ဗေသလမြို့ရှိယဇ်ပလ္လင်၊ ရှမာရိမြို့ရွာရှိအထွတ်အမြတ်ထားရာကုန်းမြင့်မှဝတ်ကျောင်းများနှင့်ပတ်သက်၍ ထာဝရဘုရား၏စကားတော်အတိုင်း ထိုသူကြွေးကြော်ခဲ့သောအရာသည် အမှန်ဖြစ်လာလိမ့်မည်”ဟု မှာကြားလေ၏။
၄ ရာ 10:1 - မြန်မာ့စံမီသမ္မာကျမ်း ရှမာရိမြို့တွင် အာဟပ်မင်းကြီး၏သားတော်အပါးခုနစ်ဆယ် ရှိ၏။ ယေဟုသည် ရှမာရိမြို့ရှိ ယေဇရေလမြို့အကြီးအကဲများ၊ သက်ကြီးဝါကြီးများနှင့် အာဟပ်မင်းကြီး၏သားတော်တို့ကိုအုပ်ထိန်းသောသူများထံသို့ စာရေးသားပေးပို့လိုက်၏။ Common Language Bible အာဟပ်မင်း၏သားမြေးခုနစ်ဆယ်တို့သည် ရှမာရိမြို့တွင်နေထိုင်လျက်ရှိကြ၏။ ယေဟု သည်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ နှင့်အာဟပ်သားမြေးတို့၏အုပ်ထိန်းသူများ ထံသို့စာရေး၍ပို့လိုက်၏။ ထိုစာတွင်၊- Garrad Bible ရှ မာ ရိ မြို့ တွင် အာ ဟပ် မင်း၏ သား တော် မြေး တော် ခု နစ် ကျိပ် ရှိ သည် ဖြစ်၍ ၄င်း မြို့ ရှိ ယေ ဇ ရေ လ မြို့ ဝန်၊ လူ ကြီး၊ အ ကြီး တော် များ ထံ၊ ယေ ဟု မင်း ရေး လိုက် သော အ မိန့် စာ ကား၊ Judson Bible အာဟပ်၏သားခုနစ်ကျိပ်တို့သည် ရှမာရိမြို့၌ ရှိသည်ဖြစ်၍၊ ယေဟုသည် ယေဇရေလမြို့အုပ်များ၊ အသက်ကြီးသူများ၊ အာဟပ်သားတို့ကိုလုပ်ကျွေးသော သူများရှိရာ၊ ရှမာရိမြို့သို့ စာရေး၍ ပေးလိုက်လေ၏။ |
ဗေသလမြို့ရှိယဇ်ပလ္လင်၊ ရှမာရိမြို့ရွာရှိအထွတ်အမြတ်ထားရာကုန်းမြင့်မှဝတ်ကျောင်းများနှင့်ပတ်သက်၍ ထာဝရဘုရား၏စကားတော်အတိုင်း ထိုသူကြွေးကြော်ခဲ့သောအရာသည် အမှန်ဖြစ်လာလိမ့်မည်”ဟု မှာကြားလေ၏။
ထို့နောက် သူသည် ရှမေရထံမှ ရှမာရိတောင်ကို ငွေနှစ်တာလန်နှင့်ဝယ်ယူပြီး ထိုတောင်ပေါ်၌ မြို့တည်၏။ တောင်ပိုင်ရှင်အမည်ရှမေရကို အစွဲပြု၍ ထိုမြို့၏အမည်ကို ရှမာရိမြို့ဟု ခေါ်ဝေါ်၏။
ဩမရိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ရှမာရိမြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာဟပ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
“အာဟပ်မင်းကြီးသည် ငါ့ရှေ့တော်တွင် ကိုယ်ကိုအလွန်နှိမ့်ချသည်ကို သင်မြင်သလော။ ထိုသို့ ငါ့ရှေ့တော်တွင် ကိုယ်ကိုနှိမ့်ချသောကြောင့် သူ့လက်ထက်တွင် ထိုဘေးဆိုးနှင့်မကြုံတွေ့စေရ။ သူ့သားလက်ထက်မှ သူ့အမျိုးအနွယ်ကို ထိုဘေးဆိုးနှင့်ကြုံတွေ့စေမည်”ဟု မိန့်ဆို၏။
