မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်။
လုကာ 14:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်” ဟု မိန့်တော်မူ၏။ Common Language Bible မိမိကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်း ကိုခံရလိမ့်မည်။ မိမိကိုယ်ကိုနှိမ့်ချသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်'' ဟုမိန့်တော် မူ၏။ Garrad Bible အ သို့ ဆို သော် ကိုယ် ကို ချီး မြှောက် သူ တိုင်း နှိမ့် ချ ခံ ရ လိမ့် မည်။ နှိမ့် ချ သူ မူ ကား ချီး မြှောက် ခံ ရ လိမ့် မည် ဟု မိန့် တော် မူ၏။ Judson Bible ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသောသူ မည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား မိမိကိုယ်ကိုချီးမြှောက်သောသူတိုင်းသည် နှိမ့်ချခြင်းကိုခံရ၍ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်”ဟု မိန့်တော်မူ၏။ မြန်မာ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ ကိုယ်ကိုကိုယ်နှိမ့်ချသောသူ မည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့ဟု မိန့်တော်မူ၏။ |
မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်။
ကိုယ်တော်သည် မိမိ၏လက်တော်အားဖြင့် တန်ခိုးကို ပြတော်မူ၏။ စိတ်နှလုံးထဲတွင် မာနကြီး၍ ထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ။
ရာဇပလ္လင်မှ ရှင်ဘုရင်တို့ကို နန်းချ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ။
ထို့နောက် ယေရှုက မိမိအားဖိတ်ခေါ်သူဘက်သို့ လှည့်၍ “သင်သည် နေ့လယ်စာ၊ သို့မဟုတ် ညစာစားပွဲပြုလုပ်သောအခါ သင်၏မိတ်ဆွေများ၊ ညီအစ်ကိုမောင်နှမများ၊ ဆွေမျိုးများနှင့် ချမ်းသာသောအိမ်နီးချင်းများကို မဖိတ်ခေါ်နှင့်။ သူတို့သည်လည်း သင့်အား ပြန်လည်ဖိတ်ခေါ်၍ ကျေးဇူးတုံ့ပြန်ကြလိမ့်မည်။
သင်တို့အား ငါပြောဆိုသည်မှာ ထိုအခွန်ကောက်သူသည် အပြစ်ပြေလျက် အိမ်သို့ပြန်လေ၏။ ဖာရိရှဲမှာမူ အပြစ်မပြေ။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်ကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းကို ခံရ၍ မိမိကိုယ်ကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းကို ခံရသောကြောင့်ဖြစ်၏” ဟူ၍ မိန့်တော်မူ၏။
နိမ့်ကျသည့်အခြေအနေတွင် ရှိသောယုံကြည်သူတို့သည် ချီးမြှောက်တော်မူခြင်းခံရသောကြောင့် ဂုဏ်ယူဝမ်းမြောက်တတ်ပါစေ။
သခင်ဘုရားရှေ့တော်၌ မိမိကိုယ်ကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ကို ချီးမြှောက်တော်မူလိမ့်မည်။
သို့သော် ကိုယ်တော်သည် ကျွန်ုပ်တို့အား များပြားသောကျေးဇူးတော်ကို ပေးတော်မူ၏။ ထို့ကြောင့် ကျမ်းစာ၌ “မာနထောင်လွှားသောသူတို့ကို ဘုရားသခင်သည် ဆန့်ကျင်၍ နှိမ့်ချသောသူတို့ကိုမူ ကျေးဇူးပြုတော်မူ၏” ဟု ဆိုထား၏။
ထိုနည်းတူ ငယ်ရွယ်သောသူတို့… အသင်းတော်အကြီးအကဲတို့ကို နာခံကြလော့။ တစ်ဦးကိုတစ်ဦး အချင်းချင်း ဆက်ဆံရာ၌ နှိမ့်ချသောစိတ်ကို တန်ဆာဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “မာနထောင်လွှားသောသူတို့ကို ဘုရားသခင်သည် ဆန့်ကျင်၍ နှိမ့်ချသောသူတို့ကို ကျေးဇူးပြုတော်မူ၏” ဟု ဆိုထားသောကြောင့်ဖြစ်၏။
ထို့ကြောင့် အချိန်တန်သောအခါ ဘုရားသခင်သည် သင်တို့အား ချီးမြှောက်တော်မူနိုင်ရန် တန်ခိုးကြီးသောလက်တော်အောက်၌ မိမိကိုယ်ကိုယ်နှိမ့်ချကြလော့။