ယေရှုနှင့် တပည့်တော်တို့သည် ဂျေရုဆလင်မြို့သို့ ချဉ်းကပ်၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာသို့ ရောက်လာကြ၏။ ထိုအခါ ယေရှုသည် တပည့်တော်နှစ်ပါးကို စေလွှတ်၍
ရှင်မာကု 14:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆိုကြပြီးနောက် သံလွင်တောင်သို့ ထွက်သွားကြ၏။ Common Language Bible ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် ဋ္ဌမ္မ သီချင်းဆိုပြီးလျှင်သံလွင်တောင်သို့ထွက် သွားကြ၏။ Garrad Bible ထို နောက် သီ ချင်း ဆို ပြီး လျှင် သံ လွင် တောင် သို့ ထွက် သွား ကြ ၏။ Judson Bible ထိုနောက် သီချင်းဆိုပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူတို့သည် ချီးမွမ်းသီချင်းသီဆိုပြီးမှ သံလွင်တောင်သို့ထွက်သွားကြ၏။ မြန်မာ ထိုနောက် သီချင်းဆိုပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။ |
ယေရှုနှင့် တပည့်တော်တို့သည် ဂျေရုဆလင်မြို့သို့ ချဉ်းကပ်၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာသို့ ရောက်လာကြ၏။ ထိုအခါ ယေရှုသည် တပည့်တော်နှစ်ပါးကို စေလွှတ်၍
ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆိုကြပြီးနောက် သံလွင်တောင်သို့ ထွက်သွားကြ၏။
သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏ နိုင်ငံတော်၌ သင်တို့နှင့်အတူ ထပ်မံသောက်ရသည့်နေ့ မတိုင်မီအထိ ဤစပျစ်ရည်ကို ငါမသောက်” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုသည် အပေါ်ထပ်ခန်းမကြီးမှ ထွက်ခွာ၍ အလေ့အထရှိတော်မူသည့်အတိုင်း သံလွင်တောင်သို့ ကြွတော်မူရာ တပည့်တော်များသည်လည်း နောက်တော်သို့ လိုက်ကြ၏။
ထိုသို့ ဆုတောင်းတော်မူပြီးနောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချိုင့်ဝှမ်းကို ဖြတ်၍ တစ်ဖက်တွင် ရှိသောဥယျာဉ်သို့ ကြွတော်မူ၏။
သန်းခေါင်အချိန်တွင် ပေါလုနှင့် သိလတို့သည် ဘုရားသခင်ထံ ဆုတောင်း၍ ဓမ္မသီချင်းများကို သီဆိုနေကြ၏။ အကျဉ်းသားများသည်လည်း နားထောင်နေကြ၏။
ထိုသို့ဆိုလျှင် မည်သို့ပြုရမည်နည်း။ ကျွန်ုပ်သည် စိတ်ဝိညာဉ်နှင့် ဆုတောင်းမည်။ အသိဉာဏ်နှင့်လည်း ဆုတောင်းမည်။ စိတ်ဝိညာဉ်နှင့် သီချင်းဆိုမည်။ အသိဉာဏ်နှင့်လည်း သီချင်းဆိုမည်။
ခရစ်တော်၏ တရားတော်ကို သင်တို့အထဲ၌ ပြည့်ပြည့်ဝဝတည်စေကြလော့။ တစ်ဦးကိုတစ်ဦး ဉာဏ်ပညာအမျိုးမျိုးဖြင့် သွန်သင်၍ သတိပေးဆုံးမကြလော့။ ကျေးဇူးတင်သောစိတ်နှင့် ဆာလံသီချင်းများ၊ ဓမ္မသီချင်းများ၊ ဝိညာဉ်ရေးရာသီချင်းများကို ဘုရားသခင်ထံ လှိုက်လှိုက်လှဲလှဲသီဆိုကြလော့။
သင်တို့တွင် ဆင်းရဲဒုက္ခရောက်သောသူရှိလျှင် ဆုတောင်းစေ။ ရွှင်လန်းသောသူရှိလျှင် ချီးမွမ်းသီချင်းဆိုစေ။
သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ထိုသီချင်းမှာ “ကိုယ်တော်သည် စာလိပ်ကိုယူ၍ တံဆိပ်ကိုခွာ၍ ဖွင့်ရန် ထိုက်တန်သောအရှင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသေသတ်ခံရ၍ မျိုးနွယ်စုအသီးသီး၊ ဘာသာစကားအသီးသီးပြောသည့်သူများ၊ လူမျိုးအသီးသီးနှင့် တိုင်းနိုင်ငံအသီးသီးတို့ကို ကိုယ်တော်၏အသွေးတော်ဖြင့် ဘုရားသခင်အတွက် ရွေးနုတ်ကယ်တင်သောကြောင့်ဖြစ်၏။