ထွက်မြောက် 32:26 - မြန်မာ့စံမီသမ္မာကျမ်း26 မောရှေသည် တပ်စခန်းအဝင်ဝတွင် ရပ်လျက် “ထာဝရဘုရားဘက်၌ မည်သူနေမည်နည်း။ ငါ့ထံသို့လာကြ”ဟု ဆိုသော် လေဝိ၏သားမြေးအပေါင်းတို့သည် သူ့ထံသို့စုဝေးလာကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible26 ထို့ကြောင့်သူသည်စခန်းပေါက်ဝတွင်ရပ် လျက်``ထာဝရဘုရား၏ဘက်တော်သားဖြစ် သူတို့၊ ငါ့ထံသို့လာကြလော့'' ဟုအော်ဟစ် ဖိတ်ခေါ်လေ၏။ ထိုအခါလေဝိအမျိုးသား အပေါင်းတို့သည်မောရှေထံသို့စုရုံးလာ ကြသောအခါ၊- အခန်းကိုကြည့်ပါ။Garrad Bible26 တပ် စ ခန်း ဝ မှ ရပ် လျက် ထာ ဝ ရ ဘု ရား ၏ လူ မှန် က ငါ့ ထံ လာ လော့ ဟု ဆို လျှင် လေ ဝိ အ နွယ် သား အ ပေါင်း တို့ ချဉ်း ကပ် စု ရုံး ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible26 တပ်တံခါးဝမှာရပ်လျက်၊ ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း။ ငါ့ထံသို့ လာစေဟုဆိုလျှင်၊ လေဝိအမျိုးသားအပေါင်းတို့သည် သူ့ထံ၌စည်းဝေးကြ၏။ အခန်းကိုကြည့်ပါ။ |
မောရှေက သူတို့အား “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘လူအသီးသီး မိမိနံဘေး၌ ဓားကိုဆောင်လျက် တပ်စခန်းအဝင်ဝမှ တပ်စခန်းတစ်လျှောက် အဆုံးတိုင်အောင် ခေါက်တုံ့ခေါက်ပြန်သွားလော့။ လူအသီးသီး မိမိညီအစ်ကို၊ မိမိအပေါင်းအဖော်၊ မိမိအိမ်နီးချင်းတို့ကို သတ်လော့’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။