ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းထင်ရှားတော်မူလျှင် ဘုရားသခင်သည် ကိုယ်တိုင် လူသားကို ချက်ချင်းပင် ဘုန်းကြီးစေတော်မူလိမ့်မည်။
ဗျာဒိတ် 22:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ကောင်းကင်တမန်သည် ကျောက်သလင်းကဲ့သို့ ကြည်လင်သည့် အသက်ရေစီးသောမြစ်ကို ကျွန်ုပ်အား ပြ၏။ ထိုမြစ်သည် ဘုရားသခင်နှင့် သိုးသငယ်တော်၏ ရာဇပလ္လင်မှ စီးထွက်၍ Common Language Bible ထိုနောက်ကောင်းကင်တမန်သည်ငါ့အားအသက် ရေစီးရာမြစ်ကိုလည်းပြ၏။ ထိုမြစ်သည်ကျောက် သလင်းကဲ့သို့ကြည်လင်တောက်ပ၍ဘုရားသခင် နှင့်သိုးသူငယ်တော်၏ပလ္လင်မှမြို့တော်လမ်းအလယ် တစ်လျှောက်စီးဆင်းလျက်နေ၏။ ထိုမြစ်၏ဝဲယာ တွင်အသက်ပင်ရှိ၏။- Garrad Bible တစ် ဖန် ဘု ရား သ ခင် နှင့် သိုး ငယ် တော်၏ ရာ ဇ ပ လ္လင် မှ ထွက်၍ လမ်း မ တော့် အ လယ် တစ် လျှောက် စီး လျက် ကျောက် သ လင်း နှင့် အ မျှ ကြည် လင် သော အ သက် ရေ မြစ် ကို လည်း ကောင်း၊ အ သီး ဆယ့် နှစ် ရာ သီ သီး လျက် လူ မျိုး ခြား တို့ အ နာ ပျောက် စေ ရန် အ ရွက် ထွက် လျက် ကမ်း နှစ် ဖက်၌ ပေါက် သော အ သက် ပင် ကိုလည်း ကောင်း ငါ့ အား ပြ ၏။ Judson Bible တစ်ဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကောင်းကင်တမန်သည် ကျောက်သလင်းကဲ့သို့ကြည်လင်တောက်ပသော အသက်ရေစီးရာမြစ်ကို ငါ့အားပြလေ၏။ ထိုမြစ်သည် ဘုရားသခင်နှင့်သိုးသငယ်တော်၏ပလ္လင်တော်မှ ထွက်၍ |
ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းထင်ရှားတော်မူလျှင် ဘုရားသခင်သည် ကိုယ်တိုင် လူသားကို ချက်ချင်းပင် ဘုန်းကြီးစေတော်မူလိမ့်မည်။
သို့သော် ငါသည် သမ္မာတရားကို ဖော်ပြသည့် ကူညီမစတော်မူသောအရှင် သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့ထံ စေလွှတ်မည်။ ထိုဝိညာဉ်တော်သည် ခမည်းတော်ထံမှ ကြွလာ၍ ငါ၏အကြောင်းမှန်သမျှကို သက်သေခံလိမ့်မည်။
ငါပေးသောရေကို သောက်သောသူမှာ မည်သည့်အခါမျှ ရေငတ်တော့မည်မဟုတ်။ ထိုရေသည် သူ့အတွင်း၌ အစဉ်စီးထွက်သော စမ်းရေဖြစ်၍ သူ့ကို ထာဝရအသက်ရှင်စေလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုသို့ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ချီးမြှောက်တော်မူခြင်းခံရ၏။ ထို့နောက် ကတိထားတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်ကို အဖဘုရားထံမှ ခံယူသည်နှင့်အညီ၊ ထိုသခင်သည် သင်တို့မြင်တွေ့ကြားသိသည့်အတိုင်း ဤသန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းတော်မူပြီ။
ဤစာစောင်သည် ယေရှုခရစ်တော်၏ ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်မှာ ဘုရားသခင်က မိမိ၏ အစေခံများအား မကြာမီဖြစ်ပျက်ရမည့်အရာကို ဖော်ပြရန် ယေရှုခရစ်တော်ထံ ပေးအပ်တော်မူသောဗျာဒိတ်တော်ဖြစ်၏။ ထို့ကြောင့် ခရစ်တော်သည် ထိုဗျာဒိတ်တော်ကို မိမိ၏အစေခံယောဟန်အား ဖွင့်ပြရန် ကောင်းကင်တမန်ကို စေလွှတ်တော်မူ၏။
