ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။
ဗျာဒိတ် 1:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ၏လက်ယာလက်၌ သင်မြင်တွေ့ရသော ကြယ်ခုနစ်လုံးနှင့် ရွှေဆီမီးတိုင် ခုနစ်တိုင်တို့၏ လျှို့ဝှက်နက်နဲသောအရာမှာ ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏ ကောင်းကင်တမန်များဖြစ်ပြီး ရွှေဆီမီးတိုင်ခုနစ်တိုင်သည် အသင်းတော်ခုနစ်ပါးဖြစ်၏။ Common Language Bible ငါ၏လက်ယာတော်လက်တွင်သင်မြင်တွေ့ရ သည့်ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်ခု၏ လျှို့ဝှက်သည့်အနက်အဋ္ဌိပ္ပါယ်မှာ မီးခွက်ခုနစ် လုံးသည်အသင်းတော်ခုနစ်ပါးဖြစ်၍ ကြယ် ခုနစ်လုံးသည်ထိုအသင်းတော်ခုနစ်ပါးကို စောင့်သောကောင်းကင်တမန်ခုနစ်ပါးဖြစ် သတည်း'' ဟုမိန့်တော်မူ၏။ Garrad Bible ငါ့ ညာ လက် တွင် သင် မြင် သော ကြယ် ခု နစ် လုံး မှ စ၍ ရွှေ မီး ခုံ ခု နစ် ခုံ၏ အ နက် ကား မီး ခုံ ခု နစ် ခုံ သည် အ သင်း တော် ခု နစ် ပါး၊ ကြယ် ခု နစ် လုံး သည် ထို အ သင်း တော် ခု နစ် ပါး ဆိုင် ရာ စေ တ မန် တော် များ တည်း။ Judson Bible ငါ့လက်ယာလက်၌ ထင်ရှားသော ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်လုံး၏ နက်နဲခြင်းအရာဟူမူကား၊ မီးခွက်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါးဖြစ်၏။ ကြယ်ခုနစ်လုံးသည်လည်း ထိုခုနစ်ပါးသော အသင်းတော်တို့ကို အုပ်သောတမန်ဖြစ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ငါ၏လက်ယာလက်တွင် သင်မြင်ရသော ကြယ်ခုနစ်လုံးနှင့်ရွှေဆီမီးခုံခုနစ်ခုတို့၏လျှို့ဝှက်နက်နဲသောအဓိပ္ပာယ်မှာ ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏စေတမန်များဖြစ်ကြပြီး ဆီမီးခုံခုနစ်ခုသည် အသင်းတော်ခုနစ်ပါးဖြစ်ကြ၏။ |
ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။
ကိုယ်တော်က “သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော လျှို့ဝှက်နက်နဲသည့်အကြောင်းအရာများကို သိခွင့်ရကြ၏။ သို့သော် အခြားသောသူတို့သည် ‘ကြည့်သော်လည်း မမြင်စေရန် နားထောင်သော်လည်း နားမလည်စေရန်’ ပုံဥပမာအားဖြင့် ပြောရခြင်းဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့သည် မိမိကိုယ်ကိုယ် ပညာရှိလှသည်ဟူ၍ မထင်မှတ်စေရန် ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ကျွန်ုပ်နားလည်စေလို၏။ ထိုလျှို့ဝှက်နက်နဲသောအရာမှာ အစ္စရေးလူမျိုးတချို့၏ စိတ်နှလုံးသည် အစဉ်မာကျောနေမည်မဟုတ်ဘဲ ခရစ်တော်ထံ ရောက်လာမည့် လူမျိုးခြားအရေအတွက် ပြည့်စုံလာသည်အထိသာ ဖြစ်လိမ့်မည်။
ထိုအသံက “သင်မြင်သောအရာကို စာစောင်တွင် ရေး၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့များရှိ အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့” ဟု ဆို၏။
