မည်သို့ပင်ဖြစ်စေ အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်းတရားသည် အစိုးရ၏။ ဘုရားသခင်၏ပညတ်တော်ကို အာဒံချိုးဖောက်၍ အပြစ်ကျူးလွန်သည့်နည်းတူ မကျူးလွန်ခဲ့သောသူတို့ပင် သေကြရ၏။ အာဒံသည် နောင်အခါ ပေါ်ထွန်းလာမည့် ခရစ်တော်၏ နမူနာပုံဖြစ်၏။
ရောမ 6:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်သည် ထပ်မံသေဆုံးမည်မဟုတ်ကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ သေခြင်းတရားသည် ခရစ်တော်ကို အစိုးမရတော့ချေ။ Common Language Bible ခရစ်တော်သည်သေခြင်းမှရှင်ပြန်ထမြောက် တော်မူသဖြင့် နောင်အစဉ်သေခြင်းတရားနှင့် ကင်းလွတ်တော်မူကြောင်းကိုငါတို့သိကြ၏။ သေခြင်းတရားသည်ကိုယ်တော်ကိုအစိုးမရ တော့ပေ။- Judson Bible သေခြင်းတရားသည် နောက်တစ်ဖန် ကိုယ်တော်ကို မအုပ်စိုးရသည်ကို ထောက်သော်၊ ငါတို့သည် ခရစ်တော်နှင့် အတူသေလျှင်၊ ထိုသခင်နှင့် အတူ ရှင်လိမ့်မည်ဟု သဘောရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သေသောသူတို့ထဲမှ ထမြောက်တော်မူသောခရစ်တော်သည် နောက်တစ်ဖန်သေတော့မည်မဟုတ်ကြောင်း ငါတို့သိကြ၏။ သေခြင်းသည် ကိုယ်တော်ကို အစိုးတရပြုတော့မည်မဟုတ်။ |
မည်သို့ပင်ဖြစ်စေ အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်းတရားသည် အစိုးရ၏။ ဘုရားသခင်၏ပညတ်တော်ကို အာဒံချိုးဖောက်၍ အပြစ်ကျူးလွန်သည့်နည်းတူ မကျူးလွန်ခဲ့သောသူတို့ပင် သေကြရ၏။ အာဒံသည် နောင်အခါ ပေါ်ထွန်းလာမည့် ခရစ်တော်၏ နမူနာပုံဖြစ်၏။
ခရစ်တော်အသေခံတော်မူသည်မှာ အပြစ်တရားကို ဖျက်ဆီးရန် တစ်ကြိမ်တည်းနှင့်အပြီး အသေခံတော်မူခြင်းဖြစ်၏။ ယခု အသက်ရှင်တော်မူသည်မှာ ဘုရားသခင်အတွက် အသက်ရှင်တော်မူခြင်းဖြစ်၏။
သင်တို့သည် ပညတ်တရား၏ လက်အောက်၌ အသက်မရှင်တော့ဘဲ ဘုရားသခင့်ကျေးဇူးတရား၏ လွပ်လပ်မှုအောက်တွင် အသက်ရှင်သဖြင့် အပြစ်တရားသည် သင်တို့၏ အရှင်သခင်မဟုတ်တော့ပေ။
ထိုသို့ ကျွန်ုပ်တို့သည် နှစ်ခြင်းမင်္ဂလာခံယူခြင်းဖြင့် ခရစ်တော်နှင့်အတူ အသေခံ၍ သင်္ဂြိုဟ်ခံခဲ့ကြ၏။ ဤသို့ပြုရသည်မှာ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးတော်အားဖြင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဘဝသစ်၌ အသက်ရှင်နေထိုင်နိုင်ရန်ဖြစ်၏။
ထိုယဇ်ပုရောဟိတ်သည် လေဝိအနွယ်မှ ဖြစ်ရမည်ဟူသော ပညတ်တရား၏ စည်းမျဉ်းအရ မဟုတ်ဘဲ မိမိ၏မပျက်စီးနိုင်သောအသက်တန်ခိုးအရ ယဇ်ပုရောဟိတ်ဖြစ်လာ၏။
ထို့ကြောင့် ကိုယ်တော်သည် မိမိကိုအမှီပြု၍ ဘုရားသခင်ထံသို့ ချဉ်းကပ်လာသူများကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် ထာဝရအသက်ရှင်နေသောကြောင့်ဖြစ်၏။
ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ယခုတွင်မူ အစဉ်ထာဝရအသက်ရှင်၏။ ငါသည် သေခြင်းတရားနှင့် မရဏနိုင်ငံကို အစိုးရ၏။