ဆက်လက်၍ ယေရှုက တပည့်တော်တို့အား “မြို့တစ်မြို့သို့ ဝင်လျှင် ထိုမြို့မှ မထွက်ခွာမီတိုင်အောင် အိမ်တစ်အိမ်၌သာ တည်းခိုကြလော့။
လုကာ 10:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်အိမ်မှ တစ်အိမ်သို့ မပြောင်းရွှေ့ကြဘဲ အိမ်တစ်အိမ်တည်း၌သာ တည်းခို၍ အိမ်ရှင်ကျွေးမွေးဧည့်ခံသမျှကို စားသောက်ကြလော့။ အဘယ်ကြောင့်ဆိုသော် အလုပ်လုပ်သူသည် အခကြေးငွေကို ရထိုက်သောကြောင့်ဖြစ်၏။ Common Language Bible သင်တို့သည်ထိုအိမ်မှာနေ၍အိမ်ရှင်ကျွေးမွေး သည်တို့ကိုစားသောက်ကြလော့။ အဘယ်ကြောင့် ဆိုသော်အလုပ်သမားသည်အခကိုခံစား ထိုက်သောကြောင့်ဖြစ်၏။ အိမ်တစ်အိမ်မှအခြား တစ်အိမ်သို့မပြောင်းမရွှေ့ကြနှင့်။- Garrad Bible တစ် အိမ် မှ တစ် အိမ် သို့ မ ရွှေ့ ပြောင်း ဘဲ ထို အိမ်၌ သာ တည်း ခို လျက် တည် သ မျှ ကို စား သောက် ကြ လော့။ လုပ် သား သည် အ ခ ကို ရ ထိုက်၏။ Judson Bible သို့မဟုတ် သင်တို့ထံသို့ ပြန်လာလိမ့်မည်။ ထိုအိမ်၌နေ၍ အစားအသောက်စီရင်ရာကို စားသောက်ကြလော့။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေ၏။ တစ်အိမ်မှတစ်အိမ်သို့ လှည့်လည်၍ မသွားကြနှင့်။- မြန်မာ့စံမီသမ္မာကျမ်း ထိုတစ်အိမ်တည်းမှာပင် တည်းခို၍ သူတို့ထံ၌ စားသောက်ကြလော့။ အကြောင်းမူကား အလုပ်လုပ်သောသူသည် လုပ်အားခကိုရထိုက်၏။ တစ်အိမ်မှ တစ်အိမ်သို့ မပြောင်းကြနှင့်။ မြန်မာ သို့မဟုတ် သင်တို့ထံသို့ ပြန်လာလိမ့်မည်။ ထိုအိမ်၌နေ၍ အစားအသောက်စီရင်ရာကို စားသောက်ကြလော့။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် အခကိုခံထိုက်ပေ၏။ တစ်အိမ်မှတစ်အိမ်သို့ လှည့်လည်၍ မသွားကြနှင့်။- |
ဆက်လက်၍ ယေရှုက တပည့်တော်တို့အား “မြို့တစ်မြို့သို့ ဝင်လျှင် ထိုမြို့မှ မထွက်ခွာမီတိုင်အောင် အိမ်တစ်အိမ်၌သာ တည်းခိုကြလော့။
ထိုအိမ်တွင် ငြိမ်းချမ်းခြင်းကို လိုလားသူရှိလျှင် သင်တို့ပို့သသောမေတ္တာသည် ထိုသူအပေါ် သက်ရောက်လိမ့်မည်။ ထိုသို့မရှိပါက သင်တို့ပို့သသောမေတ္တာသည် သင်တို့ထံ ပြန်လာလိမ့်မည်။
အိမ်တစ်အိမ်သို့ ဝင်သောအခါ ထိုအရပ်မှ မထွက်ခွာသည်တိုင်အောင် ထိုအိမ်၌သာ တည်းခိုကြလော့။
သူနှင့် အိမ်သူအိမ်သားအားလုံးတို့သည် နှစ်ခြင်းမင်္ဂလာကို ခံယူပြီးလျှင် လုဒိက “ကျွန်မသည် သခင်ဘုရားအား အမှန်ပင်ယုံကြည်သောသူဖြစ်သည်ဟု သင်တို့သတ်မှတ်ပါက အိမ်သို့လာ၍ တည်းခိုကြပါ” ဟု ကျွန်ုပ်တို့အား ဖျောင်းဖျလေ၏။
ထောင်မှူးသည် ပေါလုနှင့်သိလတို့အား မိမိအိမ်သို့ခေါ်ကာ အစားအစာများကို တည်ခင်းကျွေးမွေး၏။ သူနှင့်တကွ အိမ်သားအားလုံးသည် ဘုရားသခင်ကို ယုံကြည်ကြသဖြင့် အလွန်ဝမ်းမြောက်ကြ၏။
ပေါလုနှင့်သိလတို့သည် ထောင်မှထွက်လာပြီးနောက် လုဒိအိမ်သို့ သွားကြ၏။ ထိုနေရာတွင် ယုံကြည်သူများကို တွေ့မြင်သဖြင့် အားပေးတိုက်တွန်းပြီးလျှင် ထိုမြို့မှထွက်ခွာသွားကြ၏။
နှုတ်ကပတ်တရားတော်ကို သင်ယူသောသူသည် သင်ကြားပေးသော မိမိဆရာသမားအား ကောင်းသောအရာဟူသမျှကို ဝေမျှ၍ ထောက်ပံ့ရမည်။
ထို့ပြင် သူတို့သည် တစ်အိမ်တက်တစ်အိမ်ဆင်း လှည့်လည်ကာ ပျင်းရိသောအကျင့် ရှိလာကြ၏။ ပျင်းရိသည်သာမက အတင်းအဖျင်းပြောလျက် မပြောသင့်သည့်အရာကို ပြော၍ သူတစ်ပါးကိစ္စတွင် ဝင်ရောက်စွက်ဖက်တတ်ကြ၏။