အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 12:3 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ယေရှု​က “ဒါဝိဒ်မင်း​သည် မိမိ​နှင့် မိမိ​၏​အဖော်များ ဆာလောင်သည့်​အချိန်​၌ မည်သို့​ပြုခဲ့သည်​ကို သင်တို့​မဖတ်ဖူးကြသလော။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​က ``ဒါ​ဝိဒ်​မင်း​သည်​မိ​မိ​နှင့်​အ​ဖော်​တို့ ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ​အ​ဘယ်​သို့​ပြု​ခဲ့ ကြောင်း သင်​တို့​တစ်​ခါ​မျှ​မ​ဖတ်​ဖူး​ပါ​သ​လော။-

အခန်းကိုကြည့်ပါ။

Garrad Bible

ကိုယ် တော် က ဒါ ဝိဒ် မင်း သည် နောက် ပါ တို့ နှင့် တ ကွ ဆာ မွတ် သော အ ခါ

အခန်းကိုကြည့်ပါ။

Judson Bible

ကိုယ်​တော်​က ဒါ​ဝိဒ်​သည် မိ​မိ​အ​ဖော်​တို့​နှင့်​တ​ကွ မွတ်​သိပ်​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော်​က​လည်း“ဒါဝိဒ်​သည် သူ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​သူ​တို့​ဆာလောင်​ကြ​သောအခါ မည်သည့်​အရာ​ပြု​ခဲ့​သည်​ကို သင်​တို့​မ​ဖတ်​ဖူး​ကြ​သလော။

အခန်းကိုကြည့်ပါ။

မြန်မာ

ကိုယ်​တော်​က ဒါ​ဝိဒ်​သည် မိ​မိ​အ​ဖော်​တို့​နှင့်​တ​ကွ မွတ်​သိပ်​သော​အ​ခါ၊-

အခန်းကိုကြည့်ပါ။



မဿဲ 12:3
13 ပူးပေါင်းရင်းမြစ်များ  

သို့သော် ဖာရိရှဲ​တချို့​သည် တပည့်တော်တို့​ပြုသော အရာ​ကို မြင်​သောအခါ “သင်​၏ တပည့်တော်တို့​သည် ပညတ်တရား​အရ ဥပုသ်နေ့​၌ မပြုသင့်သော​အမှု​ကို အဘယ်ကြောင့်​ပြုကြသနည်း” ဟု ကိုယ်တော်​အား လျှောက်ကြ၏။


သူ​နှင့် သူ​၏​အပေါင်းအဖော်တို့​သည် ဘုရားသခင်​၏​အိမ်တော်​အတွင်း​သို့ ဝင်​လျက် ယဇ်ပုရောဟိတ်များ​မှအပ အခြား​မည်သူ​မျှ စားခွင့်​မရှိသည့် သန့်ရှင်းသော​မုန့်​ကို ယူ​၍ စား၏။


ဗိမာန်တော်​၌ တာဝန်ကျသော ယဇ်ပုရောဟိတ်များ​သည် ဥပုသ်နေ့​၌ အလုပ်​လုပ်ခွင့်​ရှိသည်​ကိုလည်း မောရှေ​၏ ပညတ်ကျမ်း​တွင် သင်တို့​မဖတ်ဖူးသလော။


ယေရှု​က “အစဦး​တွင် ဘုရားသခင်​သည် ‘ယောက်ျား​နှင့်​မိန်းမ​ကို ဖန်ဆင်းတော်မူ၏။


ထို့ကြောင့် သူတို့​က “ဤ​ကလေးငယ်များ မည်သို့​ပြောဆိုနေကြသည်​ကို ကြားသလော” ဟု ကိုယ်တော်​အား မေးကြ၏။ ယေရှု​က “ငါ​ကြား၏။ ကျမ်းစာ​၌ ‘ကလေးများ​နှင့် နို့စို့သူငယ်များ​က ကိုယ်တော်​ကို ချီးမွမ်း​စေရန် ကိုယ်တော်​သည် သင်ကြားပေးတော်မူပြီ’ ဟူ၍​ရေးသားထားသည်​ကို သင်တို့ တစ်ခါမျှ​မဖတ်ဖူးသလော” ဟု မိန့်တော်မူ၏။


သေလွန်သော​သူတို့​ရှင်ပြန်ထမြောက်ခြင်း​နှင့်​ပတ်သက်၍ အာဗြဟံ၊ ဣဇာက်​နှင့် ယာကုပ်​တို့ သေလွန်​ပြီးနောက် အချိန်​ကြာမြင့်​ပြီးမှ​လည်း ဘုရားသခင်​က ‘ငါ​သည် အာဗြဟံ​၏​ဘုရား၊ ဣဇာက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား​ဖြစ်၏’ ဟု မိန့်တော်မူသည်​ကို ကျမ်းစာ​၌ သင်တို့ မဖတ်ဖူးကြသလော။ သို့ဖြစ်၍ ဘုရားသခင်​သည် သေလွန်သော​သူတို့​၏ ဘုရား​မဟုတ်ပါ။ အသက်ရှင်သော​သူတို့​၏ ဘုရား​ဖြစ်၏” ဟု မိန့်တော်မူ၏။


ကျမ်းစာ​၌ ‘တိုက်ဆောက်သော​သူတို့ ပယ်ထားသည့်​ကျောက်​သည် အရေးပါသော​ထောင့်ချုပ်ကျောက် ဖြစ်လာရ၏။


သေလွန်သော​သူတို့​ပြန်ရှင်ခြင်း​နှင့်​ပတ်သက်၍ အာဗြဟံ၊ ဣဇာက်​နှင့် ယာကုပ်​တို့ သေလွန်​ပြီးနောက် အချိန်​ကြာမြင့်​ပြီးမှ​လည်း ဘုရားသခင်​က ‘ငါ​သည် အာဗြဟံ​၏​ဘုရား၊ ဣဇာက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား​ဖြစ်၏’ ဟု မိန့်တော်မူ၏။ ၎င်း​ကို မီးလောင်နေသော​ချုံပုတ်​အကြောင်း​တွင် မောရှေ ရေးထားသည်​ကို သင်တို့ မဖတ်ဖူးကြသလော။


ယေရှု​က “ပညတ်ကျမ်း​တွင် မည်သို့​ရေးထားသနည်း။ သင်​သည် မည်သို့​ဖတ်ဖူးသနည်း” ဟု ပြန်​၍ မေးလေ၏။


ယေရှု​က “ဒါဝိဒ်မင်း​သည် မိမိ​နှင့်​နောက်လိုက်များ ဆာလောင်သည့်​အချိန်​၌ မည်သို့​ပြုခဲ့ကြောင်း​ကို သင်တို့​မဖတ်ဖူးကြသလော။