မဿဲ 20:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အထွတ်အမြတ်ဖြစ်လိုသောသူသည် သင်တို့၏ ကျွန်ဖြစ်ရမည်။ Common Language Bible အကြီးမြတ်ဆုံးဖြစ်လိုသူသည်သင်တို့၏ကျွန် ဖြစ်ရမည်။- Garrad Bible အ ဦး ဆုံး ကျ လို သူ လည်း သင် တို့ ထံ ကျွန် ခံ စေ။ Judson Bible သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာ မလာ၊- မြန်မာ သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာ မလာ၊- |
သင်တို့ကမူ ထိုသို့မပြုကြနှင့်။ သင်တို့အထဲတွင် ခေါင်းဆောင်ဖြစ်လိုသူသည် သင်တို့၏ အစေခံဖြစ်ရမည်။
လူသားပင်လျှင် သူတစ်ပါးကိုစေခိုင်းရန် ကြွလာသည်မဟုတ်။ သူတစ်ပါးအား အစေခံရန်နှင့် မိမိအသက်ကို စွန့်၍ လူများအား ရွေးနုတ်ရန် ကြွလာသည်” ဟု မိန့်တော်မူ၏။
သို့သော် သင်တို့ကမူ ထိုကဲ့သို့မဖြစ်စေနှင့်။ သင်တို့အထဲတွင် အမြင့်မြတ်ဆုံးဖြစ်သောသူသည် အသေးနုပ်ဆုံးကဲ့သို့လည်းကောင်း၊ ခေါင်းဆောင်ဖြစ်သောသူသည် အစေခံကဲ့သို့လည်းကောင်း နေရမည်။
တစ်ဖက်တွင်လည်း လူယဉ်ကျေး၊ လူရိုင်းစိုင်း၊ ပညာရှိ၊ ပညာမဲ့စသည့် လူသားအပေါင်းတို့အတွက် ကျွန်ုပ်တွင် တာဝန်ရှိ၏။
ထို့ကြောင့် ကျွန်ုပ်သည် သင်တို့၏စိတ်ဝိညာဉ်အတွက် ကျွန်ုပ်၌ ရှိသမျှသောငွေကြေးဥစ္စာများနှင့် စိတ်ရောကိုယ်ပါ ဝမ်းမြောက်စွာ ပေးအပ်မည်။ ကျွန်ုပ်သည် သင်တို့အပေါ် ဤမျှမေတ္တာထားလျှင် ကျွန်ုပ်အပေါ်ထားသော သင်တို့၏မေတ္တာသည် လျော့ပါးသွားမည်လော။
ကျွန်ုပ်တို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်တော်သည် သခင်ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့သည် ယေရှုအတွက် သင်တို့၏ အစေအပါးများဖြစ်ကြောင်းကို ဟောပြောကြခြင်းဖြစ်၏။