ခိုက်ရန်ဖြစ်ခြင်းကို ပြေငြိမ်းစေသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်၏ သားသမီးများဟု ခေါ်ခံကြရမည်ဖြစ်သောကြောင့်ပင်။
ယာကုပ် 3:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငြိမ်းချမ်းခြင်းမျိုးစေ့ကို ကြဲသော ငြိမ်းချမ်းရေးဖော်ဆောင်သူများသည် ဖြောင့်မတ်ခြင်း၏ အသီးအနှံကို ရိတ်ကြရ၏။ Common Language Bible ငြိမ်းချမ်းရေးဆောင်ရွက်သူတို့ငြိမ်းချမ်းစွာ စိုက်ပျိုးသည့်မျိုးစေ့များမှဖြစ်ပွားသည့် အသီးအပွင့်ကားကောင်းမြတ်ခြင်းပေတည်း။ Garrad Bible ဖျန် ဖြေ သူ တို့ ကြဲ သော အ သင့် အ တင့် မျိုး မှ ဖြောင့် မတ် ခြင်း အ သီး ဖြစ် ထွန်း လိမ့် သ တည်း။ Judson Bible အသင့်အတင့်နေခြင်းငှာပြုစုတတ်သော သူတို့သည် ဖြောင့်မတ်ခြင်းတရား၏ မျိုးစေ့ကို ငြိမ်သက်စွာ ကြဲတတ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ငြိမ်းချမ်းမှုကိုဖြစ်စေသောသူတို့သည် ဖြောင့်မတ်ခြင်းအသီး၏မျိုးစေ့ကို ငြိမ်းချမ်းစွာကြဲတတ်ကြ၏။ |
ခိုက်ရန်ဖြစ်ခြင်းကို ပြေငြိမ်းစေသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဘုရားသခင်၏ သားသမီးများဟု ခေါ်ခံကြရမည်ဖြစ်သောကြောင့်ပင်။
ရိတ်သိမ်းသူသည် လုပ်အားခကို ရ၏။ သူသည် ထာဝရအသက်အတွက် သီးနှံတို့ကို ရိတ်သိမ်း၏။ ထို့ကြောင့် စိုက်ပျိုးသူနှင့် ရိတ်သိမ်းသူတို့သည် အတူတကွ ဝမ်းမြောက်ကြလိမ့်မည်။
လူ့ဗီဇစိတ်ကို အလိုလိုက်၍ စိုက်ပျိုးသောသူသည် ဗီဇစိတ်မှ ပျက်စီးခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်၏ အလိုတော်အတိုင်း စိုက်ပျိုးသောသူသည် ဝိညာဉ်တော်ထံမှ ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။
ထို့ပြင် သင်တို့သည် ယေရှုခရစ်တော်ကြောင့် ရရှိသည့် ဖြောင့်မတ်ခြင်း၏ အသီးအပွင့်နှင့် ပြည့်လျက် လူတို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကို ချီးမွမ်းကြရန် ကျွန်ုပ်ဆုတောင်း၏။
ဆုံးမခြင်းသည် ခံရစဉ်တွင် ဝမ်းမြောက်စရာဟု မထင်မှတ်ဘဲ နာကျင်စရာဟု ထင်မှတ်ရ၏။ သို့သော်လည်း ထိုဆုံးမခြင်းအားဖြင့် လေ့ကျင့်ပေးခြင်းခံရသူများသည် နောက်မှ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့် ငြိမ်းချမ်းခြင်းအကျိုးကျေးဇူးကို ခံစားရလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် လူ့ဒေါသသည် ဘုရားသခင်အလိုရှိတော်မူသည့် ဖြောင့်မတ်သောဘဝသို့ မရောက်စေနိုင်သောကြောင့် ဖြစ်၏။