ထိုမြို့သည် ဘုရားသခင်၏ ဘုန်းအသရေတော်နှင့် ထွန်းတောက်ပြီး ၎င်း၏ ထွန်းလင်းတောက်ပမှုသည် ကျောက်သလင်းသဖွယ် ကြည်လင်သည့် နဂါးသွဲ့ကဲ့သို့ အလွန်အဖိုးတန်သောကျောက်မျက်ရတနာနှင့်တူ၏။
ကိုယ်တော်က “အမှုပြီးပြီ။ ငါသည် အာလဖာနှင့် အိုမီဂါ၊ အစဦးဆုံးသောသူနှင့် နောက်ဆုံးသောသူဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အခမဲ့ ငါပေးမည်။
နောက်ဆုံးသောဘေးဒဏ် ခုနစ်ပါးနှင့်ပြည့်နေသော ဖလားခုနစ်လုံးကို ကိုင်ဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးအနက် တစ်ပါးသည် လာ၍ “လာလော့။ သိုးသငယ်၏ဇနီးလောင်းဖြစ်သူ သတို့သမီးကို ငါပြမည်” ဟု ကျွန်ုပ်အားဆို၏။
ဝိညာဉ်တော်နှင့် သတို့သမီးတို့က “ကြွပါ” ဟု ဖိတ်ခေါ်ကြ၏။ ကြားသောသူတိုင်းကလည်း “ကြွပါ” ဟု ဖိတ်ခေါ်ပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အသက်ရေကို အခမဲ့ ယူပါစေ။
ကောင်းကင်တမန်က “ဤစကားတို့သည် သစ္စာစကား၊ မှန်သောစကားဖြစ်၏။ ပရောဖက်တို့၏ ဝိညာဉ်များကို လှုံ့ဆော်တော်မူသောအရှင် ဘုရားသခင်သည် မကြာမီဖြစ်ပျက်ရမည့်အရာများကို မိမိအစေခံတို့အား ပြသရန် မိမိ၏ကောင်းကင်တမန်ကို စေလွှတ်တော်မူ၏” ဟု ကျွန်ုပ်အား ဆို၏။
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ရာဇပလ္လင်ပေါ်တွင် ငါ့ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့သို့ အောင်မြင်သောသူတို့ကိုလည်း ငါ၏ရာဇပလ္လင်ပေါ်တွင် ငါနှင့်အတူ ထိုင်ခွင့်ပေးမည်။
ထို့ပြင် ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ ပင်လယ်ထဲစသည့် နေရာအသီးသီး၌ ရှိကြသော ဖန်ဆင်းခံသတ္တဝါအပေါင်းတို့က “ရာဇပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသောအရှင်နှင့် သိုးသငယ်တော်သည် အစဉ်ထာဝရ ချီးမွမ်းခြင်းကို ခံစား၍ ဂုဏ်အသရေ၊ ဘုန်းအသရေ၊ ဘုန်းတန်ခိုးတို့နှင့် အစဉ်ထာဝရ တည်ရှိပါစေသော” ဟု ကြွေးကြော်ကြသည်ကို ကျွန်ုပ်ကြားရ၏။
ထို့နောက် အသေသတ်ခံရပြီးသကဲ့သို့ဖြစ်သော သိုးသငယ်တော်ကို ကျွန်ုပ်မြင်ရ၏။ ထိုသိုးသငယ်သည် ရာဇပလ္လင်တော်နှင့် သတ္တဝါလေးပါးတို့၏အလယ်၌ ရှိပြီး အကြီးအကဲတို့က ဝန်းရံထား၏။ ထိုသိုးသငယ်တော်၌ ချိုခုနစ်ချောင်းနှင့် မျက်လုံးခုနစ်လုံးရှိ၏။ ထိုမျက်လုံးတို့သည် ကမ္ဘာမြေတစ်ခွင်လုံးသို့ စေလွှတ်ခံရသော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ရာဇပလ္လင်တော်အလယ်၌ရှိသော သိုးသငယ်တော်သည် သူတို့၏သိုးထိန်းဖြစ်၍ အသက်စမ်းရေတွင်းသို့ ပို့ဆောင်တော်မူမည်ဖြစ်သောကြောင့်ပင်။ ဘုရားသခင်သည် သူတို့၏ ရှိသမျှမျက်ရည်တို့ကို သုတ်ပေးတော်မူလိမ့်မည်” ဟုဆို၏။