သူက မိမိသခင်မအား “အကျွန်ုပ်၏သခင်သည် ရှမာရိမြို့ရှိပရောဖက်ထံသို့သွားလျှင် မည်မျှလောက်ကောင်းလိမ့်မည်နည်း။ သူသည် သခင်၌စွဲသောအနာကြီးရောဂါကို ပျောက်ကင်းစေလိမ့်မည်”ဟု လျှောက်ဆို၏။
ထို့နောက် အာခဇိမင်းကြီးကို လိုက်ရှာရာ ရှမာရိမြို့၌ပုန်းနေစဉ် သူ့ကိုဖမ်းမိ၍ ယေဟုထံ ခေါ်ဆောင်လာရာ ယေဟုသည် သူ့ကိုကွပ်မျက်ပြီးလျှင် “သူသည် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာသော ယောရှဖတ်မင်းကြီး၏မြေးတော်ဖြစ်သည်”ဟု ဆို၍ သူ့ကိုသင်္ဂြိုဟ်ပေးကြ၏။ အာခဇိမင်းကြီး၏အမျိုးအနွယ်တို့တွင် တိုင်းပြည်အုပ်ချုပ်နိုင်စွမ်းရှိသူ တစ်ယောက်မျှမရှိ။
ထာဝရဘုရားက ဟောရှေအား “ဤသားအမည်ကို ယေဇရေလဟု မှည့်ခေါ်လော့။ အကြောင်းမှာ ယေဟုအမျိုးအနွယ်သည် ယေဇရေလအရပ်တွင် လူသတ်ခဲ့သောကြောင့် သူ့ကိုငါဆုံးမမည်။ အစ္စရေးအမျိုးအနွယ်၏မင်းဆက်ကို အဆုံးသတ်စေမည်။
အကျွန်ုပ်သည် ဤလူအပေါင်းတို့ကို ကိုယ်ဝန်ဆောင်ခဲ့ပါသလော။ ‘ထိုပြည်ကို သူတို့ဘိုးဘေးတို့အား ပေးမည်ဟုကျိန်ဆိုခဲ့သည်နှင့်အညီ ကလေးထိန်းသည် နို့စို့ကလေးငယ်ကိုဆောင်သကဲ့သို့ ထိုပြည်သို့ သူတို့ကို သင့်ရင်ခွင်၌ ပွေ့ချီသွားလော့’ဟု အကျွန်ုပ်အား ကိုယ်တော်မိန့်တော်မူသည်မှာ အကျွန်ုပ်သည် သူတို့ကိုမွေးဖွားခဲ့ပါသလော။
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြို့ရှိသမျှတို့တွင် တရားသူကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများကို မျိုးနွယ်အလိုက် သင်ခန့်ထားရမည်။ သူတို့သည် လူတို့ကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
ထိုသူ၌ မြည်းအကောင်သုံးဆယ်ကို ကိုယ်စီစီးခွင့်ရှိသော၊ မြို့ကို ကိုယ်စီအပိုင်စားရသော သားအယောက်သုံးဆယ် ရှိ၏။ ထိုမြို့တို့သည် ဂိလဒ်ပြည်တွင်ရှိပြီး ယနေ့တိုင်အောင် “ဟာဝုတ်ယာဣရ”ဟု ခေါ်ဆိုကြ၏။
ထိုသူ၌ မြည်းအကောင်ခုနစ်ဆယ်ကို ကိုယ်စီစီးခွင့်ရှိသော သားအယောက်လေးဆယ်၊ မြေးအယောက်သုံးဆယ် ရှိ၏။ သူသည် အစ္စရေးလူမျိုးတို့ကို ရှစ်နှစ်စီရင်အုပ်ချုပ်၏။