ထိုသူသည် လုပ်သားတို့အား နေ့စားခငွေဒင်္ဂါးတစ်ပြား ပေးရန် သဘောတူပြီးနောက် မိမိစပျစ်ခြံသို့ စေလွှတ်လိုက်၏။
ရှင်မာကု 12:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အကျွန်ုပ်တို့သည် အခွန်ဆက်သသင့်သလော၊ မဆက်သင့်သလော” ဟု မေးလျှောက်ကြ၏။ ယေရှုသည် ထိုသူတို့၏ လှည့်ကွက်ကို သိမြင်တော်မူ၍ “သင်တို့သည် အဘယ်ကြောင့်ငါ့ကို ထောင်ချောက်ဆင်ဖမ်းရန် ကြိုးစားကြသနည်း။ ဒင်္ဂါးပြားတစ်ပြားကို ယူခဲ့လော့။ ငါပြောမည်” ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်သည်ထိုသူတို့၏ပရိယာယ်ကိုသိတော် မူသဖြင့် ``သင်တို့သည်ငါ့အားအဘယ်ကြောင့် အပြစ်ရှာလိုကြသနည်း။ ဒင်္ဂါးတစ်ပြားကိုငါ ကြည့်ဖို့ယူခဲ့ကြလော့'' ဟုမိန့်တော်မူ၏။ Garrad Bible ကိုယ် တော် သည် ထို သူ တို့၏ သီ လ ကြောင် ခြင်း ကို သိ မြင်၍ ငါ့ ကို အ ဘယ် ကြောင့် စုံ စမ်း ကြ သ နည်း။ ငွေ တစ် ကျပ် ကို ယူ ပြ ကြ ဟု မိန့် တော် မူ သ ဖြင့် ယူ ခဲ့ ကြ သော်၊ Judson Bible အကျွန်ုပ်တို့သည် ဆက်ရမည်လော၊ မဆက်ရမည်လောဟု မေးလျှောက်ကြ၏။ ကိုယ်တော်သည် ထိုသူတို့၏လျှို့ဝှက်ခြင်းကို သိတော်မူလျှင်၊ သင်တို့သည် ငါ့ကိုအဘယ်ကြောင့် စုံစမ်းနှောင့်ယှက် ကြသနည်း။ ဒေနာရိတစ်ပြားကို ငါကြည့်ဖို့ ယူခဲ့ကြဟု မိန့်တော်မူ၍၊- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကိုယ်တော်သည် သူတို့၏သူတော်ကောင်းယောင်ဆောင်မှုကို သိတော်မူ၍“အဘယ်ကြောင့် ငါ့ကိုစမ်းသပ်ကြသနည်း။ ငါကြည့်ရန်အတွက် ဒေနာရိတစ်ပြားကို ငါ့ထံယူခဲ့ကြလော့”ဟု မိန့်တော်မူ၏။ မြန်မာ အကျွန်ုပ်တို့သည် ဆက်ရမည်လော၊ မဆက်ရမည်လောဟု မေးလျှောက်ကြ၏။ ကိုယ်တော်သည် ထိုသူတို့၏လျှို့ဝှက်ခြင်းကို သိတော်မူလျှင်၊ သင်တို့သည် ငါ့ကိုအဘယ်ကြောင့် စုံစမ်းနှောင့်ယှက် ကြသနည်း။ ဒေနာရိတစ်ပြားကို ငါကြည့်ဖို့ ယူခဲ့ကြဟု မိန့်တော်မူ၍၊- |
ထိုသူသည် လုပ်သားတို့အား နေ့စားခငွေဒင်္ဂါးတစ်ပြား ပေးရန် သဘောတူပြီးနောက် မိမိစပျစ်ခြံသို့ စေလွှတ်လိုက်၏။
သို့သော်လည်း ယေရှုသည် ထိုသူတို့၏ ဆိုးညစ်သောအကြံအစည်ကို သိတော်မူသဖြင့် “သူတော်ကောင်းယောင်ဆောင်သူတို့… သင်တို့သည် အဘယ်ကြောင့်ငါ့ကို ထောင်ချောက်ဆင်ဖမ်းရန် ကြိုးစားကြသနည်း။
ထိုအခါ ဖာရိရှဲတချို့သည် ကိုယ်တော်ထံသို့ လာ၍ “လူတစ်ဦးသည် မိမိဇနီးကို ကွာရှင်းသည်မှာ ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော” ဟု စမ်းသပ်လိုသဖြင့် မေးလျှောက်ကြ၏။
