ရှင်မာကု 9:20 - မြန်မာ့စံမီသမ္မာကျမ်း20 ထိုအခါ သူတို့သည် သူငယ်ကို အထံတော်သို့ခေါ်ခဲ့ကြရာ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် သူငယ်ကို ချက်ချင်းတက်စေသဖြင့် သူငယ်သည် မြေပေါ်သို့လဲကျပြီး ပါးစပ်မှအမြှုပ်ထွက်လျက် လူးလိမ့်နေ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 သူတို့သည်ထိုသူငယ်ကိုအထံတော်သို့ခေါ်ခဲ့ ကြ၏။ နတ်သည်ကိုယ်တော်ကိုမြင်လျှင်မြင်ချင်းသူငယ် အား ပြင်းထန်စွာတုန်တက်စေသဖြင့် သူငယ်သည် ပါးစပ်မှအမြှုပ်များထွက်လျက်မြေသို့လဲ ကျလူးလှိမ့်နေ၏။- အခန်းကိုကြည့်ပါ။Garrad Bible20 ယူ ခဲ့ ကြ ရာ ကိုယ် တော် ကို မြင် လျှင် မြင် ချင်း နတ် သည် ပြင်း စွာ တုန် တက် စေ သ ဖြင့် မြေ ပေါ် မှာ သူ ငယ် လဲ၍ နှုတ် က အ မြှုပ် ထွက် လျက် လှိမ့် လျက် နေ ၏။ အခန်းကိုကြည့်ပါ။Judson Bible20 ယူခဲ့ကြ၏။ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် ချက်ချင်း သူငယ်ကို တောင့်မာစေသဖြင့် သူငယ်သည် မြေပေါ်မှာလဲ၍ အမြှုပ်ထွက်လျက် ကိုယ်ကို လှိမ့်လျက်နေ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း20 ထိုအခါ သူတို့သည် သူငယ်ကို ခေါ်ဆောင်လာကြ၏။ နတ်ဆိုးသည် ယေရှုကို မြင်သည်နှင့်တစ်ပြိုင်နက် သူငယ်ကို ပြင်းထန်စွာ တက်စေသဖြင့် သူသည် မြေပေါ်တွင် လှဲလျက် ပါးစပ်မှလည်းအမြှုပ်များထွက်ကာ လူးလိမ့်နေလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ20 ယူခဲ့ကြ၏။ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် ချက်ချင်း သူငယ်ကို တောင့်မာစေသဖြင့် သူငယ်သည် မြေပေါ်မှာလဲ၍ အမြှုပ်ထွက်လျက် ကိုယ်ကို လှိမ့်လျက်နေ၏။- အခန်းကိုကြည့်ပါ။ |
ထိုသို့လျှောက်ထားခြင်းမှာ ကိုယ်တော်သည် ညစ်ညူးသောနတ်အား ထိုသူ့အထဲမှထွက်သွားရန် အမိန့်ပေးတော်မူသောကြောင့်ဖြစ်၏။ ထိုနတ်သည် သူ့ကိုကြိမ်ဖန်များစွာဝင်ပူးသဖြင့် သူ့ကို သံကြိုးနှင့်ခြေချင်းတို့ဖြင့် ချည်နှောင်ဖမ်းချုပ်လျက် စောင့်ကြပ်ထားသော်လည်း သူသည် ထိုအရာများကိုချိုးဖြတ်ကာ တောကန္တာရသို့ နတ်ဆိုး၏နှင်ခြင်းကိုခံရ၏။
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။