အသီးအားဖြင့် အပင်အမျိုးအစားကို သိရ၏။ အသီးကောင်းလျှင် အပင်ကောင်း၏။ အသီးမကောင်းလျှင် အပင်သည်လည်း ကောင်းမည်မဟုတ်။
မဿဲ 23:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အို မျက်မမြင်သောဖာရိရှဲ… ခွက်နှင့်ပန်းကန်၏ အတွင်းဘက်ကို ဦးစွာဆေးကြောလော့။ ထိုသို့ပြုလျှင် အပြင်ဘက်သည်လည်း သန့်ရှင်းလိမ့်မည်။ Common Language Bible မျက်မမြင်ဖာရိရှဲတို့၊ ပန်းကန်ခွက်ယောက်များ အတွင်းဘက်ကိုဦးစွာဆေးကြောကြလော့။ သို့ ပြုလျှင်ပြင်ပသည်လည်းသန့်ရှင်းစင်ကြယ် လာလိမ့်မည်။'' Garrad Bible မျက် မ မြင် သော အ ချင်း ဖာ ရိ ရှဲ၊ အိုး ခွက် ပြင် ဘက် စင် ကြယ် ရာ ရောက် စေ ရန် အ တွင်း ကို ဦး စွာ ဆေး ကြော လော့။ Judson Bible မျက်စိကန်းသော ဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း၌ ရှေ့ဦးစွာ ဆေးကြောလော့။ သို့ပြုလျှင် အပြင်ကား သန့်ရှင်းလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း မျက်စိမမြင်သောဖာရိရှဲတို့၊ ခွက်၏အတွင်းဘက်ကို ဦးစွာစင်ကြယ်စေကြလော့။ ထိုသို့ပြုလျှင် ၎င်း၏အပြင်ဘက်လည်း စင်ကြယ်လာလိမ့်မည်။ မြန်မာ မျက်စိကန်းသော ဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း၌ ရှေ့ဦးစွာ ဆေးကြောလော့။ သို့ပြုလျှင် အပြင်ကား သန့်ရှင်းလိမ့်မည်။- |
အသီးအားဖြင့် အပင်အမျိုးအစားကို သိရ၏။ အသီးကောင်းလျှင် အပင်ကောင်း၏။ အသီးမကောင်းလျှင် အပင်သည်လည်း ကောင်းမည်မဟုတ်။
ထိုမိန်းကလေးသည်လည်း မိခင်၏တိုက်တွန်းချက်ဖြင့် “နှစ်ခြင်းဆရာယောဟန်၏ ဦးခေါင်းကို လင်ပန်းတွင်တင်၍ ပေးတော်မူပါ” ဟု တောင်းဆိုလေ၏။
ထိုနည်းတူ ဈေးမှ ပြန်လာသောအခါ၌လည်း လက်ကို မဆေးကြောဘဲ စားလေ့မရှိကြ။ ထို့ပြင် ခွက်၊ ကရားနှင့် ကြေးဖလားတို့ကို ဆေးကြောခြင်းအစဉ်အလာစသည့် အခြားသော ဓလေ့ထုံးတမ်းများလည်း ရှိ၏။)
ထိုအခါ ယေရှုက “ဖာရိရှဲတို့… သင်တို့သည် ခွက်နှင့်ပန်းကန်၏အပြင်ဘက်ကို ဆေးကြောကြသော်လည်း အတွင်း၌မူ လောဘကြီးခြင်း၊ ဆိုးယုတ်ခြင်းနှင့် ပြည့်ကြ၏။
ကောင်းသောသူသည် ကောင်းသောအရာများကို ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ထုတ်ဖော်တတ်၏။ မကောင်းသောသူသည်လည်း မကောင်းသောအရာများကို မကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှ ထုတ်ဖော်တတ်၏။ အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးထဲတွင် ပြည့်နေသည့်အရာများကို နှုတ်မှပြောဆိုတတ်သောကြောင့်ဖြစ်၏။
ချစ်ရသောသူတို့… ကျွန်ုပ်တို့၌ ဘုရားသခင်ပေးတော်မူသော အထက်ပါကတိတော်များရှိသောကြောင့် ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ညစ်ညမ်းစေသောအရာတို့မှ မိမိကိုယ်ကိုယ် စင်ကြယ်စေ၍ ဘုရားသခင်ကို ရိုသေသောအားဖြင့် လုံးဝသန့်ရှင်းစေကြစို့။
သို့ဖြစ်၍ ကျွန်ုပ်တို့၏စိတ်နှလုံးသားကို အပြစ်ရှိကြောင်းထင်မှတ်သောအသိစိတ်မှ ရှင်းလင်းစေရန် ကိုယ်တော်၏အသွေးတော်ဖြင့် ဖျန်းခြင်း၊ ကိုယ်ခန္ဓာကိုလည်း သန့်စင်သောရေဖြင့် ဆေးကြောခြင်းတို့ကို ခံယူလျက် စစ်မှန်သောစိတ်နှလုံးနှင့် ယုံကြည်ခြင်းကြောင့် ဖြစ်တည်သော စိတ်ချမှုအပြည့်ဖြင့် ဘုရားသခင်ထံ ချဉ်းကပ်ကြပါစို့။
ဘုရားသခင်ထံသို့ ချဉ်းကပ်လော့။ သို့ပြုလျှင် ဘုရားသခင်သည် သင်တို့ထံသို့ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့… သင်တို့လက်ကို ဆေးကြောကြလော့။ စိတ်နှစ်ခွရှိသောသူတို့… သင်တို့၏စိတ်နှလုံးသားကို သန့်ရှင်းစေကြလော့။