မြို့တံခါးထဲသို့ ယေဟုဝင်လာသောအခါ ယေဇဗေလက “ကိုယ့်သခင်ကိုသတ်ခဲ့သော ဇိမရိသည် ချမ်းသာရာရပါ၏လော”ဟု မေး၏။
၄ ရာ 9:32 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေဟုက ပြတင်းပေါက်သို့မော့ကြည့်ပြီး “မည်သူရှိသနည်း၊ ငါ့ဘက်မှာ မည်သူနေမည်နည်း”ဟု မေး၏။ ထိုအခါ မိန်းမစိုးနှစ်ဦးသုံးဦးက သူ့ကို ငုံ့ကြည့်ကြသဖြင့် Common Language Bible ယေဟုသည်မော်၍ကြည့်ပြီးလျှင်``ငါ၏ဘက် သို့အဘယ်သူပါမည်နည်း'' ဟုမေး၏။ ထိုအခါ သူ့အားမိန်းမစိုးနှစ်ယောက်သုံးယောက်တို့သည် နန်းတော်ပြူတင်းမှငုံ့၍ကြည့်ကြ၏။- Garrad Bible ယေ ဟု သည် မော် ကြည့်၍ ငါ့ ဘက် ပါ မည် နည်း။ မည် သူ နည်း ဟု မေး လျှင် လေ သာ ပြူ တင်း မှ မိန်း မ စိုး တစ် ယောက် သုံး ယောက် တို့ စီး ကြည့် သည့် ကာ လ Judson Bible ယေဟုသည် မျှော်ကြည့်၍၊ ငါ့ဘက်မှာအဘယ်သူနေသနည်း။ အဘယ်သူဟု မေးလေသော်၊ မိန်းမစိုး နှစ်ယောက်သုံးယောက်တို့သည် ပြတင်းပေါက်ထဲက ကြည့်ရှုကြ၏။ |
မြို့တံခါးထဲသို့ ယေဟုဝင်လာသောအခါ ယေဇဗေလက “ကိုယ့်သခင်ကိုသတ်ခဲ့သော ဇိမရိသည် ချမ်းသာရာရပါ၏လော”ဟု မေး၏။
ယေဟုက သူတို့အား “သူ့ကို တွန်းချပစ်လိုက်”ဟု ဆို၏။ သူတို့ကလည်း ယေဇဗေလကို တွန်းချလိုက်ရာ သူ့သွေးတို့သည် နံရံများ၊ မြင်းများပေါ်သို့ စဉ်သွားလေ၏။ ယေဟုလည်း သူ့ကိုတက်နင်းသွားလေ၏။
ယေဇဗေလလက်ဖြင့် သေဆုံးခဲ့ရသော ငါ့အစေအပါးပရောဖက်များ၊ ထာဝရဘုရား၏အစေအပါးများ အားလုံးတို့အတွက် ငါလက်တုံ့ပြန်မည်။ ထို့အတွက် သင်သည် သင့်သခင်အာဟပ်မင်းကြီး၏မင်းမျိုးမင်းနွယ်တို့ကို သုတ်သင်ပစ်ရမည်။
ထိုအခါ စစ်သူရဲသုံးဆယ်အုပ် အာမသဲအပေါ် ဝိညာဉ်တော်သက်ရောက်လာပြီး “အို ဒါဝိဒ်၊ အကျွန်ုပ်တို့ကို အသင်ပိုင်ပါ၏။ ယေရှဲ၏သား၊ သင်နှင့်အတူ အကျွန်ုပ်တို့ ရှိပါ၏။ သင်၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ငြိမ်သက်ခြင်း ရှိပါစေသော။ သင့်ကို ကူညီသူတို့လည်း ငြိမ်သက်ခြင်း ရှိပါစေသော။ သင်၏ဘုရားသခင်သည် သင့်ကို မစတော်မူလိမ့်မည်”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည် သူတို့ကိုလက်ခံပြီး စစ်ဗိုလ်များအဖြစ် ခန့်ထားလေ၏။
မြို့တိုင်းတွင် ဒိုင်းလွှားများ၊ လှံများ ထားရှိပြီး တောင့်တင်းခိုင်မာအောင်ပြု၏။ ဤသို့ဖြင့် ယုဒပြည်နှင့် ဗင်္ယာမိန်ပြည်ကို အုပ်ချုပ်လေ၏။
ခုနစ်ရက်မြောက်သောနေ့တွင် အာရွှေရုမင်းကြီးသည် စပျစ်ဝိုင်အရှိန်ကြောင့် စိတ်မြူးလာပြီး မိမိရှေ့တော်၌ခစားသော မိန်းမစိုးခုနစ်ဦးဖြစ်ကြသည့် မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာနှင့် ကာကက် တို့ကိုခေါ်၍
မော်ဒကဲက မိမိသမီးသဖွယ်စောင့်ရှောက်ထားသော မော်ဒကဲ၏ဘထွေးအဘိဟဲလ၏သမီးဧသတာသည် ရှင်ဘုရင်ထံဝင်ရမည့်အလှည့်ရောက်လာ၏။ သူသည် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ နန်းတွင်းမိန်းမစိုး အပျိုတော်အုပ်ဟေဂဲ အကြံပေးသည့်အတိုင်းသာ သွား၏။ ဧသတာကို တွေ့မြင်သမျှသောသူတို့သည် သူ့ကို သဘောကျနှစ်သက်ကြ၏။
မော်ဒကဲသည် ဘုရင့်နန်းတော်တံခါးတွင် ထိုင်လျက်နေသောကာလတွင် ဘုရင့်အမှုထမ်းနှစ်ဦးဖြစ်သော တံခါးစောင့်ဗိဂသန်နှင့်တေရက်တို့သည် အာရွှေရုမင်းကြီးကို အမျက်ထွက်၍ လုပ်ကြံရန် အခွင့်ကောင်းရှာနေကြ၏။
ထာဝရဘုရားသည် ငါ့ဘက်၌ရှိတော်မူ၏။ ငါသည် ကြောက်ရွံ့မည်မဟုတ်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း။
မည်သူသည် ဆိုးညစ်သောအမှုပြုသောသူတို့ကို ဆန့်ကျင်ပြီး ငါ့အတွက်ထမည်နည်း။ မည်သူသည် အပြစ်ဒုစရိုက်ပြုသောသူတို့ကို ဆန့်ကျင်ပြီး ငါ့အတွက် ရပ်တည်မည်နည်း။
မောရှေသည် တပ်စခန်းအဝင်ဝတွင် ရပ်လျက် “ထာဝရဘုရားဘက်၌ မည်သူနေမည်နည်း။ ငါ့ထံသို့လာကြ”ဟု ဆိုသော် လေဝိ၏သားမြေးအပေါင်းတို့သည် သူ့ထံသို့စုဝေးလာကြ၏။
ဟေရုဒ်မင်းသည် တိုင်ရာမြို့သားနှင့်ဆီဒုန်မြို့သားတို့အပေါ် ပြင်းစွာဒေါသထွက်သဖြင့် သူတို့သည် မင်းကြီးထံသို့ တစ်စုတစ်ဝေးတည်းလာကြ၍ မင်းကြီး၏အတွင်းဝန်ဗလတ္တုကိုစည်းရုံးကာ ငြိမ်းချမ်းမှုရရှိရန်အတွက် တောင်းပန်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ပြည်သည် မင်းကြီး၏ပြည်မှ အစားအစာကိုရရှိသောကြောင့်ဖြစ်၏။