Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 23:27 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 သူတော်ကောင်း​ယောင်ဆောင်သော ကျမ်းတတ်ဆရာများ​နှင့် ဖာရိရှဲတို့… သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့​သည် ထုံးဖြူ​သုတ်ထားသော အုတ်ဂူများ​နှင့်​တူ​၍ အပြင်ဘက်​၌ လှပ​သော်လည်း အတွင်း​တွင်မူ လူသေရိုးများ​နှင့် အညစ်အကြေး​ပေါင်းစုံ​တို့ဖြင့် ပြည့်​လျက်​ရှိ​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 ``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​ထုံး​ဖြူ​သုတ်​သော​သင်္ချိုင်း​ဂူ​များ​နှင့် တူ​ကြ​၏။ ထို​ဂူ​တို့​သည်​ပြင်​ပ​သဏ္ဌာန်​အား​ဖြင့် လှ​သော်​လည်း အ​တွင်း​၌​မူ​ကား​လူ​သေ​အ​ရိုး နှင့်​ပုပ်​နေ​သော​အ​လောင်း​ကောင်​တို့​ဖြင့်​ပြည့် နှက်​နေ​တော့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 သီ လ ကြောင် ဖြစ် သူ ကျမ်း တတ် ဆ ရာ နှင့် ဖာ ရိ ရှဲ တို့ သင် တို့၌ အ မင်္ဂ လာ ရှိ၏။ သင် တို့ သည် အ တွင်း က လူ သေ အ ရိုး မှ စ၍ မ သန့် ရာ အ မျိုး မျိုး နှင့် ပြည့် လျက် အ ပြင် က ထုံး ဖြူ သုတ်၍ လှ ပ တင့် တယ် သော သင်္ချိုင်း နှင့် တူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 လျှို့​ဝှက်​သော ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ဖြူ​သုတ်​သော သင်္ချိုင်း​တွင်း​နှင့် တူ​ကြ၏။ ထို​တွင်း​သည် အ​ပြင်၌ တင့်​တယ်​စွ​တ​ကား။ အ​တွင်း၌​ကား လူ​သေ​အ​ရိုး၊ အ​ညစ်​အ​ကြေး​အ​မျိုး​မျိုး​နှင့် ပြည့်​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 သူတော်ကောင်း​ယောင်ဆောင်​သော ကျမ်းပြု​ဆရာ​နှင့်​ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ထုံးဖြူ​သုတ်​ထား​သည့် သင်္ချိုင်း​ဂူ​များ​နှင့်​တူ​ကြ​၏။ ၎င်း​တို့​သည် အပြင်​ဘက်​၌ တင့်တယ်​စွာ​ထင်ရှား​သော်လည်း အတွင်း​၌​ကား လူသေ​တို့​၏​အရိုး​များ​နှင့် ညစ်ညူး​သော​အရာ​အမျိုးမျိုး​တို့​ဖြင့် ပြည့်နှက်​လျက်​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

27 လျှို့​ဝှက်​သော ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ဖြူ​သုတ်​သော သင်္ချိုင်း​တွင်း​နှင့် တူ​ကြ၏။ ထို​တွင်း​သည် အ​ပြင်၌ တင့်​တယ်​စွ​တ​ကား။ အ​တွင်း၌​ကား လူ​သေ​အ​ရိုး၊ အ​ညစ်​အ​ကြေး​အ​မျိုး​မျိုး​နှင့် ပြည့်​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 23:27
7 ပူးပေါင်းရင်းမြစ်များ  

သင်တို့​သည်လည်း အပြင်ပန်း​အားဖြင့် ဖြောင့်မတ်ဟန်​ရှိ၏။ သို့သော်လည်း အတွင်း​တွင် သူတော်ကောင်း​ယောင်ဆောင်ခြင်း​နှင့် တရားမဲ့ခြင်း​တို့​ဖြင့် ပြည့်​လျက်​ရှိ၏။


သင်တို့​သည် အမင်္ဂလာ​ရှိကြ၏။ သင်တို့​သည် အမှတ်အသား​မရှိသည့် သင်္ချိုင်း​နှင့် တူကြ၏။ ၎င်း​အပေါ်​တွင် လူတို့​သည် သတိမပြုမိဘဲ လျှောက်သွားတတ်​ကြ၏” ဟု မိန့်တော်မူ၏။


ထို့ကြောင့် ပေါလု​က ယဇ်ပုရောဟိတ်မင်း​အား “အို အကျင့်ပျက်ခြစား​၍ သူတော်ကောင်း​ယောင်ဆောင်သူ… ဘုရားသခင်​သည် သင့်​ကို​ရိုက်တော်မူ​လိမ့်မည်။ သင်​သည် ပညတ်ကျမ်း​အတိုင်း ကျွန်ုပ်​ကို တရားစီရင်​ရန် ထိုင်​လျက်​နေစဉ် ထို​ပညတ်တရား​ကို ကိုယ်တိုင်​ချိုးဖောက်​၍ ကျွန်ုပ်​ကို ရိုက်​ရန် အမိန့်​ပေးသလော” ဟု ဆိုလေ၏။


သင်တို့​အား အရေပြားလှီးခြင်း​မင်္ဂလာ​ခံယူ​ရန် အတင်းအကျပ် စေခိုင်း​လျက်​ရှိသော​သူတို့​သည် အပြင်ပန်း​တင့်တယ်​လိုကြ၏။ ထိုသို့ စေခိုင်းသည်​မှာ ခရစ်တော်​၏ လက်ဝါးကပ်တိုင်​တရား​ကသာ ကယ်တင်နိုင်သည်​ဟူ၍ ဟောပြောခြင်း​အတွက် ခံရမည့် ညှဉ်းပန်းနှိပ်စက်ခြင်း​ကို မလိုလား​သောကြောင့် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