မဿဲ 12:3 - Common Language Bible3 ကိုယ်တော်က ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော်တို့ ဆာလောင်မွတ်သိပ်သောအခါအဘယ်သို့ပြုခဲ့ ကြောင်း သင်တို့တစ်ခါမျှမဖတ်ဖူးပါသလော။- အခန်းကိုကြည့်ပါ။Garrad Bible3 ကိုယ် တော် က ဒါ ဝိဒ် မင်း သည် နောက် ပါ တို့ နှင့် တ ကွ ဆာ မွတ် သော အ ခါ အခန်းကိုကြည့်ပါ။Judson Bible3 ကိုယ်တော်က ဒါဝိဒ်သည် မိမိအဖော်တို့နှင့်တကွ မွတ်သိပ်သောအခါ၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ကိုယ်တော်ကလည်း“ဒါဝိဒ်သည် သူမှစ၍ သူနှင့်အတူရှိသောသူတို့ဆာလောင်ကြသောအခါ မည်သည့်အရာပြုခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ယေရှုက “ဒါဝိဒ်မင်းသည် မိမိနှင့် မိမိ၏အဖော်များ ဆာလောင်သည့်အချိန်၌ မည်သို့ပြုခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။ အခန်းကိုကြည့်ပါ။မြန်မာ3 ကိုယ်တော်က ဒါဝိဒ်သည် မိမိအဖော်တို့နှင့်တကွ မွတ်သိပ်သောအခါ၊- အခန်းကိုကြည့်ပါ။ |
``ဤသူငယ်တို့အဘယ်သို့ကြွေးကြော်နေကြ သည်ကိုကြားပါသလော'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။ သခင်ယေရှုက ``ငါကြား၏။ `ကိုယ်တော်သည် သူငယ်များနှင့်မိခင်ရင်ခွင်ရှိနို့စို့များအား ချီးမွမ်းစေရန်သင်ကြားပေးတော်မူပြီ' ဟူ သောကျမ်းစကားကိုသင်တို့အဘယ်အခါ မျှမဖတ်ဖူးကြပါသလော'' ဟုမိန့်တော်မူ၏။
သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းရှိရမည် အကြောင်းနှင့်ပတ်သက်၍ `ငါသည်အာဗြဟံ၏ ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားပေတည်း' ဟုဘုရားသခင်မိန့်တော်မူသည်ကိုသင်တို့မဖတ် ဖူးကြသလော။ ကိုယ်တော်သည်သေလွန်သူတို့၏ ဘုရားမဟုတ်။ ရှင်နေသူတို့၏ဘုရားဖြစ်၏' ဟု မိန့်တော်မူ၏။
သေလွန်သူတို့ထမြောက်ရှင်ပြန်ရကြောင်းကို ဖော်ပြသော မောရှေကျမ်းကိုမဖတ်ဖူးကြပါ သလော။ အဆိုပါကျမ်းတွင်မီးလျှံထွက်သည့် ချုံအကြောင်းဆိုင်ရာစာပိုဒ်၌ ဘုရားသခင် က `ငါသည်အာဗြဟံ၏ဘုရား၊ ဣဇာက်၏ ဘုရား၊ ယာကုပ်၏ဘုရားပေတည်း' ဟု မောရှေအားမိန့်တော်မူကြောင်းပါရှိ၏။-