သူ၏ လက်ယာလက်ဖြင့် ကြယ်ခုနစ်လုံးကို ကိုင်ဆောင်၍ သူ၏ ခံတွင်းထဲမှ ထက်သောသန်လျက်ထွက်လာ၏။ သူ၏မျက်နှာသည် အရှိန်ပြင်းစွာ ထွန်းတောက်သောနေကဲ့သို့ဖြစ်၏။
ကျွန်ုပ်ယောဟန်သည် အာရှပြည်၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ စာရေးလိုက်ပါ၏။ ယခုရှိလျက်၊ ယခင်ကလည်းရှိလျက် နောင်အခါ၌လည်းကြွလာမည့် ဘုရားသခင်ထံမှလည်းကောင်း၊ ပလ္လင်တော်ရှေ့၌ ရှိသောဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊
သူ၏နဖူးပေါ်၌ “ပြည့်တန်ဆာတို့နှင့် ကမ္ဘာလောကရှိ စက်ဆုပ်ရွံရှာဖွယ်ရာတို့၏ မိခင်၊ ဘေဘီလုံမြို့ကြီး” ဟူသော လျှို့ဝှက်နက်နဲသည့်အမည်ကို ရေးထား၏။
ထိုအခါ ကောင်းကင်တမန်က “အဘယ်ကြောင့် အံ့သြနေသနည်း။ ထိုအမျိုးသမီး၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာကိုလည်းကောင်း၊ ထိုအမျိုးသမီး ထိုင်နေသော ခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်း ရှိသည့် သားရဲ၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကိုလည်းကောင်း ငါပြောပြမည်။
ဧဖက်မြို့၌ရှိသော အသင်းတော်၏ ကောင်းကင်တမန်ထံသို့ စာရေးလော့။ လက်ယာလက်၌ ကြယ်ခုနစ်လုံးကို ကိုင်ဆောင်၍ ရွှေဆီမီးတိုင်ခုနစ်တိုင်ကြားတွင် သွားလာသောသူက ဤသို့မိန့်တော်မူ၏။
ပေရဂံမြို့၌ရှိသော အသင်းတော်၏ကောင်းကင်တမန်ထံသို့ စာရေးလော့။ ထက်သောသန်လျက်ကို ကိုင်ဆောင်ထားသူက ဤသို့မိန့်တော်မူ၏။
သွာတိရမြို့၌ရှိသော အသင်းတော်၏ ကောင်းကင်တမန်ထံသို့ စာရေးလော့။ မျက်လုံးတော်သည် မီးလျှံကဲ့သို့လည်းကောင်း၊ ခြေတို့သည် တောက်ပသောကြေးဝါကဲ့သို့လည်းကောင်း ဖြစ်တော်မူသော ဘုရားသခင်၏သားတော်က ဤသို့မိန့်တော်မူ၏။
ထို့ကြောင့် သင်ကျဆင်းသွားသည့်အပိုင်းကို ဆင်ခြင်လော့။ နောင်တရလျက် အစဦး၌ ပြုသကဲ့သို့ ပြုလော့။ ထိုသို့နောင်တမရပါက ငါသည် သင့်ထံသို့လာ၍ သင့်ဆီမီးတိုင်ကို နေရာမှ ဖယ်ရှားမည်။
စမုရနမြို့၌ရှိသော အသင်းတော်၏ကောင်းကင်တမန်ထံသို့ စာရေးလော့။ အစဦးဆုံးနှင့် နောက်ဆုံးဖြစ်သောသူ၊ အသေခံပြီး အသက်ပြန်ရှင်လာသောသူက ဤသို့မိန့်တော်မူ၏။
သာဒိမြို့၌ရှိသော အသင်းတော်၏ ကောင်းကင်တမန်ထံသို့ စာရေးလော့။ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးရှိသောသူက ဤသို့မိန့်တော်မူ၏။ သင်၏အပြုအမူကို ငါသိ၏။ သင်သည် အသက်ရှင်သည်ဟု နာမည်ခံထားသော်လည်း သေလျက်နေ၏။
လောဒိကိမြို့၌ရှိသော အသင်းတော်၏ကောင်းကင်တမန်ထံသို့ စာရေးလော့။ အာမင်ဖြစ်သောသူ၊ စစ်မှန်၍ သစ္စာရှိသည့်သက်သေဖြစ်သောသူ၊ ဘုရားသခင်ဖန်ဆင်းတော်မူသောအရာတို့၏အစအဦးဖြစ်သောသူက ဤသို့မိန့်တော်မူ၏။
ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏ ကောင်းကင်တမန်ထံသို့ စာရေးလော့။ သန့်ရှင်း၍ မှန်သောစကားကိုပြောသူ၊ ဒါဝိဒ်မင်း၏အခွင့်အာဏာသော့ကို ရရှိထားသူ၊ မည်သူမျှမပိတ်နိုင်အောင် ဖွင့်၍ မည်သူမျှမဖွင့်နိုင်အောင် ပိတ်သူက ဤသို့မိန့်တော်မူ၏။