ရှင်မာကု 9:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သူတို့သည် သူငယ်ကို ခေါ်ဆောင်လာကြ၏။ နတ်ဆိုးသည် ယေရှုကို မြင်သည်နှင့်တစ်ပြိုင်နက် သူငယ်ကို ပြင်းထန်စွာ တက်စေသဖြင့် သူသည် မြေပေါ်တွင် လှဲလျက် ပါးစပ်မှလည်းအမြှုပ်များထွက်ကာ လူးလိမ့်နေလေ၏။ Common Language Bible သူတို့သည်ထိုသူငယ်ကိုအထံတော်သို့ခေါ်ခဲ့ ကြ၏။ နတ်သည်ကိုယ်တော်ကိုမြင်လျှင်မြင်ချင်းသူငယ် အား ပြင်းထန်စွာတုန်တက်စေသဖြင့် သူငယ်သည် ပါးစပ်မှအမြှုပ်များထွက်လျက်မြေသို့လဲ ကျလူးလှိမ့်နေ၏။- Garrad Bible ယူ ခဲ့ ကြ ရာ ကိုယ် တော် ကို မြင် လျှင် မြင် ချင်း နတ် သည် ပြင်း စွာ တုန် တက် စေ သ ဖြင့် မြေ ပေါ် မှာ သူ ငယ် လဲ၍ နှုတ် က အ မြှုပ် ထွက် လျက် လှိမ့် လျက် နေ ၏။ Judson Bible ယူခဲ့ကြ၏။ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် ချက်ချင်း သူငယ်ကို တောင့်မာစေသဖြင့် သူငယ်သည် မြေပေါ်မှာလဲ၍ အမြှုပ်ထွက်လျက် ကိုယ်ကို လှိမ့်လျက်နေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့သည် သူငယ်ကို အထံတော်သို့ခေါ်ခဲ့ကြရာ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် သူငယ်ကို ချက်ချင်းတက်စေသဖြင့် သူငယ်သည် မြေပေါ်သို့လဲကျပြီး ပါးစပ်မှအမြှုပ်ထွက်လျက် လူးလိမ့်နေ၏။ မြန်မာ ယူခဲ့ကြ၏။ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် ချက်ချင်း သူငယ်ကို တောင့်မာစေသဖြင့် သူငယ်သည် မြေပေါ်မှာလဲ၍ အမြှုပ်ထွက်လျက် ကိုယ်ကို လှိမ့်လျက်နေ၏။- |
ပူးဝင်သည့်အခါတိုင်း နတ်သည် သူ့အား မြေပေါ်သို့ အရှိန်ဖြင့်လှဲချတတ်ပါ၏။ ပါးစပ်မှ အမြှုပ်များထွက်လျက် အံကိုလည်းကြိတ်၍ တောင့်မာလာတတ်ပါ၏။ အကျွန်ုပ်သည် ဆရာတော်၏ တပည့်တော်တို့အား ထိုနတ်ဆိုးကို နှင်ထုတ်ပေးပါရန် တောင်းပန်သော်လည်း သူတို့သည် မတတ်နိုင်ကြပါ” ဟု လျှောက်လေ၏။
ယေရှုက တပည့်တော်တို့အား “အို ယုံကြည်ခြင်းမရှိသောအမျိုး… ငါသည် သင်တို့နှင့် မည်မျှကြာကြာ အတူနေရမည်နည်း။ ငါသည် သင်တို့ကို မည်မျှကြာကြာ သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။
ယေရှုက သူငယ်၏ ဖခင်အား “ဤသို့ဖြစ်သည်မှာ မည်မျှကြာပြီနည်း” ဟု မေးတော်မူသော် ဖခင်က “ငယ်ရွယ်စဉ်ကတည်းကပင် ဖြစ်ပါ၏။
ထိုအခါ နတ်ဆိုးသည် ကျယ်လောင်စွာ အော်ဟစ်၍ သူငယ်ကို ပြင်းစွာ တက်စေပြီးလျှင် ထွက်သွား၏။ ထိုအခါ သူငယ်သည် သေသကဲ့သို့ဖြစ်သွား၏။ ထို့ကြောင့် လူတို့က “သူငယ်သေပြီ” ဟု ပြောဆိုကြ၏။
ယေရှုကလည်း ထိုနတ်ဆိုးအား “တိတ်ဆိတ်စွာနေ၍ သူ့အထဲမှ ထွက်သွားလော့” ဟု ဆုံးမတော်မူ၏။ ထိုအခါ နတ်ဆိုးသည် ထိုသူကို လူအများရှေ့တွင် လှဲချပြီးလျှင် ထိခိုက်ဒဏ်ရာမဖြစ်စေဘဲ ထိုသူအထဲမှ ထွက်သွား၏။
ဤသို့ လျှောက်ရခြင်းမှာ ယေရှုသည် ထိုနတ်ဆိုးအား သူ့အထဲမှ ထွက်ရန် မိန့်တော်မူသောကြောင့်ဖြစ်၏။ ထိုနတ်ဆိုးသည် ထိုသူအား မကြာခဏဝင်ပူးတတ်၏။ သူ၏ လက်ခြေတို့ကို သံကြိုးများဖြင့် ခတ်၍ အစောင့်များနှင့် စောင့်ကြပ်သော်လည်း သူသည် နတ်ဆိုးအစွမ်းဖြင့် အချုပ်အနှောင်များကို လွယ်ကူစွာ ဖျက်ဆီး၍ တောကန္တာရထဲသို့ ပြေးဝင်တတ်၏။
နတ်ဆိုးဝင်ပူးသဖြင့် သူသည် ရုတ်တရက်အော်ဟစ်တတ်ပါ၏။ သူ၏ ပါးစပ်မှ အမြှုပ်များထွက်သည်တိုင်အောင် နတ်ဆိုးသည် သူ့ကို တက်စေပါ၏။ သူ့ကို ကုတ်ဖဲ့နာကျင်စေပြီး သူ့အထဲမှ အလွန်ထွက်ခဲပါ၏။
ထိုသူငယ်လာစဉ် နတ်ဆိုးသည် သူ့အား မြေပေါ်သို့ လှဲ၍ တက်စေ၏။ သို့သော်လည်း ယေရှုက ထိုနတ်ဆိုးအား ဆုံးမ၍ ထိုသူငယ်ကို ကျန်းမာစေတော်မူပြီးလျှင် ဖခင်ထံသို့ ပြန်အပ်ပေးတော်မူ၏။
သင်တို့၏ဖခင်သည် မာရ်နတ်ဖြစ်၏။ ထို့ကြောင့် သင်တို့သည် သင်တို့ဖခင်၏အလိုသို့ လိုက်တတ်ကြ၏။ မာရ်နတ်သည် အစဦးကပင် လူသတ်သမားဖြစ်၏။ သူ့အထဲတွင် သမ္မာတရားမရှိသောကြောင့် သမ္မာတရားကိုလည်း သူမုန်း၏။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ ထို့ကြောင့် သူလိမ်လည်ပြောဆိုခြင်းမှာ မိမိပင်ကိုစရိုက်အတိုင်း ပြောဆိုခြင်းဖြစ်၏။
မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိနှင့် စောင့်ကြလော့။ သင်တို့၏ ရန်သူဖြစ်သော မာရ်နတ်သည် ဟိန်းဟောက်သောခြင်္သေ့ကဲ့သို့ ဝါးမျိုရမည့်သူကို လှည့်လည်ရှာဖွေလျက်ရှိ၏။