ထိုသူတို့သည် ကိုယ်တော်ထံသို့ လာ၍ “ဆရာတော်… ဆရာတော်သည် ဖြောင့်မှန်သောသူဖြစ်ပြီး မျက်နှာမလိုက်တတ်ကြောင်း ကျွန်ုပ်တို့သိကြပါ၏။ ဆရာတော်သည် လူ့မျက်နှာကို မထောက်ဘဲ ဘုရားသခင်၏တရားလမ်းအား မှန်ကန်စွာ သွန်သင်တတ်ပါ၏။ ဆီဇာဘုရင်ကို အခွန်ပေးဆောင်ခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသလော၊ မကိုက်ညီသလော။
ဒင်္ဂါးပြားတစ်ပြားကို ယူ၍ ပေးကြသောအခါ ယေရှုက “ဤဒင်္ဂါးပြားပေါ်၌ မည်သူ့ပုံနှင့် မည်သူ့အမည် ပါရှိသနည်း” ဟု မေးတော်မူ၏။ ထိုသူတို့ကလည်း “ဆီဇာဘုရင်၏ ပုံနှင့်အမည် ပါရှိသည်” ဟု လျှောက်ကြ၏။
ယေရှုက “ယောဟန်၏သားရှိမုန်… သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မေးတော်မူ၏။ ဤသို့ “သင်သည် ငါ့ကို ချစ်သလော” ဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသဖြင့် ပေတရုသည် စိတ်ထိခိုက်၍ “သခင်… သခင်သည် အရာအားလုံးကို သိတော်မူ၏။ အကျွန်ုပ်သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့။
သူတို့သည် ယေရှုကို ပြစ်တင်စွပ်စွဲနိုင်ရန် ထိုသို့ လျှောက်ထား၍ ထောင်ချောက်ဆင်ကြခြင်းဖြစ်၏။ သို့ရာတွင် ယေရှုသည် အောက်သို့ငုံ့၍ မြေပြင်ပေါ်တွင် လက်ညှိုးတော်ဖြင့် ရေးခြစ်လျက်နေတော်မူ၏။
ထိုအခါ ပေတရုက သူ့အား “သင်တို့နှစ်ဦးစလုံးသည် အဘယ်ကြောင့် ထာဝရဘုရား၏ဝိညာဉ်တော်ကို လှည့်စားရန် သဘောတူ၍ ပူးပေါင်းကြံစည်ကြသနည်း။ ကြည့်လော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်သောသူတို့သည် တံခါးနားတွင် ရောက်နေကြပြီဖြစ်၍ သူတို့သည် သင့်ကိုလည်း သယ်ဆောင်ကြလိမ့်မည်” ဟု ဆို၏။
ထိုသူတို့ထဲမှ အချို့သောသူတို့သည် ခရစ်တော်ကို အကဲစမ်းသကဲ့သို့ ကျွန်ုပ်တို့သည် အကဲမစမ်းဘဲနေကြကုန်စို့။ ထိုသူတို့သည် အကဲစမ်းသောကြောင့် မြွေကိုက်၍ သေကြ၏။
ဖန်ဆင်းတော်မူသောအရာမှန်သမျှသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှား၏။ ဘုရားသခင်၏ မျက်မှောက်တော်တွင် မထင်ရှားသည့်အရာ တစ်စုံတစ်ခုမျှ မရှိပေ။ ကျွန်ုပ်တို့သည် မိမိတို့၏လုပ်ဆောင်ချက်များအတွက် ထိုအရှင်ထံ ဝန်ခံကြရမည်။
ငါသည် သူ၏သားသမီးများကို အသက်ဆုံးစေမည်။ ငါသည် လူတို့၏စိတ်နှလုံးနှင့် အကြံအစည်ကိုဆန်းစစ်သောသူဖြစ်ကြောင်း အသင်းတော်အပေါင်းတို့သည် သိကြလိမ့်မည်။ သင်တို့အသီးသီး၏အကျင့်နှင့်အညီ ထိုက်သင့်သည့်အတိုင်း ငါပေးဆပ်မည်။