ထိုအဖြစ်အပျက်ကို မြင်သော် လူထုပရိသတ်တို့သည် အလွန်ကြောက်ရွံ့ကြ၏။ ထိုကဲ့သို့သောအခွင့်အာဏာကို လူတို့အား ပေးတော်မူသည့် ဘုရားသခင်၏ ဂုဏ်တော်ကိုလည်း ချီးမွမ်းကြ၏။
ရောမ 4:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ဘုရားသခင်၏ ကတိတော်ကို ယုံမှားသံသယမဖြစ်ပေ။ ယုံကြည်ခြင်းသာ ပိုမိုခိုင်မာလာ၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။ Common Language Bible သူသည်အဘယ်အခါ၌မျှဘုရားသခင် ၏ကတိတော်ကိုယုံမှားသံသယမဖြစ်။ ကိုယ်တော့်အပေါ်ယုံကြည်မှုကိုလည်းမစွန့် လွှတ်။ ဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍ ခွန်အားပြည့်ဝလာ၏။ ထို့ကြောင့်သူသည် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းပေ သည်။- Garrad Bible ဘု ရား သ ခင်၏ က တိ တော် ကို ယုံ မှား သံ သ ယ ကင်း လျက်၊ ဘုန်း တော် ကို ချီး မြှောက် လျက်၊ က တိ တော် အ တိုင်း ဆောင် ရွက် တော် မူ နိုင် ကြောင်း စိတ် လုံး လုံး ချ၍ ယုံ ကြည် ခြင်း တိုး တက် သ ဖြင့်၊ Judson Bible ယုံမှားသောစိတ်နှင့်ကင်း၍ ဘုရားသခင်၏ ကတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည်အားကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း၍၊- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏ကတိတော်အပေါ်၌ ယုံမှားသံသယမရှိဘဲ ယုံကြည်ခြင်းအားကြီးလျက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကာ |
ထိုအဖြစ်အပျက်ကို မြင်သော် လူထုပရိသတ်တို့သည် အလွန်ကြောက်ရွံ့ကြ၏။ ထိုကဲ့သို့သောအခွင့်အာဏာကို လူတို့အား ပေးတော်မူသည့် ဘုရားသခင်၏ ဂုဏ်တော်ကိုလည်း ချီးမွမ်းကြ၏။
ဇာခရိကလည်း ကောင်းကင်တမန်အား “ဤသို့ဖြစ်မည်ကို မည်သို့သိနိုင်ပါမည်နည်း။ အကျွန်ုပ်သည် အိုမင်းသောသူဖြစ်၍ အကျွန်ုပ်၏ဇနီးသည်လည်း အသက်ကြီးရင့်လှပြီ” ဟု ပြန်ပြောလေ၏။
သင်သည် ထာဝရဘုရား မိန့်တော်မူသောအရာများ ပြည့်စုံမည်ဟု ယုံကြည်သောကြောင့် မင်္ဂလာရှိ၏” ဟု ကျယ်လောင်သောအသံဖြင့် ပြောဆို၏။
သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ကြလော့။ သတ္တိရှိကြလော့။ အားတင်းထားကြလော့။
သို့ဖြစ်၍ ခရစ်တော်အတွက်ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခက်ခဲခြင်းတို့ကို ကျွန်ုပ်ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အားနည်းသောအခါ ခရစ်တော်၏တန်ခိုးအားဖြင့် အားကြီးလျက်ရှိသောကြောင့်ဖြစ်၏။
နိဂုံးချုပ်အားဖြင့် ဆိုရလျှင် သင်တို့သည် သခင်ဘုရားအားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ သာလွန်ထူးကဲသောတန်ခိုးတော်အားဖြင့်လည်းကောင်း ကြံ့ခိုင်ကြလော့။
ကျွန်ုပ်၏သား တိမောသေ… ယေရှုခရစ်တော်ပေးတော်မူသော ကျေးဇူးတော်ဖြင့် ကြံ့ခိုင်လော့။