သင်သည် ထာဝရဘုရား မိန့်တော်မူသောအရာများ ပြည့်စုံမည်ဟု ယုံကြည်သောကြောင့် မင်္ဂလာရှိ၏” ဟု ကျယ်လောင်သောအသံဖြင့် ပြောဆို၏။
တမန်တော်ဝတ္ထု 27:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် မိတ်ဆွေတို့… အားတင်းကြလော့။ ကျွန်ုပ်အား ကောင်းကင်တမန်ဖော်ပြသည့်အတိုင်း မလွဲမသွေဖြစ်လိမ့်မည်ဟု ဘုရားသခင်ကို အမှီပြု၍ ကျွန်ုပ်ယုံကြည်ပါ၏။ Common Language Bible သို့ဖြစ်၍အားမငယ်ကြနှင့်။ ငါသည်ဘုရား သခင်ကိုယုံကြည်သူဖြစ်၏။ ထို့ကြောင့်ငါ့ အားကောင်းကင်တမန်ဖော်ပြသည့်အတိုင်း ဖြစ်ပျက်လိမ့်မည်။- Garrad Bible ထို ကြောင့် အ ချင်း တို့၊ အား ယူ ကြ လော့။ မြွက် ဆို ခဲ့ တိုင်း ပင် ဖြစ် လိမ့် မည် ဟူ၍ ဘု ရား သ ခင် ကို ငါ ယုံ ကြည် သည်။ Judson Bible ထိုကြောင့် အချင်းလူတို့ သက်သာခြင်း ရှိကြလော့။ ငါ့အား မိန့်တော်မူသည်အတိုင်း ဖြစ်လိမ့်မည်ဟု ငါသည်ဘုရားသခင်ကို အမှီပြု၍ ယုံခြင်းရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ မိတ်ဆွေတို့၊ အားမငယ်ကြနှင့်။ အကြောင်းမူကား အကျွန်ုပ်အားမိန့်တော်မူသည့်အတိုင်းပင် ဖြစ်လိမ့်မည်ဟု ဘုရားသခင်ကိုအမှီပြု၍ အကျွန်ုပ်ယုံကြည်ပါသည်။ |
သင်သည် ထာဝရဘုရား မိန့်တော်မူသောအရာများ ပြည့်စုံမည်ဟု ယုံကြည်သောကြောင့် မင်္ဂလာရှိ၏” ဟု ကျယ်လောင်သောအသံဖြင့် ပြောဆို၏။
သို့သော်လည်း တပ်မှူးသည် ပေါလုစကားထက် ရေယာဉ်မှူးနှင့် သင်္ဘောပိုင်ရှင်တို့၏စကားကိုသာ ယုံကြည်၏။
ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ခံစားနေရ၏။ သို့သော်လည်း ကျွန်ုပ်မရှက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် မိမိယုံကြည်သောအရှင်ကို သိပြီး ကိုယ်တော်ထံ၌ မိမိအပ်ထားသောအရာကိုလည်း ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းတော်မူမည်ဟု စိတ်ချသောကြောင့်ဖြစ်၏။