ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
မဿဲ 20:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါပိုင်သည့် ငွေကို ငါသုံးလိုသည့်အတိုင်း သုံးခွင့်မရှိသလော။ ငါသည် ရက်ရောသောကြောင့် သင်တို့သည် မနာလိုစိတ်ရှိသလော’ ဟု တုံ့ပြန်၏။ Common Language Bible ငါပိုင်သည့်ငွေကိုငါအလိုရှိသည့်အတိုင်းမသုံး စွဲအပ်ပါသလော။ ငါရက်ရောသောကြောင့်သင် မနာလိုဝန်တိုစိတ်ရှိသလော' ဟုဆို၏'' ဟူ၍ မိန့်တော်မူသည်။ Garrad Bible ကိုယ် ပိုင် ပ စ္စည်း ကို ငါ ပြု လို ရာ မ ပြု အပ် သ လော။ ငါ သ ဘော ကောင်း ၍ သင် မျက် မုန်း ကြိုး ရ သ လော ဟု တစ် ယောက် ယောက် အား ပြန် ဆို၏။ Judson Bible ငါသည် ကိုယ်ဥစ္စာကို ပြုလိုသမျှမပြုရာသလော။ ငါ့သဘောကောင်းသောကြောင့် သင်သည် မျက်မုန်းကြိုးရသလောဟု ဆိုလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါပိုင်ဆိုင်သောဥစ္စာဖြင့် ငါပြုလိုသည့်အရာကို ငါပြုပိုင်ခွင့်မရှိသလော။ သို့မဟုတ် ငါသည် သဘောကောင်းသောကြောင့် သင်သည် မရှုဆိတ်ဖြစ်နေသလော’ဟု ဆိုလေ၏။ မြန်မာ ငါသည် ကိုယ်ဥစ္စာကို ပြုလိုသမျှမပြုရာသလော။ ငါ့သဘောကောင်းသောကြောင့် သင်သည် မျက်မုန်းကြိုးရသလောဟု ဆိုလေ၏။- |
ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
သင်ရထိုက်သည့်လုပ်အားခကို ယူ၍ ပြန်လော့။ နောက်မှ ဝင်သောသူတို့ကိုလည်း သင့်ကို ပေးသကဲ့သို့ ငါပေးလို၏။
သို့ရာတွင် သင်၏ မျက်စိသည် မကောင်းလျှင် သင်၏ ကိုယ်ခန္ဓာတစ်ခုလုံး မှောင်မိုက်နေလိမ့်မည်။ ထို့ကြောင့် သင့်အထဲ၌ ရှိသည့် အလင်းဟု သင်ထင်မှတ်သောအရာသည် အမှောင်ဖြစ်ပါက ထိုအမှောင်သည် အလွန်မှောင်လိမ့်မည်။
သူတစ်ပါးသားမယားကိုပြစ်မှားခြင်း၊ လောဘလွန်ကြူးခြင်း၊ ဆိုးယုတ်ခြင်း၊ လှည့်စားခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် ပညာမဲ့ခြင်း၊
သားတော်သည် ကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးနိုင်ရန် ကိုယ်တော်သည် သားတော်အား လူသားအားလုံးအပေါ် အုပ်စိုးရသောအခွင့်အာဏာကို ပေးအပ်ထားတော်မူပြီ။
သို့သော် ဂျူးတို့သည် ထိုလူအုပ်ကို မြင်သောအခါ မနာလိုစိတ်နှင့် ပြည့်ကြသဖြင့် ပေါလုဟောပြောသောအရာများကို ဆန့်ကျင်၍ ပေါလုအား စော်ကားပြောဆိုကြ၏။
မည်သူသည် သင့်ကို အခြားသူထက် ထူးခြားစေသနည်း။ ဘုရားသခင် ပေးတော်မမူလျှင် သင်၌ မည်သည့်အရာရှိမည်နည်း။ သင်၌ ရှိသောအရာမှန်သမျှသည် ဘုရားသခင်ထံတော်မှ ဖြစ်ပါလျက်နှင့် ဘုရားသခင်ထံတော်မှ ရရှိသည့်အရာမဟုတ်သကဲ့သို့ အဘယ်ကြောင့် ကြွားဝါသနည်း။
အရာအားလုံးကို မိမိအလိုတော်နှင့်ညီသော အကြံအစည်တော်အတိုင်း လုပ်ဆောင်တော်မူသည့်ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ရှေးယခင်ကပင် ကြိုတင်သတ်မှတ်တော်မူသည့်အတိုင်း မိမိ၏အမွေခံများအဖြစ် ရွေးချယ်တော်မူ၏။
ယခင်က သင်တို့သည် မိမိတို့၏ ဒုစရိုက်များနှင့် အပြစ်များကြောင့် သေလူကဲ့သို့ ဖြစ်ကြ၏။
အပြစ်များကြောင့် သေလျက်ရှိသော ကျွန်ုပ်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူ၏။ သင်တို့ ကယ်တင်ခြင်းခံရသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။
ကိုယ်တော်သည် မိမိအလိုတော်နှင့်အညီ သမ္မာတရားစကားအားဖြင့် ကျွန်ုပ်တို့ကို ဖြစ်ပွားစေတော်မူ၏။ ဤအရာမှာ ဖန်ဆင်းတော်မူသမျှသောအရာတို့တွင် ကျွန်ုပ်တို့အား အဦးဆုံးသောအသီးကဲ့သို့ ဖြစ်စေရန် ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… အပြစ်စီရင်ခြင်း မခံရရန် အချင်းချင်း အပြစ်တင်၍ မညည်းတွားကြနှင့်။ ကြည့်လော့။ တရားစီရင်သောအရှင်သည် တံခါးဝတွင် ရပ်နေတော်မူ၏။