ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိဝတ်ရုံကို ဆုတ်ဖြဲလျက် “ဤသူသည် ဘုရားသခင်ကို စော်ကားပြောဆိုလေပြီ။ အခြား မည်သည့်သက်သေ လိုတော့မည်နည်း။ ဘုရားသခင်ကို စော်ကားသော သူ၏စကားကို သင်တို့အားလုံး ယခုကြားကြရလေပြီ။
ရှင်မာကု 2:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း “ဤလူသည် အဘယ်ကြောင့် ထိုသို့ပြောဆိုရသနည်း။ ဘုရားသခင်ကို စော်ကားသောစကားဖြစ်၏။ ဘုရားသခင်မှလွဲ၍ မည်သူသည် အပြစ်ကို ခွင့်လွှတ်နိုင်ပါမည်နည်း” ဟု စိတ်ထဲ၌ တွေးတောနေကြ၏။ Common Language Bible ``ဤသူသည်အဘယ်ကြောင့်ဤသို့ဆိုပါသနည်း။ သူသည်ဘုရားသခင်ကိုပြစ်မှားပြောဆိုလေ ပြီ။ ဘုရားသခင်မှတစ်ပါးအဘယ်သူသည် အပြစ်ကိုဖြေလွှတ်နိုင်ပါမည်နည်း'' ဟူ၍ တွေးတောနေကြလေသည်။- Garrad Bible ဤ သူ သည် အ ဘယ် ကြောင့် ထို သို့ ပြော ဆို သ နည်း။ ပုတ် ခတ် မှု ပြု လေ ပြီ။ ဘု ရား သ ခင် မှ တစ် ပါး၊ မည် သူ အ ပြစ် ဖြေ လွှတ် နိုင် သ နည်း ဟု စိတ်၌ ဆင် ခြင် ကြ ၏။ Judson Bible ဤသူသည် ဘုရားကိုလွန်ကျူး၍ အဘယ်ကြောင့် ဤသို့ပြောရသနည်း။ ဘုရားသခင်မှတစ်ပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု စိတ်ထဲမှာ ထင်မှတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း “ဤသူသည် အဘယ်ကြောင့် ထိုကဲ့သို့ပြောရသနည်း။ သူသည် ဘုရားသခင်ကိုစော်ကားပြောဆို၏။ ဘုရားသခင်မှတစ်ပါး မည်သူသည် အပြစ်များကိုခွင့်လွှတ်နိုင်သနည်း”ဟု မိမိတို့စိတ်ထဲ၌ တွေးတောဆင်ခြင်ကြ၏။ မြန်မာ ဤသူသည် ဘုရားကိုလွန်ကျူး၍ အဘယ်ကြောင့် ဤသို့ပြောရသနည်း။ ဘုရားသခင်မှတစ်ပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်းဟု စိတ်ထဲမှာ ထင်မှတ်ကြ၏။- |
ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိဝတ်ရုံကို ဆုတ်ဖြဲလျက် “ဤသူသည် ဘုရားသခင်ကို စော်ကားပြောဆိုလေပြီ။ အခြား မည်သည့်သက်သေ လိုတော့မည်နည်း။ ဘုရားသခင်ကို စော်ကားသော သူ၏စကားကို သင်တို့အားလုံး ယခုကြားကြရလေပြီ။
ထိုအခါ ကျမ်းတတ်ဆရာတချို့က “ဤသူသည် ဘုရားသခင်ကို စော်ကားပြောဆိုနေသည်” ဟု စိတ်ထဲ၌ တွေးတောနေကြ၏။
ဘုရားသခင်ကို စော်ကားသော သူ၏စကားကို သင်တို့အားလုံး ယခုကြားကြရလေပြီ။ သင်တို့ မည်သို့ထင်မြင်ကြသနည်း” ဟု မေးလျှင် သူတို့အားလုံးက “သူသည် သေဒဏ်ခံထိုက်ပါသည်” ဟု ဖြေဆိုကြ၏။
ယေရှုသည် ကျမ်းတတ်ဆရာများက ထိုသို့တွေးတောနေကြသည်ကို ချက်ချင်းသိတော်မူသဖြင့် သူတို့အား “သင်တို့စိတ်ထဲ၌ အဘယ်ကြောင့် ဤသို့တွေးတောနေကြသနည်း။
ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “ဘုရားသခင်ကို စော်ကားပြောဆိုသော ဤသူသည် မည်သူနည်း။ ဘုရားသခင်မှလွဲ၍ မည်သူသည် အပြစ်ကို ခွင့်လွှတ်နိုင်ပါမည်နည်း” ဟု စိတ်ထဲ၌ တွေးတောနေကြ၏။
ထိုစားပွဲ၌ အတူထိုင်သောသူတို့က “အပြစ်လွှတ်ပိုင်သော ဤသူသည် မည်သူနည်း” ဟု အချင်းချင်း ပြောဆိုကြ၏။
ဂျူးတို့က “ကောင်းသောအမှုကို သင်ပြုသောကြောင့် သင့်ကို ခဲနှင့် ပေါက်သတ်မည်မဟုတ်။ သင်သည် သာမန်လူဖြစ်လျက်နှင့်ပင် သင့်ကိုယ်သင် ဘုရားသခင်အဖြစ် ကြွေးကြော်၍ ဘုရားသခင်ကို စော်ကားသောကြောင့် ခဲနှင့်ပေါက်သတ်မည်” ဟု ဆိုကြ၏။
ခမည်းတော်ရွေးချယ်၍ လောကသို့ စေလွှတ်ခံရသော ငါက ‘ငါသည် ဘုရားသခင်၏ သားတော်ဖြစ်သည်’ ဟု ပြောဆိုသည်ကို သင်တို့က ‘ဘုရားသခင်ကို စော်ကားသည်’ ဟု ဆိုကြသလော။