Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​သ​တာ 2:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 မော်ဒကဲ​က မိမိ​သမီး​သဖွယ်​စောင့်ရှောက်​ထား​သော မော်ဒကဲ​၏​ဘထွေး​အဘိဟဲလ​၏​သမီး​ဧသတာ​သည် ရှင်ဘုရင်​ထံ​ဝင်​ရ​မည့်​အလှည့်​ရောက်လာ​၏​။ သူ​သည် မည်သည့်​အရာ​ကို​မျှ မ​တောင်းဆို​ဘဲ နန်းတွင်း​မိန်းမစိုး အပျိုတော်အုပ်​ဟေဂဲ အကြံပေး​သည့်​အတိုင်း​သာ သွား​၏​။ ဧသတာ​ကို တွေ့မြင်​သမျှ​သော​သူ​တို့​သည် သူ့​ကို သဘောကျ​နှစ်သက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 အ​ဘိ​ဟဲ​လ​၏​သ​မီး၊ မော်​ဒ​ကဲ​၏​ဝမ်း​ကွဲ နှ​မ​နှင့်​မွေး​စား​သ​မီး၊ မြင်​သူ​တိုင်း​ချီး​မွမ်း ခံ​ရ​သည့်​ဧ​သ​တာ​သည်​မင်း​ကြီး​ထံ​တော် သို့​ဝင်​ရန်​အ​လှည့်​ရောက်​သော​အ​ခါ အ​ပျို တော်​ဆောင်​အုပ်၊ မိန်း​မ​စိုး​ဟေ​ဂဲ​အ​ကြံ ပေး​သည့်​အ​ဝတ်​အ​စား​ကို​ဝတ်​ဆင်​၍ သွား​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 သ မီး ရင်း သ ဖွယ် မော် ဒ ကဲ မွေး စား သော၊ ဘ ထွေး အ ဘိ ဟဲ လ သ မီး ဧ သ တာ သည်၊ အ လှည့် ကျ၍ ဘု ရင် မင်း ထံ ဝင် ရ သော အ ခါ၊ မှန် နန်း တော် အုပ် မိန်း မ စိုး ဟေ ဂဲ စီ ရင် ရာ မှ တ ပါး၊ မည် သည် ကို မျှ မ ယူ ဘဲ။ တွေ့ သ မျှ တို့ ရှေ့ မျက် နှာ ရ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 မိ​မိ​သ​မီး​ကဲ့​သို့ မော်​ဒ​ကဲ​မွေး​မြူ​သော ဘ​ထွေး အ​ဘိ​ဟဲ​လ​သ​မီး ဧ​သ​တာ​သည် အ​လှည့်​သင့်၍၊ ရှင်​ဘု​ရင်​ထံ​သို့ ဝင်​ရ​သော​အ​ခါ၊ နန်း​တော်​မိန်း​မ​စိုး၊ အ​ပျို​တော်​အုပ် ဟေ​ဂဲ​စီ​ရင်​သော အ​ရာ​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ မ​တောင်း၊ ဧ​သ​တာ​ကို တွေ့​မြင်​သ​မျှ​သော​သူ​တို့​သည် ချစ်​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 2:15
10 ပူးပေါင်းရင်းမြစ်များ  

နေဝင်ချိန်​တွင် ရှင်ဘုရင်​ထံ​ဝင်​၍ နံနက်​ရောက်​လျှင် ပြန်​ထွက်လာ​ပြီး ရံရွှေတော်​ထိန်း ဘုရင့်​နန်းတွင်း​မိန်းမစိုး​ရှာရှဂါဇ​အုပ်ထိန်း​သော နောက်​မောင်းမဆောင်​တစ်​ခု​တွင် နေ​ရ​၏​။ ရှင်ဘုရင်​နှစ်သက်​၍ နာမည်​နှင့်​မ​ခေါ်​မ​ချင်း ရှင်ဘုရင်​ထံ ထပ်၍​မ​ဝင်​ရ​။


ဤသို့ဖြင့် အာရွှေရု​မင်းကြီး​နန်းစံ သတ္တမ​နှစ်​၊ တေဗက်​လ​ဟု​ခေါ်​သော ဒသမ​လ​တွင် ဧသတာ​ကို ဘုရင့်​နန်းဆောင်​သို့ ခေါ်သွင်း​လေ​၏​။


