ထိုအခါ ယေရှုက “အို အဖ… သူတို့အားခွင့်လွှတ်တော်မူပါ။ ထိုသူတို့သည် မိမိတို့အဘယ်အမှုပြုနေသည်ကိုပင် မသိကြပါ” ဟု ဆိုလေ၏။ ထို့နောက် စစ်သားတို့သည် အဝတ်တော်ကို မဲနှိုက်၍ ခွဲဝေကြ၏။
လုကာ 12:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူသားကို နှုတ်နှင့်ပြစ်မှားသောသူသည် ခွင့်လွှတ်တော်မူခြင်းခံရသော်လည်း သန့်ရှင်းသောဝိညာဉ်တော်အား နှုတ်ဖြင့် ပြစ်မှားပြောဆိုသောသူသည် ခွင့်လွှတ်တော်မူခြင်းမခံရ။ Common Language Bible ``လူသားကိုနှုတ်ဖြင့်ပြစ်မှားသူသည်အပြစ် ပြေလွတ်ခွင့်ရနိုင်မည်ဖြစ်သော်လည်း သန့်ရှင်း သောဝိညာဉ်တော်ကိုပြစ်မှားပြောဆိုသူမူ ကား အပြစ်ပြေလွတ်ခွင့်ရနိုင်လိမ့်မည်မဟုတ်။ Garrad Bible လူ့ သား ကို ပြစ် မှား ပြော ဆို မိ သူ တိုင်း ပြေ လွတ် ခွင့် ရှိ သော် လည်း သန့် ရှင်း သော ဝိ ညာဉ် တော် ကို ပုတ် ခတ် မိ သူ ကား ပြေ လွတ် ခွင့် ရှိ တော့ မည် မ ဟုတ်။ Judson Bible လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို ရနိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို မရနိုင်ရာ။- မြန်မာ့စံမီသမ္မာကျမ်း လူ့သားအပေါ်ဆန့်ကျင်သည့်စကားကို ပြောဆိုသောသူအားလုံး ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်ကို စော်ကားပြောဆိုသောသူသည် ခွင့်လွှတ်ခြင်းခံရမည်မဟုတ်။ မြန်မာ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို ရနိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူမည်သည်ကား၊ အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို မရနိုင်ရာ။- |
ထိုအခါ ယေရှုက “အို အဖ… သူတို့အားခွင့်လွှတ်တော်မူပါ။ ထိုသူတို့သည် မိမိတို့အဘယ်အမှုပြုနေသည်ကိုပင် မသိကြပါ” ဟု ဆိုလေ၏။ ထို့နောက် စစ်သားတို့သည် အဝတ်တော်ကို မဲနှိုက်၍ ခွဲဝေကြ၏။
တစ်ချိန်က ကျွန်ုပ်သည် ခရစ်တော်ကို စော်ကားပြောဆိုသူ၊ ယုံကြည်သူများကို ညှဉ်းပန်းနှိပ်စက်သူ၊ ရိုင်းစိုင်းကြမ်းကြုတ်သူ ဖြစ်ခဲ့၏။ သို့သော် ထိုအချိန်တွင် ကျွန်ုပ်သည် ခရစ်တော်ကို မယုံကြည်သေးသောကြောင့် ကျွန်ုပ်ပြုသောအမှုသည် မှားယွင်းကြောင်း နားမလည်ခဲ့။ ထို့ကြောင့် သခင်ဘုရားသည် ကျွန်ုပ်အပေါ် ကရုဏာထားတော်မူ၏။
ညီအစ်ကိုမောင်နှမတစ်စုံတစ်ယောက်သည် မိမိဝိညာဉ်မဆုံးရှုံးစေနိုင်သည့်အပြစ်မျိုး ကျူးလွန်သည်ကို သင်တွေ့လျှင် သူ့အတွက် ဆုတောင်းပေးသင့်၏။ မိမိဝိညာဉ်မဆုံးရှုံးစေနိုင်သည့်အပြစ်မျိုးကို ကျူးလွန်သော ထိုသူအား ဘုရားသခင်သည် အသက်ကို ပေးတော်မူလိမ့်မည်။ မိမိဝိညာဉ်ဆုံးရှုံးစေနိုင်သည့်အပြစ်မျိုးရှိ၏။ ထိုအပြစ်မျိုးအတွက် ဆုတောင်းသင့်ကြောင်း ကျွန်ုပ်မဆိုလိုပါ။