အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တမန်တော်ဝတ္ထု 3:1 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

တစ်နေ့​သောအခါ ဆုတောင်းရန်​မွန်းလွဲ​သုံးနာရီ​အချိန်​တွင် ပေတရု​နှင့် ယောဟန်​တို့​သည် ဗိမာန်တော်​သို့ သွားကြ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

တစ်​နေ့​သ​၌​ဝတ်​ပြု​ကိုး​ကွယ်​ချိန်​မွန်း​လွဲ သုံး​နာ​ရီ​တွင် ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည် ဗိ​မာန်​တော်​သို့​သွား​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ပ ဌ နာ ပြု ရာ အ ချိန်၊ မွန်း လွဲ သုံး နာ ရီ တွင် ပေ တ ရု နှင့် ယော ဟန် သည် ဗိ မာန် တော် သို့ တက် ကြ စဉ်၊

အခန်းကိုကြည့်ပါ။

Judson Bible

ထို​အ​ခါ​ပ​တ္ထ​နာ​ပြု​ရ​သော သုံး​ချက်​တီး​အ​ချိန်၌ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​သည် ဗိ​မာန်​တော်​သို့ တက်​ကြ​သည်​ရှိ​သော်၊-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တစ်ခါက ပေတရု​နှင့်​ယောဟန်​တို့​သည် ဆုတောင်း​ပတ္ထနာ​ပြု​ချိန်​ဖြစ်​သည့် မွန်းလွဲ​သုံး​နာရီ​တွင် ဗိမာန်​တော်​သို့​တက်​သွား​ကြ​၏။

အခန်းကိုကြည့်ပါ။



တမန်တော်ဝတ္ထု 3:1
27 ပူးပေါင်းရင်းမြစ်များ  

ခြောက်ရက် ကြာ​သော် ယေရှု​သည် ပေတရု၊ ယာကုပ်​နှင့် ယာကုပ်​၏​ညီ ယောဟန်​တို့​ကို မြင့်မားသော​တောင် တစ်တောင်​ပေါ်သို့ သီးခြား​ခေါ်ဆောင်သွားတော်မူ၏။


ပေတရု​နှင့် ဇေဗေဒဲ​၏ သားနှစ်ယောက်​ဖြစ်သော ယာကုပ်​နှင့် ယောဟန်​တို့​ကို ခေါ်သွားတော်မူ၏။ ယေရှု​သည် ဝမ်းနည်း​၍ စိတ်ပူပန်​သဖြင့်


မွန်းတည့်ချိန်​မှစ၍ မွန်းလွဲ​သုံးနာရီ​တိုင်အောင် မြေပြင်​တစ်ခွင်လုံး​တွင် အမှောင်ဖုံးလေ၏။


ထိုသို့ အမွှေးနံ့သာ​ကို မီးရှို့ပူဇော်​နေစဉ် ဝတ်ပြုကိုးကွယ်​ရန် စုရုံး​ရောက်ရှိလာကြသော လူအပေါင်းတို့​သည် အပြင်ဘက်​၌ ဆုတောင်းနေကြ၏။


ကိုယ်တော်​က “လူ​နှစ်ဦး​သည် ဆုတောင်း​ရန် ဗိမာန်တော်​သို့ သွားကြ၏။ တစ်ဦး​မှာ ဖာရိရှဲ​ဖြစ်​၍ အခြား​တစ်ဦး​မှာ အခွန်​ကောက်သူ​ဖြစ်၏။


ထိုအခါ ယေရှု​သည် ပေတရု​နှင့်​ယောဟန်​တို့​အား “ငါတို့​စား​ရန်​အတွက် သွား​၍ ပသခါပွဲတော်​ညစာ​ကို ပြင်ဆင်ကြလော့” ဟု မိန့်​၍ စေလွှတ်တော်မူ၏။


ထို့နောက် ဗိမာန်တော်​ထဲတွင် ဘုရားသခင်​၏​ကျေးဇူးတော်​ကို အစဉ်မပြတ်​ချီးမွမ်း​လျက်​နေကြ၏။ ရှင်လုကာ​ခရစ်ဝင်ကျမ်း ပြီးပါပြီ။


ထိုအခါ ယေရှု​ချစ်တော်မူသော​တပည့်တော်​က “ငါတို့​၏ သခင်​ပင်​ဖြစ်သည်” ဟု ပေတရု​အား ဆို၏။ ထို​စကား​ကို ကြား​သောအခါ ပေတရု​သည် မိမိ​ချွတ်ထားသော​အဝတ်​ကို ခါး​၌ ပတ်​၍ ရေ​ထဲသို့ ခုန်ဆင်းပြီး​လျှင် ကမ်းစပ်​သို့ ကူးလေ၏။


