ဘုရားသခင်သည် အပြစ်သားတို့၏ စကားကို နားထောင်တော်မမူကြောင်း ကျွန်ုပ်တို့သိကြ၏။ သို့သော် ဘုရားသခင်ကို ကိုးကွယ်၍ အလိုတော်ကို လိုက်နာသောသူ၏ စကားကိုမူ ဘုရားသခင်နားထောင်တော်မူ၏။
တမန်တော်ဝတ္ထု 19:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် မြို့စာရေးသည် လူထုကို တိတ်ဆိတ်စေပြီးနောက် “ဧဖက်မြို့သားအပေါင်းတို့… ဧဖက်မြို့သည် ကြီးမြတ်သော အာတေမိနတ်ဘုရားမ၏ဗိမာန်နှင့် ကောင်းကင်မှကျသော ဆင်းတုတော်၏ကာကွယ်ရာနေရာဖြစ်ကြောင်းကို မသိသေးသောသူ တစ်စုံတစ်ဦးရှိသလော။ Common Language Bible နောက်ဆုံး၌မြို့စာရေးသည်လူပရိသတ်တို့ အား ဆိတ်ဆိတ်နေစေပြီးလျှင် ``ဧဖက်မြို့သား တို့၊ ဧဖက်မြို့တော်သည်ကြီးမြတ်သည့်အာ တေမိနတ်သမီး၏နတ်ကွန်းနှင့် ကောင်းကင် ဘုံမှကျလာသည့်ရုပ်တုတော်တည်ရှိရာ ဌာနတော်ဖြစ်ကြောင်းကိုလူတိုင်းသိ၏။- Garrad Bible ထို ပ ရိ သတ် ကို ငြိမ် စေ ပြီး မှ မြို့ ဝန် က အ ချင်း ဧ ဖက် မြို့ သား တို့၊ သင် တို့ မြို့ သည် ကောင်း ကင် မှ ရုပ် တု ကျ သော မ ဟာ ဘု ရား မ အာ တေ မိ၏ အ ရံ စောင့် ဖြစ် ကြောင်း မ သိ သူ ရှိ သ လော။ Judson Bible မြို့စာရေးသည် လူများကိုတိတ်စေပြီးလျှင်၊ ဧဖက်လူတို့၊ ဧဖက်မြို့သည် ဇုသဘုရားထံမှကျသော ရုပ်တုတော်တည်းဟူသော ကြီးမြတ်တော်မူသော အာတေမိကို လုပ်ကျွေးသော ဘုရားကျွန်ဖြစ်သည်ကို မသိသောသူ တစ်စုံတစ်ယောက်ရှိသလော။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မြို့စာရေးသည် လူအစုအဝေးကို တိတ်ဆိတ်စေပြီးလျှင် “ဧဖက်မြို့သားတို့၊ ဧဖက်မြို့သည် ကြီးမြတ်သောအာတေမိနတ်ဘုရားမ၏ဗိမာန်နှင့် ကောင်းကင်မှကျလာသောရုပ်ပွားတော်တို့ကို ထိန်းသိမ်းစောင့်ရှောက်သောမြို့ဖြစ်ကြောင်း မသိသောသူတစ်စုံတစ်ဦးရှိသလော။ |
ဘုရားသခင်သည် အပြစ်သားတို့၏ စကားကို နားထောင်တော်မမူကြောင်း ကျွန်ုပ်တို့သိကြ၏။ သို့သော် ဘုရားသခင်ကို ကိုးကွယ်၍ အလိုတော်ကို လိုက်နာသောသူ၏ စကားကိုမူ ဘုရားသခင်နားထောင်တော်မူ၏။
ဧဖက်မြို့သို့ ရောက်သောအခါ ဂျူးဝတ်ပြုဆောင်သို့ သွား၍ ဂျူးတို့နှင့် တရားဆွေးနွေးလေ၏။
သို့သော် ဧဖက်မြို့သာမက အာရှပြည်တစ်ပြည်လုံးတွင်ရှိသောသူတို့အား ဤပေါလုဆိုသူက လူ့လက်ဖြင့် ထုလုပ်သောဘုရားများသည် ဘုရားလုံးဝမဟုတ်ကြောင်း ဖြားယောင်းသွေးဆောင်၍ လမ်းလွဲစေလျက်ရှိသည်ကို သင်တို့လည်း မြင်ကြကြားကြရပြီ။
သို့သော် သူသည် ဂျူးလူမျိုးဖြစ်သည်ကို လူအစုအဝေးတို့က သတိပြုမိလာကြသောအခါ “ဧဖက်မြို့၏အာတေမိနတ်ဘုရားမသည် ကြီးမြတ်၏” ဟု နှစ်နာရီခန့်မျှ တစ်သံတည်းဖြင့် ကြွေးကြော်ကြ၏။
ဤအကြောင်းအရာများသည် မငြင်းဆန်နိုင်သောအရာများ ဖြစ်သောကြောင့် သင်တို့သည် တိတ်ဆိတ်စွာနေ၍ မဆင်မခြင်မပြုသင့်ပါ။
တစ်ချိန်က သင်တို့သည် ခရစ်တော်နှင့် ကင်းကွာခဲ့ကြ၍ အစ္စရေးလူမျိုးတွင် ပါဝင်ခွင့် မရ၊ ကတိတော်နှင့်ဆိုင်သော ပဋိညာဉ်များနှင့် သက်ဆိုင်ခွင့် မရှိ၊ မျှော်လင့်ချက် မရှိ၊ ဤလောကတွင် ဘုရားသခင်ကို မသိဘဲ နေခဲ့ကြသည်ကို သတိရကြလော့။
ထိုအယူဝါဒကို သွန်သင်သူများ၏ အမှားအမှန်ခွဲခြားသော အသိစိတ်သည် သံပူနှင့်ခတ်ခံရသကဲ့သို့ ထုံထိုင်းနေ၏။ သူတို့သည် သူတော်ကောင်းယောင်ဆောင်သော လူလိမ်များဖြစ်၏။