Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 22:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ထို့နောက် အာခဇိ​မင်းကြီး​ကို လိုက်ရှာ​ရာ ရှမာရိ​မြို့​၌​ပုန်း​နေစဉ် သူ့​ကို​ဖမ်းမိ​၍ ယေဟု​ထံ ခေါ်ဆောင်​လာ​ရာ ယေဟု​သည် သူ့​ကို​ကွပ်မျက်​ပြီးလျှင် “သူ​သည် ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သော ယောရှဖတ်​မင်းကြီး​၏​မြေး​တော်​ဖြစ်​သည်”​ဟု ဆို​၍ သူ့​ကို​သင်္ဂြိုဟ်​ပေး​ကြ​၏​။ အာခဇိ​မင်းကြီး​၏​အမျိုးအနွယ်​တို့​တွင် တိုင်းပြည်​အုပ်ချုပ်​နိုင်စွမ်း​ရှိ​သူ တစ်ယောက်​မျှ​မ​ရှိ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ယေ​ဟု​သည်​ထို​သူ​အား​လုံး​ကို​သတ်​ပြီး နောက် လူ​အ​ချို့​အား​အာ​ခ​ဇိ​ကို​လိုက်​လံ ရှာ​ဖွေ​စေ​၏။ ထို​သူ​တို့​သည်​ရှ​မာ​ရိ​မြို့​တွင် ပုန်း​အောင်း​နေ​သော​အာ​ခ​ဇိ​ကို​တွေ့​၍ ယေ​ဟု ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​၏။ ထို​နောက်​သူ့​အား ကွပ်​မျက်​ကြ​လေ​သည်။ သို့​ရာ​တွင်​သူ​တို့ သည်​ထာ​ဝရ​ဘု​ရား​၏​အ​မှု​တော်​ကို​အ​စွမ်း ကုန်​ဆောင်​ရွက်​ခဲ့​သူ ယော​ရှ​ဖတ်​မင်း​ကို​ရို​သေ လေး​စား​သော​အား​ဖြင့် သူ​၏​မြေး​အာ​ခ​ဇိ ၏​အ​လောင်း​ကို​သင်္ဂြိုဟ်​လိုက်​ကြ​၏။ အာ​ခ​ဇိ အိမ်​ထောင်​စု​မှ​တိုင်း​ပြည်​ကို​အုပ်​စိုး​နိုင်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ကျန်​မ​ရှိ​တော့ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ရှ မာ ရိ မြို့၌ ပုန်း ရှောင် လျက် နေ သော အာ ခ ဇိ မင်း ကို လည်း လိုက် ရှာ ဖမ်း ဆီး၍၊ ယေ ဟု ထံ ပို့ အပ် ကွပ် မျက် ကြ ရာ၊ ထာ ဝ ရ ဘု ရား အား စိတ် နှ လုံး အ ကြွင်း မဲ့ ရှာ ဖွေ သူ ယော ရှ ဖတ် မင်း သား တော် ဖြစ် သည် ကို ထောက် ၍၊ စျာ ပ န ပြု ကြ လေ၏။ အာ ခ ဇိ မင်း မျိုး မှာ၊ နိုင် ငံ ကို အုပ် ချုပ် ရန် စွမ်း ရည် သ တ္တိ မ ရှိ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ရှ​မာ​ရိ​ပြည်၌ ပုန်း​လျက်​နေ​သော အာ​ခ​ဇိ​ကို​ရှာ၍ ဖမ်း​မိ​သော​အ​ခါ၊ ယေ​ဟု​ထံ​သို့​ဆောင်​ခဲ့​ပြီး​မှ သတ်၍ သင်္ဂြိုဟ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ရှာ​သော ယော​ရှ​ဖတ်၏​အ​မျိုး​ဖြစ်​သည်​ဟု ဆို​ကြ၏။ ထို​သို့​အာ​ခ​ဇိ​အ​မျိုး သည် နိုင်​ငံ​ကို​အုပ်​စိုး​ခြင်း​ငှာ မ​တတ်​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 22:9
14 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ယုဒ​ပြည်​မှ​လာ​သော​ဘုရားသခင်​၏​လူ​အား “​ထာဝရဘုရား​က ‘​သင်​သည် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို ဖီဆန်​ပြီ​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား မိန့်မှာ​သော​စကား​တော်​ကို မ​လိုက်နာ​ဘဲ


အစ္စရေး​လူမျိုး​တစ်မျိုးလုံး သူ့​အတွက် ငိုကြွေးမြည်တမ်း​လျက် သူ့​ကို သင်္ဂြိုဟ်​ကြ​လိမ့်မည်​။ ယေရောဗောင်​မင်းမျိုးမင်းနွယ်​တွင် သူ​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​၏​စိတ်​တော်​နှင့်​တွေ့​သူ​ဖြစ်​၏​။ ထို့ကြောင့် ယေရောဗောင်​မင်းမျိုးမင်းနွယ်​ထဲတွင် သူ​တစ်ဦးတည်း​သာ သင်္ချိုင်း​၌ သင်္ဂြိုဟ်​ခြင်း​ခံရ​လိမ့်မည်​။