တစ်ခုသော မွန်းလွဲ​သုံးနာရီ​ခန့်​တွင် ဘုရားသခင်​၏​ကောင်းကင်တမန်​တစ်ပါး​သည် သူ့​ထံသို့​ရောက်လာ​၍ “ကော်နေလိ” ဟု ခေါ်သည်​ကို ရူပါရုံ​တွင် ရှင်းလင်း​စွာ မြင်ရ၏။


ကော်နေလိ​ကလည်း “လွန်ခဲ့သော​လေးရက်​က ယခု​ကဲ့သို့သော မွန်းလွဲ​သုံးနာရီ​အချိန်​တွင် ကျွန်ုပ်​သည် အိမ်​၌​ဆုတောင်းနေ၏။ ထိုအခါ တောက်ပသော​အဝတ်​ကို ဝတ်ဆင်ထားသည့် လူ​တစ်ဦး​သည် ကျွန်ုပ်​ရှေ့​တွင် ရပ်​လျက်


ထို​သူတို့​သည် နေ့စဉ် ဗိမာန်တော်​၌ အတူတကွ ဝတ်ပြုကိုးကွယ်ခြင်း၊ အိမ်များ​၌ မုန့်​ကို​ဖဲ့ခြင်း၊ ဝမ်းမြောက်သော​စိတ်​နှင့် ရက်ရောသော​စိတ်တို့​ဖြင့် မိမိတို့​၏​အစာ​ကို စားသုံးကြခြင်း စသည်တို့​ကို​ပြုလုပ်ကြ၏။


ထို​သူ​သည် ဗိမာန်တော်​သို့ ဝင်လာသည့်​ပေတရု​နှင့် ယောဟန်​တို့​ကို မြင်​သောအခါ ငွေကြေး​စွန့်ကြဲ​ရန် တောင်းခံလေ၏။


ပေတရု​နှင့် ယောဟန်​တို့​သည် ထို​သူ​အား စိုက်ကြည့်ကြ၏။ ပေတရု​က “ငါတို့​ကို ကြည့်လော့” ဟု ပြော၏။


ပေတရု​နှင့် ယောဟန်​တို့​မှာ ပညာတတ်​မဟုတ်၊ သာမန်လူ​သာ​ဖြစ်​လျက်နှင့် ထိုသို့​ရဲစွမ်းသတ္တိ​ရှိကြသည်​ကို မြင်​သောအခါ ထို​သူတို့​သည် အံ့သြကြ၏။ ထို့ပြင် ယေရှု​၏​အပေါင်းအဖော်များ​ဖြစ်ကြောင်း​ကိုလည်း မှတ်မိကြ၏။


ထို့နောက် လူ​တစ်ဦး​သည် ရောက်လာ​ပြီး​လျှင် “သင်တို့ ထောင်​အတွင်း၌ ထည့်ထားသော​သူတို့​သည် ဗိမာန်တော်​၌​ရပ်​လျက် လူတို့​အား ဟောပြော​သွန်သင်နေကြ၏” ဟု သတင်းပို့လေ၏။


ဂျေရုဆလင်မြို့​ရှိ တမန်တော်တို့​သည် ရှမာရိပြည်သားများ​က ဘုရားသခင်​၏​နှုတ်ကပတ်​တရားတော်​ကို ခံယူ​ကြောင်း ကြားသိ​သောအခါ ပေတရု​နှင့် ယောဟန်​တို့​ကို ရှမာရိနယ်​သို့ လွှတ်လိုက်ကြ၏။


အသင်းတော်​၏ မဏ္ဍိုင်များ​ကဲ့သို့ ဖြစ်ကြသော ယာကုပ်၊ ပေတရု​နှင့် ယောဟန်​တို့​က ကျွန်ုပ်​အား ပေးထားသော​ကျေးဇူးတော်​ကို သဘောပေါက်​လျက် ကျွန်ုပ်တို့​အားလုံး​သည် လုပ်ဖော်ကိုင်ဖက်များ​ဖြစ်ကြောင်း​ကို ပြသော​အားဖြင့် ဗာနဗ​နှင့် ကျွန်ုပ်​ကို လက်ဆွဲ​နှုတ်ဆက်ကြ၏။ ကျွန်ုပ်တို့​သည် လူမျိုးခြား​ထံသို့ သွားရောက်​ဟောပြော​ရန်​နှင့် သူတို့​သည် ဂျူးလူမျိုး​ထံသို့ သွားရောက်​ဟောပြော​ရန် သဘောတူကြ၏။