သို့သော်လည်း သူတို့စိတ်အနှောင့်အယှက်မဖြစ်စေရန် အိုင်သို့ သွား၍ ငါးမျှားလော့။ အဦးဆုံးရသောငါးကို ယူ၍ ပါးစပ်ကို ဖွင့်လျှင် ငွေဒင်္ဂါးတစ်ပြားကို တွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါနှင့် သင့်အတွက် အခွန်ကို ပေးဆောင်လော့” ဟု မိန့်တော်မူ၏။
မဿဲ 18:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ကိုယုံကြည်သော ကလေးငယ်တစ်စုံတစ်ယောက်အား မှားယွင်းစေသောသူသည် ကြီးသောကြိတ်ဆုံကျောက်ကို လည်၌ ဆွဲလျက် နက်သောပင်လယ်ထဲသို့ ပစ်ချခံရလျှင် ပို၍ကောင်း၏။ Common Language Bible ``ငါ့ကိုယုံကြည်ကိုးစားသည့်ကလေးသူငယ် တစ်စုံတစ်ယောက်အားယုံကြည်ခြင်းပျက်ပြယ် စေသောသူမူကား လည်တွင်ကြိတ်ဆုံကျောက်ကြီး ကိုဆွဲလျက်ပင်လယ်နက်ထဲသို့အချခံရလျှင် သူ့အဖို့သာ၍ကောင်း၏။- Garrad Bible ငါ့ အား ယုံ ကြည် သော ဤ လူ ငယ် တစ် ယောက် ယောက် ကို တိုက် လဲ စေ သော သူ မူ ကား လည် တွင် ကြိတ် ဆုံ ကျောက် ဆွဲ လျက် ပင် လယ် နက် ရှိုင်း ရာ၌ နှစ် မြှုပ် ခံ ရ လျှင် ကောင်း၏။ Judson Bible ငါ့ကိုယုံကြည်သော ဤသူငယ် တစ်စုံတစ်ယောက်ကို အကြင်သူသည် မှားယွင်းစေ၏၊ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ နက်နဲသောပင်လယ်၌ နှစ်မြှုပ်ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါ့ကိုယုံကြည်သည့် ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မှားယွင်းစေသောသူသည် ကြီးမားသောကြိတ်ဆုံကျောက်ကို သူ့လည်ပင်း၌ဆွဲလျက် ပင်လယ်၏ရေနက်ရာတွင် နှစ်မြှုပ်ခံရလျှင် သူ့အတွက် သာ၍ကောင်း၏။ မြန်မာ ငါ့ကိုယုံကြည်သော ဤသူငယ် တစ်စုံတစ်ယောက်ကို အကြင်သူသည် မှားယွင်းစေ၏၊ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍ နက်နဲသောပင်လယ်၌ နှစ်မြှုပ်ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။ |
သို့သော်လည်း သူတို့စိတ်အနှောင့်အယှက်မဖြစ်စေရန် အိုင်သို့ သွား၍ ငါးမျှားလော့။ အဦးဆုံးရသောငါးကို ယူ၍ ပါးစပ်ကို ဖွင့်လျှင် ငွေဒင်္ဂါးတစ်ပြားကို တွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါနှင့် သင့်အတွက် အခွန်ကို ပေးဆောင်လော့” ဟု မိန့်တော်မူ၏။
ကလေးငယ်တစ်ဦးတစ်ယောက်အပေါ်၌ မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ ကောင်းကင်ဘုံတွင်ရှိသော ထိုကလေးငယ်တို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြော်ကြရသည်ဟု သင်တို့အား ငါပြောဆို၏။
ထိုကဲ့သို့ပင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် ဤကလေးငယ်တစ်စုံတစ်ယောက်ကိုမျှ ပျက်စီးစေရန် အလိုတော်မရှိ။
ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောကလေးငယ်ကို လက်ခံသောသူသည် ငါ့ကိုလည်းလက်ခံ၏။
သို့သော် ငါ့ကိုယုံကြည်သော ကလေးငယ်တစ်စုံတစ်ယောက်ကို မှားယွင်းစေသောသူသည် ကြီးသောကြိတ်ဆုံကျောက်ကို လည်၌ ဆွဲလျက် နက်သောပင်လယ်ထဲသို့ ပစ်ချခံရလျှင် ပို၍ကောင်း၏။
ရှောလုကလည်း “သခင်… ကိုယ်တော်သည် မည်သူဖြစ်ပါသနည်း” ဟု လျှောက်၏။ ထိုအသံရှင်က “ငါသည် သင်ညှဉ်းပန်းနှိပ်စက်နေသောယေရှုဖြစ်၏။
အသားစားခြင်း၊ စပျစ်ဝိုင်သောက်ခြင်းစသော သင်၏ ညီအစ်ကိုမောင်နှမတစ်ဦးဦး တိုက်မိ၍လဲစရာဖြစ်စေမည့် အရာမှန်သမျှကို ရှောင်သင့်၏။