Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ပေ 5:6 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ထို့ကြောင့် အချိန်တန်​သောအခါ ဘုရားသခင်​သည် သင်တို့​အား ချီးမြှောက်တော်မူ​နိုင်ရန် တန်ခိုးကြီးသော​လက်တော်​အောက်​၌ မိမိကိုယ်ကိုယ်​နှိမ့်ချကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​အ​ချိန်​တန်​သော အ​ခါ​သင်​တို့​အား​ချီး​မြှင့်​တော်​မူ​နိုင်​ရန် သင်​တို့​သည်​ကိုယ်​တော်​၏​တန်​ခိုး​ကြီး​သော လက်​တော်​အောက်​၌​မိ​မိ​တို့​ကိုယ်​ကို​နှိမ့်​ချ ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 သို့ နှင့် အ ညီ အ ချိန် တန် သော် ဘု ရား သ ခင် သည် သင် တို့ ကို ချီး မြှောက် တော် မူ စေ ရန် တန် ခိုး ကြီး သော လက် တော့် အောက် ကိုယ် ကို နှိမ့် ချ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​ကြောင့် ကာ​လ​အ​ချိန်​တန်​လျှင်၊ ဘု​ရား​သ​ခင်​သည် သင်​တို့​ကို ချီး​မြှောက်​တော်​မူ​မည်​အ​ကြောင်း၊ တန်​ခိုး​ကြီး​သော လက်​တော်​အောက်၌ ကိုယ်​ကို​ကိုယ် နှိမ့်​ချ​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို့ကြောင့် အချိန်တန်​သောအခါ သင်​တို့​ကို ချီးမြှောက်​တော်မူ​မည့်​အကြောင်း ဘုရားသခင်​၏​တန်ခိုး​ကြီး​သော​လက်​တော်​အောက်၌ မိမိ​ကိုယ်​ကို​နှိမ့်ချ​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ပေ 5:6
41 ပူးပေါင်းရင်းမြစ်များ  

မိမိကိုယ်ကိုယ် ချီးမြှောက်သော​သူ​သည် နှိမ့်ချခြင်း​ကို ခံရ​လိမ့်မည်။ မိမိကိုယ်ကိုယ် နှိမ့်ချသော​သူ​သည် ချီးမြှောက်ခြင်း​ကို ခံရ​လိမ့်မည်။


ရာဇပလ္လင်​မှ ရှင်ဘုရင်တို့​ကို နန်းချ​၍ နှိမ့်ချသော​သူတို့​ကို ချီးမြှောက်တော်မူပြီ။


မိမိကိုယ်ကိုယ် ချီးမြှောက်သော​သူ​သည် နှိမ့်ချခြင်း​ကို ခံရ​လိမ့်မည်။ မိမိကိုယ်ကိုယ် နှိမ့်ချသော​သူ​သည် ချီးမြှောက်ခြင်း​ကို ခံရ​လိမ့်မည်” ဟု မိန့်တော်မူ၏။


သင်တို့​အား ငါ​ပြောဆိုသည်​မှာ ထို​အခွန်ကောက်သူ​သည် အပြစ်ပြေ​လျက် အိမ်​သို့​ပြန်လေ၏။ ဖာရိရှဲ​မှာမူ အပြစ်မပြေ။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်ကိုယ် ချီးမြှောက်သော​သူ​သည် နှိမ့်ချခြင်း​ကို ခံရ​၍ မိမိကိုယ်ကိုယ် နှိမ့်ချသော​သူ​သည် ချီးမြှောက်ခြင်း​ကို ခံရ​သောကြောင့်​ဖြစ်၏” ဟူ၍ မိန့်တော်မူ၏။


ကျွန်ုပ်တို့​အားကိုးရာမဲ့ ဖြစ်​လျက်​ရှိနေကြ​စဉ် အချိန်တန်​၍ ခရစ်တော်​သည် ဘုရားတရားမဲ့သူများ​အတွက် အသေခံတော်မူ၏။


ကျွန်ုပ်တို့​သည် သခင်ဘုရား​ကို သဝန်တို​စေဝံ့သလော။ ကျွန်ုပ်တို့​သည် သခင်ဘုရား​ထက် တန်ခိုးကြီး​သလော။


ယေရှု​ခရစ်တော်​သည် လူသား​အားလုံး​ကို ရွေးနုတ်​ရန် အသက်​ပေးတော်မူခဲ့ပြီး ဘုရားသခင်​သည် ထို​အကြောင်း​ကို အချိန်တန်​သောအခါ ဖော်ပြခဲ့ပြီ ဖြစ်၏။


ဘုရားသခင်​သည် အချိန်တန်​သောအခါ လူ​၏​ဟောပြောခြင်း​နည်း​ဖြင့် တရားတော်​ကို ထင်ရှားစေတော်မူ၏။ ကျွန်ုပ်​သည် ကယ်တင်ရှင်​ဘုရားသခင်​၏ အမိန့်တော်​ဖြင့် ဤ​တရားတော်​ကို ဟောပြော၏။


သခင်ဘုရား​ရှေ့တော်​၌ မိမိ​ကိုယ်ကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင် ကိုယ်တော်​သည် သင်တို့​ကို ချီးမြှောက်တော်မူ​လိမ့်မည်။


ထို့ကြောင့် ဘုရားသခင်​ကို နာခံကြလော့။ မာရ်နတ်​ကို ဆန့်ကျင်ကြလော့။ သို့ပြုလျှင် သူ​သည် သင်တို့​ထံမှ ထွက်ပြေးသွား​လိမ့်မည်။


ညီအစ်ကို​မောင်နှမတို့… ထာဝရဘုရား​၏​နာမတော်​ကို အမှီပြု​၍ ဟောပြောသော ပရောဖက်များ​၏ စံနမူနာ​ကို ယူကြလော့။ သူတို့​သည် ဆင်းရဲဒုက္ခ​ရောက်​စဉ် စိတ်ရှည်​သည်းခံခဲ့ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