ထို့နောက် တပည့်တော်ဆယ့်နှစ်ပါးတွင် တစ်ပါးဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံသို့ သွားရောက်ပြီးလျှင်
ရှင်မာကု 14:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယဇ်ပုရောဟိတ်ခေါင်းဆောင်များက ယုဒရှကာရုတ်လာရခြင်းအကြောင်းကို ကြားသောအခါ ဝမ်းမြောက်၍ သူ့အား ငွေပေးရန် ကတိပြုကြ၏။ ထို့ကြောင့် ယုဒသည် ယေရှုကို ထိုသူတို့လက်သို့ အပ်နှံရန် အခွင့်ကောင်းကို ရှာကြံလျက်နေ၏။ Common Language Bible ထိုသူတို့သည်သူလာရသည့်အကြောင်းကို ကြားသိသောအခါ ဝမ်းမြောက်သဖြင့်သူ့အား ငွေပေးရန်ကတိပြုကြ၏။ သို့ဖြစ်၍ယုဒ သည်ကိုယ်တော်အားရန်သူ့လက်သို့အပ်ရန် အခွင့်ကောင်းကိုရှာလျက်နေ၏။ Garrad Bible ထို သူ တို့ ကြား နာ ဝမ်း မြောက်၍ ငွေ ပေး မည် ဟု က တိ ထား ကြ သ ဖြင့် ပို့ အပ် ရန် အ ချိန် အ ခွင့် ကို ယု ဒ ရှာ ကြံ လျက် နေ ၏။ Judson Bible ထိုသူတို့သည် ကြားလျှင် ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည်ဟု ဝန်ခံကြ၏။ ထိုနောက် အဆင်သင့်သော အချိန်ကာလ၌ ကိုယ်တော်ကို အဘယ်သို့အပ်ရမည်နည်းဟု ရှာကြံလျက်နေ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည်ကြားလျှင် ဝမ်းမြောက်၍ သူ့ကိုငွေပေးမည်ဟု ကတိပေးကြ၏။ သူသည်လည်း သင့်လျော်သောအချိန်၌ ကိုယ်တော်ကိုအပ်နှံနိုင်ရန် နည်းလမ်းကိုရှာကြံလျက်နေ၏။ မြန်မာ ထိုသူတို့သည် ကြားလျှင် ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည်ဟု ဝန်ခံကြ၏။ ထိုနောက် အဆင်သင့်သော အချိန်ကာလ၌ ကိုယ်တော်ကို အဘယ်သို့အပ်ရမည်နည်းဟု ရှာကြံလျက်နေ၏။ |
ထို့နောက် တပည့်တော်ဆယ့်နှစ်ပါးတွင် တစ်ပါးဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များထံသို့ သွားရောက်ပြီးလျှင်
“ယေရှုကို သင်တို့ထံ အပ်လျှင် ကျွန်ုပ်အား ငွေမည်မျှ ပေးမည်နည်း” ဟု မေးလေ၏။ သူတို့ကလည်း ငွေဒင်္ဂါးပြားသုံးဆယ်ပေးကြ၏။
ထို့နောက် တပည့်တော်ဆယ့်နှစ်ပါးတွင် တစ်ပါးဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များလက်သို့ ယေရှုကို အပ်ရန် သူတို့ထံသို့ ထွက်သွားလေ၏။
တဆေးမဲ့မုန့်ပွဲတော်ပထမနေ့ဖြစ်သည့် ပသခါသိုးသငယ်ကို ယဇ်ပူဇော်ရသောနေ့တွင် ယေရှု၏ တပည့်တော်တို့က “သခင့်အတွက် ပသခါပွဲတော်ညစာကို အကျွန်ုပ်တို့ မည်သည့်နေရာသို့ သွား၍ ပြင်ဆင်ရပါမည်နည်း” ဟု မေးလျှောက်ကြ၏။
ထိုအခါ စာတန်မာရ်နတ်သည် တပည့်တော်ဆယ့်နှစ်ပါးထဲမှ တစ်ပါးဖြစ်သည့် ရှကာရုတ်ဟု ခေါ်သော ယုဒထဲသို့ ဝင်လေ၏။
ငွေကို တပ်မက်ခြင်းသည် မကောင်းမှုအမျိုးမျိုး၏ အရင်းအမြစ်ဖြစ်၏။ လူတချို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားကို စွန့်ကာ အလွန်ဝမ်းနည်းပူဆွေးခြင်းကို နာကျင်စွာ ခံစားကြရ၏။
သူတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ကာဣန၏လမ်းစဉ်သို့ လိုက်ကြပြီ။ ဗာလမ်သည် အခကြေးငွေကို ရလို၍ မှားယွင်းသကဲ့သို့ ဗာလမ်နည်းတူ အလျင်အမြန်မှားယွင်းကြပြီ။ ကောရကဲ့သို့ ပုန်ကန်သဖြင့် ပျက်စီးဆုံးရှုံးကြပြီ။