ထိုအခါ ပေတရုက “သခင်… ကိုယ်တော်ဖြစ်ပါက အကျွန်ုပ်ကို သခင့်ထံတော်သို့ ရေပေါ်မှ လာရန် အမိန့်ရှိတော်မူပါ” ဟု လျှောက်၏။
မဿဲ 14:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “လာခဲ့လော့” ဟု မိန့်တော်မူသော် ပေတရုသည် လှေပေါ်မှဆင်း၍ ရေပေါ်သို့လျှောက်ကာ ယေရှုထံသို့ လှမ်းသွားလေ၏။ Common Language Bible ကိုယ်တော်က ``လာခဲ့လော့'' ဟုမိန့်တော်မူလျှင် ပေတရုသည်လှေပေါ်ကဆင်း၍ရေပေါ်တွင် လျှောက်ကာသခင်ယေရှုထံသို့သွားလေ၏။- Garrad Bible လာ ခဲ့ ဟု မိန့် တော် မူ သည့် အ တိုင်း ပေ တ ရု သည် လှေ ပေါ် က ဆင်း ပြီး လျှင် ယေ ရှု ထံ ရောက် ရန် ရေ ပေါ် တွင် လျှောက် သွား၏။ Judson Bible လာခဲ့လော့ဟု မိန့်တော်မူ၏။ ပေတရုသည် လှေပေါ်ကဆင်း၍ ယေရှုထံသို့ရောက်အံ့သောငှာ ရေပေါ်မှာ လှမ်းသွား၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“လာခဲ့လော့”ဟု မိန့်တော်မူရာ ပေတရုသည် လှေမှဆင်း၍ ရေပေါ်လမ်းလျှောက်လျက် ယေရှုထံသို့သွားလေ၏။ မြန်မာ လာခဲ့လော့ဟု မိန့်တော်မူ၏။ ပေတရုသည် လှေပေါ်ကဆင်း၍ ယေရှုထံသို့ရောက်အံ့သောငှာ ရေပေါ်မှာ လှမ်းသွား၏။- |
ထိုအခါ ပေတရုက “သခင်… ကိုယ်တော်ဖြစ်ပါက အကျွန်ုပ်ကို သခင့်ထံတော်သို့ ရေပေါ်မှ လာရန် အမိန့်ရှိတော်မူပါ” ဟု လျှောက်၏။
သို့သော် လေပြင်းသည်ကို မြင်သောအခါ ကြောက်လန့်၍ ရေနစ်စပြုသဖြင့် “ကယ်တော်မူပါ သခင်” ဟု အော်ဟစ်လေ၏။
ယေရှုက “သင်တို့၏ ယုံကြည်ခြင်းသည် အားနည်းသောကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆို၏။ သင်တို့တွင် မုန်ညင်းစေ့ခန့်မျှသော ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ ဟု ဆိုလျှင် ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိပါက သင်တို့မတတ်နိုင်သောအရာမရှိ။
ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ သင်တို့သည် သံသယကင်းသော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို ငါပြုသကဲ့သို့ သင်တို့ပြုနိုင်မည်။ ထိုမျှမက ဤတောင်အား ‘ဤနေရာမှ ရွေ့ကာ ပင်လယ်သို့ ကျလော့’ ဟု ပြောလျှင် ပြောသည့်အတိုင်း ဖြစ်လိမ့်မည်။
ယေရှုက “ ‘ငါတတ်နိုင်လျှင်’ ဟု အဘယ်ကြောင့်ဆိုသနည်း။ ယုံကြည်သောသူဖြစ်လျှင် အရာခပ်သိမ်းသည် ဖြစ်နိုင်၏” ဟု မိန့်တော်မူ၏။
သခင်ဘုရားက “သင်တို့တွင် မုန်ညင်းစေ့ခန့်မျှသော ယုံကြည်ခြင်းရှိပါက ပေါက်လျက်ရှိသော ဤပိုးစာပင်အား ‘အမြစ်မကျန်ကျွတ်၍ ပင်လယ်ထဲ၌ စိုက်စေ’ ဟု အမိန့်ပေးလျှင် ထိုအပင်သည် သင်တို့စကားကို နာခံလိမ့်မည်။
ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏ နာမတော်သည် ဤလူကို သန်စွမ်းစေတော်မူ၏။ ယခင်က ဤလူသည် ခြေမသန်စွမ်းသူဖြစ်ကြောင်း သင်တို့သိမြင်ကြ၏။ ထိုသခင်အားဖြင့် ရရှိသော ယုံကြည်ခြင်းသည်လည်း ဤခြေမသန်စွမ်းသူအား သင်တို့အားလုံးရှေ့၌ အကောင်းပကတိအတိုင်း ဖြစ်စေပြီ။
အာဗြဟံသည် အသက်တစ်ရာခန့်ရှိ၍ မိမိခန္ဓာသည် အသေကဲ့သို့ရှိကြောင်းနှင့် မိမိဇနီးစာရာ၏ ဝမ်းသည် မြုံကြောင်းကို ဆင်ခြင်မိသောအခါ၌ပင်လျှင် ယုံကြည်ခြင်းမလျော့နည်းခဲ့ပေ။
ကျွန်ုပ်ကို ခွန်အားပေးတော်မူသော ခရစ်တော်အားဖြင့် ထိုအခြေအနေအားလုံးကို ကျွန်ုပ်ရင်ဆိုင်နိုင်၏။