ယေဟု​သည် အထဲသို့​ဝင်​၍​စား​သောက်​ပြီးမှ “​ကျိန်စာသင့်​သော​ဤ​မိန်းမ​သည် ဘုရင့်​သမီး​တော်​ဖြစ်​သောကြောင့် ကြည့်​ပြီး​သင်္ဂြိုဟ်​လိုက်​ကြ​ပါ”​ဟု ဆို​၏​။


သို့သော် မင်းကြီး​၌ ကောင်း​သော​အရာ ရှိ​၏​။ မင်းကြီး​သည် တိုင်းပြည်​တွင်​ရှိ​သော အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​တို့​ကို ဖယ်ရှား​ပြီး ဘုရားသခင်​ကို​ရှာ​လို​သော​စိတ်​ရှိ​လေ​ပြီ​”​ဟု သူ့​အား ဆို​၏​။


သူ​တို့​သည် ယုဒ​ပြည်​သို့​ချီတက်​သိမ်းပိုက်​ကြ​ပြီး ဘုရင့်​နန်းတော်​တွင် တွေ့​သမျှ​ဥစ္စာ​တို့​ကို ယူဆောင်​သွား​ကြ​၏​။ အငယ်ဆုံး​သား​တော်​ယောခတ်​မှတစ်ပါး ကျန်​သား​တော်​များ​၊ မိဖုရား​များ​ကို​လည်း တစ်ယောက်မကျန် ဖမ်းဆီးခေါ်ဆောင်​သွား​ကြ​၏​။


သူ​သည် သက်တော်​သုံးဆယ့်​နှစ်​နှစ်​တွင် နန်းတက်​၍ ဂျေရုဆလင်​မြို့​၌ ရှစ်​နှစ်​စိုးစံ​၏​။ သူ​အနိစ္စရောက်​သောအခါ မည်သူ​မျှ​ဝမ်း​မ​နည်း​။ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​သော်လည်း ရှင်ဘုရင်​တို့​သင်္ချိုင်း​တွင် မ​သင်္ဂြိုဟ်​ကြ​ပေ​။


ယဟောရံ​သည် ခမည်းတော်​၏​ထီးနန်း​ကို ဆက်ခံ​၍ အင်အား​ခိုင်မာ​လာ​သောအခါ ညီအစ်ကို​အားလုံး​နှင့် အစ္စရေး​အကြီးအကဲ​အချို့​တို့​ကို ဓား​နှင့်​ကွပ်မျက်​လေ​၏​။


ယေဟု​သည် အာဟပ်​မင်းမျိုးမင်းနွယ်​ကို ကွပ်မျက်​စီရင်​သောအခါ ယုဒ​အကြီးအကဲ​များ​နှင့် အာခဇိ​မင်းကြီး​ကို​ခစား​သော အာခဇိ​မင်းကြီး​၏​ဆွေမျိုးသားချင်း​တို့​ကို တွေ့​သဖြင့် သူ​တို့​ကို​ပါ ကွပ်မျက်​လေ​၏​။


သူ​တို့ ပြန်သွား​သောအခါ ယောရှ​မင်းကြီး​ကို ဒဏ်ရာ​အပြင်းအထန်​နှင့်​ထား​ခဲ့​၏​။ ယောရှ​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ယောယဒ​၏​သား​ကို သတ်​သော​အပြစ်​ကြောင့် သူ​၏​အမှုထမ်း​တို့​သည် သူ့​ကို​လုပ်ကြံ​၍​အိပ်ရာ​ထက်​တွင်ပင် သူ့​ကို​ကွပ်မျက်​လိုက်​ကြ​၏​။ ထို့ကြောင့် သူ​သည် အနိစ္စရောက်​၍ သူ့​ကို ဒါဝိဒ်​မြို့​တွင် သင်္ဂြိုဟ်​သော်လည်း ရှင်ဘုရင်​သင်္ချိုင်း​တွင် မ​သင်္ဂြိုဟ်​ကြ​ချေ​။


အာမဇိ​မင်းကြီး​သည် ထာဝရဘုရား​ကို​ကျောခိုင်း​သွား​ပြီးနောက် ဂျေရုဆလင်​မြို့​တွင် သူ့​ကို​လုပ်ကြံ​ရန် လျှို့ဝှက်ကြံစည်​ကြ​သဖြင့် သူ​သည် လာခိရှ​မြို့​သို့ ထွက်ပြေး​သွား​၏​။ သို့သော် လာခိရှ​မြို့​အထိ လူ​ကို​စေလွှတ်​၍ ထို​အရပ်​၌ သူ့​ကို ကွပ်မျက်​ကြ​၏​။


အာမုန်​မင်းကြီး​၏​အမှုထမ်း​တို့​သည်​လည်း လျှို့ဝှက်ကြံစည်​ကြ​ပြီး သူ့​ကို နန်းတွင်း​၌​ပင် ကွပ်မျက်​ကြ​လေ​၏​။


သင်​တို့​သည် ငါ့​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သောအခါ ငါ့​ကို ရှာ​တွေ့​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