ရုပ်ဆင်းသွင်ပြင်​ချောမော​သော အပျိုကညာ​အားလုံး​ကို ရှုရှန်​နန်းတော်​ရှိ အပျိုတော်​နန်းဆောင်​သို့ ပို့​စေရန် အရှင်မင်းကြီး​၏​တိုင်းနိုင်ငံ​ရှိ နယ်မြေဒေသ​အသီးသီး​တွင် ကြီးကြပ်သူ​များ​ကို​ခန့်ထား​တော်မူ​ပါ​။ ဘုရင့်​နန်းတွင်း​မိန်းမစိုး အပျိုတော်အုပ်​ဟေဂဲ​လက်​သို့​အပ်​၍ အလှပြင်​စေ​ပါ​။


ထို​နေ့​တွင်ပင် အာရွှေရု​မင်းကြီး​သည် ဂျူး​လူမျိုး​တို့​၏​ရန်သူ​ဟာမန်​၏​အိမ်​ကို မိဖုရား​ဧသတာ​အား ပေး​လေ​၏​။ ဧသတာ​က မော်ဒကဲ​သည် မိမိ​နှင့်​မည်သို့​တော်စပ်​သည်​ကို လျှောက်တင်​ရာ ရှင်ဘုရင်​က မော်ဒကဲ​အား ရှေ့​တော်​သို့​ခစား​ခွင့်​ပေး​လေ​၏​။


ထို့နောက် အဘိဟဲလ​၏​သမီး မိဖုရား​ဧသတာ​နှင့် ဂျူး​လူမျိုး​မော်ဒကဲ​တို့​သည် ပုရိမ်​ပွဲ​နေ့​ဆိုင်ရာ ဤ​ဒုတိယ​စာ​ကို အမိန့်အာဏာ​အပြည့်​နှင့် အတည်ပြု​ရေးသား​ပြီးလျှင်


ထာဝရဘုရား​ကို​ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​နှင့်ဆိုင်သော​ဆုံးမပဲ့ပြင်​ခြင်း​ဖြစ်​၏​။ ဂုဏ်သရေ​၏​ရှေ့ပြေး​ကား စိတ်နှိမ့်ချ​ခြင်း​ဖြစ်​၏​။


ငါ့​ချိုးငှက်​၊ ပြစ်မျိုးမှဲ့မထင်​သူ တစ်ဦးတည်း​သာ​ရှိ​ပါ​၏​။ သူ့​မိခင်​အဖို့ သူ​သည် တစ်ဦးတည်း​သော​သမီး​၊ သူ့​ကို​မွေး​သော​မိခင်​အဖို့ သူ​သည် အနှစ်သက်ဆုံး​သော​သမီး​ဖြစ်​၏​။ မိန်းမပျို​တို့​သည် သူ့​ကို​မြင်​လျှင် မင်္ဂလာ​ရှိ​သော​သူ ဟု​ခေါ်​ကြ​၏​။ မိဖုရား​များ​၊ မောင်းမ​များ​လည်း သူ့​ကို​ချီးမွမ်း​ကြ​၏​။


“အကျွန်ုပ်​သည် မြို့ရိုး​ဖြစ်၍ အကျွန်ုပ်​၏​သားမြတ်​တို့​သည် မျှော်စင်​နှင့်​တူ​ပါ​၏​။ ထို့ကြောင့် အရှင့်​မျက်လုံး​ထဲတွင် အကျွန်ုပ်​သည် အေးချမ်းမှု​ကို​ပေး​သော​သူ​ဖြစ်​ပါ​၏​။


သူ​၏​ဆင်းရဲ​ဒုက္ခ​အလုံးစုံ​တို့​ထဲမှ သူ့​ကို​ကယ်နုတ်​ပြီး သူ့​အား​ဉာဏ်ပညာ​ကို​ပေး​လျက် အီဂျစ်​ဘုရင် ဖာရော​မင်း​ရှေ့၌ မျက်နှာရ​စေ​တော်မူ​၏။ ထိုအခါ ဖာရော​မင်း​သည် အီဂျစ်​ပြည်​နှင့်​မိမိ​၏​နန်းတော်​တစ်ခုလုံး​ကို ဦးဆောင်​သူ​အဖြစ် သူ့​ကို​ခန့်ထား​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