ထို့ပြင် သင်တို့၏ မိတ်ဆွေများကိုသာ နှုတ်ဆက်လျှင် အခြားသူများနှင့် မည်သို့ခြားနားမှုရှိမည်နည်း။ ဘုရားသခင်ကို မကိုးကွယ်သောသူများပင် ထိုသို့ပြုကြသည် မဟုတ်လော။
ဖိလိပ္ပိ 4:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်ကြသော ယုံကြည်သူတို့ကို နှုတ်ဆက်ပေးကြလော့။ ကျွန်ုပ်နှင့် အတူရှိသော ညီအစ်ကိုတို့ကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ Common Language Bible ဘုရားသခင်၏လူစုတော်ဝင်များဖြစ်ကြ သောခရစ်တော်ယေရှု၏နောက်လိုက်တပည့် တော်အပေါင်းတို့အားနှုတ်ဆက်လိုက်ပါ၏။ ငါနှင့်အတူရှိကြသည့်ညီအစ်ကိုများ ကသင်တို့အားနှုတ်ဆက်လိုက်ပါသည်။- Garrad Bible ခ ရစ် တော် ယေ ရှု၌ သီး သန့် ထား တော် မူ သည့် အ တိုင်း ကို နှုတ် ဆက် ကြ လော့။ ငါ နှင့် အ တူ ရှိ နေ သော ညီ အ ကို တို့ က သင် တို့ ကို နှုတ် ဆက် လိုက် ကြ၏။ Judson Bible ယေရှုခရစ်၌ရှိသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်ယေရှု၌ရှိသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ပေးကြလော့။ ငါနှင့်အတူရှိသောညီအစ်ကိုတို့သည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။ |
ထို့ပြင် သင်တို့၏ မိတ်ဆွေများကိုသာ နှုတ်ဆက်လျှင် အခြားသူများနှင့် မည်သို့ခြားနားမှုရှိမည်နည်း။ ဘုရားသခင်ကို မကိုးကွယ်သောသူများပင် ထိုသို့ပြုကြသည် မဟုတ်လော။
ယုံကြည်သူများဖြစ်စေရန် ရွေးချယ်တော်မူခြင်းခံရသည့် ကောရိန္သု အသင်းတော်ဖြစ်သော သင်တို့ထံသို့ ပို့လိုက်သောစာဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်ကို ကိုးကွယ်ကြသည့် နေရာအနှံ့၌ရှိသောသူအပေါင်းတို့ကို ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းစေတော်မူသကဲ့သို့ သင်တို့ကိုလည်း သန့်ရှင်းစေတော်မူ၏။ ထိုယေရှုခရစ်တော်သည် ကျွန်ုပ်တို့နှင့် နေရာအနှံ့၌ ရှိသော ထိုသူအပေါင်းတို့၏ သခင်ဖြစ်တော်မူ၏။
ဤစာသည် ကျွန်ုပ်အပါအဝင် ကျွန်ုပ်နှင့်အတူရှိသော ညီအစ်ကိုမောင်နှမတို့က ဂလာတိပြည်၌ ရှိသော အသင်းတော်များထံသို့ ပို့လိုက်သောစာ ဖြစ်၏။
ထိုအခါ သူတို့သည် ကျွန်ုပ်ကို ထောက်ခံ၍ ကျွန်ုပ်နှင့်အတူ ပါလာသော တိတုကိုပင်လျှင် လူမျိုးခြားဖြစ်သော်လည်း အရေပြားလှီးမင်္ဂလာကို ခံယူရန် မစေခိုင်းခဲ့ပေ။
ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော် ဖြစ်သော ကျွန်ုပ်ပေါလုသည် ယေရှုခရစ်တော်နောက်သို့ သစ္စာရှိစွာ လိုက်သော ဧဖက်မြို့သား ယုံကြည်သူများထံသို့ စာရေးလိုက်ပါ၏။
ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ယေရှုခရစ်တော်၏ အစေအပါးများဖြစ်ကြသော ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်း ရှိကြသည့် ဖိလိပ္ပိမြို့သား ယုံကြည်သူများ အထူးသဖြင့် အသင်းတော်ကို ကြည့်ရှုပြုစုသူများ၊ သင်းထောက်များထံသို့ ပို့လိုက်သော စာဖြစ်၏။
ထိုသို့ပြုလျှင် လူတို့နားလည်နိုင်စွမ်းထက် ကျော်လွန်သော ဘုရားသခင်၏ ငြိမ်းချမ်းခြင်းက သင်တို့သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် သင်တို့၏ စိတ်နှလုံးနှင့် အကြံအစည်တို့ကို ကာကွယ်စောင့်ရှောက်တော်မူလိမ့်မည်။