တမန်တော်ဝတ္ထု 27:25 - မြန်မာ့စံမီသမ္မာကျမ်း25 သို့ဖြစ်၍ မိတ်ဆွေတို့၊ အားမငယ်ကြနှင့်။ အကြောင်းမူကား အကျွန်ုပ်အားမိန့်တော်မူသည့်အတိုင်းပင် ဖြစ်လိမ့်မည်ဟု ဘုရားသခင်ကိုအမှီပြု၍ အကျွန်ုပ်ယုံကြည်ပါသည်။ အခန်းကိုကြည့်ပါ။Common Language Bible25 သို့ဖြစ်၍အားမငယ်ကြနှင့်။ ငါသည်ဘုရား သခင်ကိုယုံကြည်သူဖြစ်၏။ ထို့ကြောင့်ငါ့ အားကောင်းကင်တမန်ဖော်ပြသည့်အတိုင်း ဖြစ်ပျက်လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible25 ထို ကြောင့် အ ချင်း တို့၊ အား ယူ ကြ လော့။ မြွက် ဆို ခဲ့ တိုင်း ပင် ဖြစ် လိမ့် မည် ဟူ၍ ဘု ရား သ ခင် ကို ငါ ယုံ ကြည် သည်။ အခန်းကိုကြည့်ပါ။Judson Bible25 ထိုကြောင့် အချင်းလူတို့ သက်သာခြင်း ရှိကြလော့။ ငါ့အား မိန့်တော်မူသည်အတိုင်း ဖြစ်လိမ့်မည်ဟု ငါသည်ဘုရားသခင်ကို အမှီပြု၍ ယုံခြင်းရှိ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း25 ထို့ကြောင့် မိတ်ဆွေတို့… အားတင်းကြလော့။ ကျွန်ုပ်အား ကောင်းကင်တမန်ဖော်ပြသည့်အတိုင်း မလွဲမသွေဖြစ်လိမ့်မည်ဟု ဘုရားသခင်ကို အမှီပြု၍ ကျွန်ုပ်ယုံကြည်ပါ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။