သခင်ဘုရား၏တန်ခိုးတော်သည် ထိုသူတို့နှင့်အတူ ရှိသဖြင့် မြောက်မြားစွာသောလူတို့သည် ယုံကြည်လာကြပြီး သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။
တမန်တော်ဝတ္ထု 9:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လုဒ္ဒမြို့နှင့် ရှာရုန်ဒေသရှိလူများသည်လည်း အဲနေကို မြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲလာကြ၏။ Common Language Bible လုဒ္ဒမြို့နှင့်ရှာရုန်လွင်ပြင်တွင်နေထိုင်သူလူ အပေါင်းတို့သည်သူ့ကိုတွေ့မြင်၍ သခင် ဘုရားထံတော်သို့ပြောင်းလဲလာကြ၏။ Garrad Bible လု ဒ မြို့ မှ စ၍ ရှာ ရုန် နယ် သူ နယ် သား အ ပေါင်း တို့ သည် ထို သူ့ ကို မြင်၍ အ ရှင် ဘု ရား ထံ လှည့် ဝင် ကြ၏။ Judson Bible လုဒ္ဒမြို့နှင့် ရှာရုန်အရပ်၌ နေသောသူ အပေါင်းတို့သည် ထိုသူကိုမြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲကြ၏။ မြန်မာ့စံမီသမ္မာကျမ်း လုဒ္ဒမြို့နှင့်ရှာရုန်ဒေသ၌ နေထိုင်သောသူအပေါင်းတို့သည် အဲနေကိုမြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲလာကြ၏။ |
သခင်ဘုရား၏တန်ခိုးတော်သည် ထိုသူတို့နှင့်အတူ ရှိသဖြင့် မြောက်မြားစွာသောလူတို့သည် ယုံကြည်လာကြပြီး သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ထံသို့ ပြောင်းလဲလာသောလူမျိုးခြားများကို အခက်မတွေ့စေဘဲ
ထိုသို့ နှစ်နှစ်တိုင်တိုင် ဆွေးနွေးပြောဆိုရာ အာရှပြည်တွင် နေထိုင်ကြသော ဂျူးလူမျိုးနှင့် ဂရိလူမျိုးများအားလုံးတို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားတော်ကို ကြားနာကြရ၏။
ထိုသို့ဖြင့် သခင်ဘုရား၏နှုတ်ကပတ်တရားတော်သည် တန်ခိုးအာဏာတော်နှင့်ကြီးထွား၍ ပျံ့နှံ့လွှမ်းမိုးလေ၏။
ဘုရားသခင်ကို ချီးမွမ်း၍ လူအပေါင်းတို့၏ရှေ့တွင် မျက်နှာရကြ၏။ သခင်ဘုရားသည် ကယ်တင်ခြင်းခံရသောသူတို့၏အရေအတွက်ကို နေ့စဉ်နှင့်အမျှ တိုးပွားစေတော်မူ၏။
သို့သော်လည်း တရားစကားကို ကြားသောလူများစွာတို့သည် ယုံကြည်လာကြပြီး ယခင်ယုံကြည်သောသူများအပါအဝင် အမျိုးသားအရေအတွက် ငါးထောင်ခန့်အထိ ရှိလာ၏။
ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် ဆက်လက်ပြန့်ပွားသဖြင့် တပည့်တော်တို့၏အရေအတွက်သည် ဂျေရုဆလင်မြို့၌ အလွန်တိုးပွား၍ ယဇ်ပုရောဟိတ်အများအပြားသည်လည်း ယုံကြည်သက်ဝင်ကြ၏။
ပေတရုက ထိုသူအား “အဲနေ၊ ယေရှုခရစ်တော်သည် သင့်ကို ကျန်းမာစေပြီ။ ထ၍ အိပ်ရာသိမ်းလော့” ဟု ဆိုသော် သူသည်ချက်ချင်းထလေ၏။
ထိုသတင်းသည် ယုပ္ပေတစ်မြို့လုံး ပျံ့နှံ့သွား၍ လူများစွာတို့သည် သခင်ဘုရားအား ယုံကြည်သက်ဝင်လာကြ၏။
သို့သော် တစ်စုံတစ်ယောက်သည် သခင်ဘုရားထံသို့ ပြန်လှည့်လာသောအခါ ထိုပဝါသည် သူ့ထံမှ ဖယ်ရှားခံရ၏။