တပည့်တော်များသည် လာ၍ “သခင်သည် လူတို့အား ဟောပြောရာတွင် အဘယ်ကြောင့် ပုံဥပမာများကို အသုံးပြုတော်မူသနည်း” ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
ရှင်မာကု 4:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်သည် ထိုသူတို့အား အကြောင်းအရာများစွာကို ပုံဥပမာများဖြင့် သွန်သင်တော်မူ၏။ ထိုသို့ သွန်သင်ရာတွင် ကိုယ်တော်က Common Language Bible ကိုယ်တော်ကပုံဥပမာဆောင်၍များစွာသော အကြောင်းအရာများကိုသွန်သင်တော်မူ၏။- Garrad Bible အ ကြောင်း အ ရာ များ ကို ဥ ပ မာ ဖြင့် သွန် သင်၍ မိန့် တော် မူ သည် မှာ၊ Judson Bible ထိုအခါ ဥပမာစကားအားဖြင့် များစွာသောဆုံးမဩဝါဒကို ပေး၍ မြွက်ဆိုတော်မူသည်မှာ၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်သည် များစွာသောအကြောင်းအရာတို့ကို ပုံဥပမာတို့ဖြင့် သူတို့အား သွန်သင်တော်မူ၏။ ထိုသို့သွန်သင်ရာတွင် ကိုယ်တော်က မြန်မာ ထိုအခါ ဥပမာစကားအားဖြင့် များစွာသောဆုံးမဩဝါဒကို ပေး၍ မြွက်ဆိုတော်မူသည်မှာ၊- |
တပည့်တော်များသည် လာ၍ “သခင်သည် လူတို့အား ဟောပြောရာတွင် အဘယ်ကြောင့် ပုံဥပမာများကို အသုံးပြုတော်မူသနည်း” ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
ထိုအခါ ယေရှုသည် ထိုသူတို့အား အကြောင်းအရာများစွာကို ပုံဥပမာများဖြင့် မိန့်တော်မူသည်မှာ “နားထောင်ကြလော့။ လယ်သမားတစ်ဦးသည် မျိုးစေ့ကြဲရန် ထွက်သွား၏။
ထိုတရားစကားများကို ဟောပြောသွန်သင်တော်မူပြီးသောအခါ ပရိသတ်တို့သည် ယေရှု၏သွန်သင်ချက်များအပေါ် အံ့သြကြ၏။
ထို့နောက် ကိုယ်တော်သည် ကပေရနောင်မြို့မှ ထွက်ခွာ၍ ယုဒပြည်သို့ ကြွတော်မူပြီးလျှင် ဂျော်ဒန်မြစ် တစ်ဖက်ကမ်းသို့ ကြွတော်မူ၏။ လူထုကြီးသည်လည်း ကိုယ်တော်ထံသို့ တစ်ဖန်စုဝေးလာကြ၏။ ကိုယ်တော်သည်လည်း ယခင်နည်းတူ သူတို့ကို ဟောပြောသွန်သင်တော်မူ၏။
ထို့နောက် ကိုယ်တော်သည် လူအပေါင်းတို့ကို ပုံဥပမာများဖြင့် မိန့်တော်မူသည်မှာ “လူတစ်ဦးသည် စပျစ်ခြံကို စိုက်ပျိုး၍ ခြံခတ်လေ၏။ သူသည် ထိုခြံထဲတွင် စပျစ်သီးနယ်ရာကျင်းကို တူးပြီး ကင်းစောင့်မျှော်စင်ကိုလည်း ဆောက်၏။ ထို့နောက် ထိုစပျစ်ခြံကို စပျစ်ခြံလုပ်သားများအား ငှားရမ်း၍ အခြားတိုင်းပြည်သို့ သွားလေ၏။
ထိုသို့ သွန်သင်တော်မူပြီးနောက် အခြားအကြောင်းအရာများကိုလည်း ထပ်၍ မိန့်တော်မူသည်မှာ “ကျမ်းတတ်ဆရာများကို သတိပြုကြလော့။ သူတို့သည် ဝတ်ရုံရှည်များကို ဝတ်ဆင်၍ လည်ပတ်သွားလာလိုကြ၏။ ဈေးအရပ်တို့တွင် လူတို့၏ ရိုသေစွာ နှုတ်ဆက်ခြင်းကို ခံလိုကြ၏။
ယေရှုက ထိုသူတို့ကို ခေါ်၍ ပုံဥပမာများဖြင့် မိန့်တော်မူသည်မှာ “စာတန်သည် စာတန်ကို မည်သို့ နှင်ထုတ်ပါမည်နည်း။
ကိုယ်တော်က “သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြ၏။ သို့သော်လည်း အပြင်လူများအတွက်မှာမူ ပုံဥပမာဖြင့် ပြောပြရ၏။
ထိုအချိန်တွင် ယဇ်ပုရောဟိတ်မင်းသည် ယေရှုကို တပည့်တော်တို့၏အကြောင်းကိုလည်းကောင်း၊ ယေရှု၏သွန်သင်ချက်များအကြောင်းကိုလည်းကောင်း စစ်ဆေးမေးမြန်း၏။