ထိုအချိန်၌ပင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် ကယာဖဟု အမည်ရှိသော ယဇ်ပရောဟိတ်မင်း၏ အိမ်၌ စုဝေးလျက်
ရှင်မာကု 15:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ စစ်သားများသည် ယေရှုကို ပြဲတောရိဟု ခေါ်သော ရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ ထို့နောက် စစ်တပ်တစ်တပ်လုံးသည် ယေရှု၏ အနားသို့ စုရုံးလာကြ၏။ Common Language Bible စစ်သားများသည်ကိုယ်တော်ကိုဘုရင်ခံမင်း ၏အိမ်တော်ဝင်းသို့ခေါ်ဆောင်သွားပြီးလျှင် တပ်ခွဲတစ်ခုလုံးကိုစုရုံးစေ၏။- Garrad Bible စစ် သည် တို့ လည်း ကိုယ် တော် ကို ပ ရဲ တော ရိ ခေါ် ရုံး တော် တံ တိုင်း အ တွင်း ယူ သွား ၍ တစ် တပ် လုံး စု ရုံး စေ ပြီး လျှင်၊ Judson Bible ထိုအခါ စစ်သူရဲတို့သည် ကိုယ်တော်ကို ပြဲတောရိရုံးတည်းဟူသော အိမ်တော်ဦးအတွင်းသို့ ဆောင်သွား၍၊ စစ်သူရဲတစ်တပ်လုံးကို စုရုံးစေပြီးမှ၊ ကိုယ်တော်အား နီမောင်းသောအဝတ်ကို ဝတ်စေ၍၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ စစ်သားများသည် ရုံးတော်ဟုခေါ်သော ဘုရင်ခံ၏အိမ်တော်ဝင်းထဲသို့ ကိုယ်တော်ကိုခေါ်ဆောင်သွား၍ တပ်ဖွဲ့တစ်ဖွဲ့လုံးကိုစုရုံးစေကြ၏။ မြန်မာ ထိုအခါ စစ်သူရဲတို့သည် ကိုယ်တော်ကို ပြဲတောရိရုံးတည်းဟူသော အိမ်တော်ဦးအတွင်းသို့ ဆောင်သွား၍၊ စစ်သူရဲတစ်တပ်လုံးကို စုရုံးစေပြီးမှ၊ ကိုယ်တော်အား နီမောင်းသောအဝတ်ကို ဝတ်စေ၍၊- |
ထိုအချိန်၌ပင် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် ကယာဖဟု အမည်ရှိသော ယဇ်ပရောဟိတ်မင်း၏ အိမ်၌ စုဝေးလျက်
သူတို့သည် ယေရှုကို ခရမ်းရောင်ဝတ်ရုံ ခြုံပေးကြ၏။ ထို့နောက် ဆူးခက်ဖြင့် ရက်ထားသောသရဖူတစ်ခုကိုလည်း ဦးခေါင်းတော်၌ ဆောင်းပေးကြ၏။
ထို့နောက် နံနက်စောစောအချိန်တွင် လူတို့သည် ယေရှုကို ကယာဖထံမှ ဘုရင်ခံပိလတ်မင်း၏ ရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ ထိုသူတို့သည် ပသခါပွဲတော်ညစာကို စားနိုင်ရန်အတွက် ညစ်ညူးခြင်းမှ ရှောင်လိုသဖြင့် ရုံးတော်ထဲသို့ မဝင်ဘဲနေကြ၏။
ထိုအခါ ပိလတ်မင်းသည် ရုံးတော်ထဲသို့ ပြန်ဝင်၍ ယေရှုကို ခေါ်လာစေပြီးလျှင် “သင်သည် ဂျူးတို့၏ ရှင်ဘုရင်ဖြစ်သလော” ဟု မေးလေ၏။
စစ်သားများသည် ဆူးခက်ကို သရဖူအဖြစ် ရစ်ခွေပြီး ယေရှု၏ ဦးခေါင်းတော်၌ ဆောင်းစေ၍ ခရမ်းရောင်ဝတ်ရုံကိုလည်း ခြုံစေကြ၏။
ထို့ကြောင့် ပိလတ်မင်းသည် ယေရှုကို ရုံးတော်သို့ ပြန်၍ ခေါ်ဆောင်ပြီးလျှင် “သင်သည် အဘယ်ကလာသနည်း” ဟု မေး၏။ သို့သော် ယေရှုသည် အဖြေမပေးဘဲ နေတော်မူ၏။
ဆီဇာရီးယားမြို့၌ ကော်နေလိအမည်ရှိသောသူ တစ်ယောက်ရှိ၏။ သူသည် အီတလီတပ်ဟု ခေါ်သောတပ်တွင် လူတစ်ရာကိုအုပ်ချုပ်သည့် ရောမတပ်မှူးတစ်ဦးဖြစ်၏။