်ကြဉ်ကြ၏။ ပရိယာယ်ကို မသုံးကြ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုလည်း မှောက်လှန်၍ မဟောပြောကြ။ ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့မှာ မည်သို့သောသူများဖြစ်သည်ကို သူတို့စိတ်ထဲက သိနိုင်ရန် အမှန်တရားကိုသာ အတိအလင်းဖော်ပြကြ၏။
ကျွန်ုပ်တို့သည် သတင်းကောင်းကို စကားသက်သက်ဖြင့် မဟောပြောဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်ဖြင့်လည်းကောင်း၊ ယုံကြည်စိတ်ချမှုအပြည့်ဖြင့်လည်းကောင်း သင်တို့ထံ ဟောပြောကြ၏။ ကျွန်ုပ်သည် သင်တို့နှင့်အတူ ရှိစဉ်အခါက သင်တို့အကျိုးကို ထောက်၍ မည်သို့ နေထိုင်ခဲ့ကြောင်း သင်တို့အသိပင် ဖြစ်၏။
သင်သည် အထက်ပါအကြောင်းအရာများကို သွန်သင်လော့။ အခွင့်အာဏာ အပြည့်အဝဖြင့် တိုက်တွန်း၍ ဆုံးမလော့။ မည်သူမျှ သင့်ကို မထီမဲ့မြင် မပြုပါစေနှင့်။