သို့သော် ငါ့အစေအပါးဒါဝိဒ်မင်းကြီးနှင့် ငါရွေးချယ်သောဂျေရုဆလင်မြို့ကိုထောက်ထား၍ နိုင်ငံတစ်ခုလုံးကိုမရုပ်သိမ်းဘဲ မျိုးနွယ်တစ်နွယ်ကို သင့်သားအား ငါပေးထားမည်”ဟု မိန့်တော်မူ၏။
၂ ရာချုပ် 33:7 - မြန်မာ့စံမီသမ္မာကျမ်း မိမိကိုယ်တိုင်ထွင်းထုထားသော ရုပ်တုဆင်းတုကိုလည်း ဘုရားသခင်၏အိမ်တော်တွင် ထားရှိ၏။ ဘုရားသခင်က ဤအိမ်တော်နှင့်ပတ်သက်၍ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားတော်ရှောလမုန်မင်းကြီးတို့အား “အစ္စရေးမျိုးနွယ်တို့ပိုင်သောမြို့ထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့၊ ဤအိမ်တော်တွင် ငါ့နာမကို အစဉ်တည်စေမည်။ Common Language Bible သူသည်ရုပ်တုတစ်ခုကိုဗိမာန်တော်တွင်ထား ၏။ ထိုဗိမာန်တော်နှင့်ပတ်သက်၍ထာဝရဘုရား ကဒါဝိဒ်နှင့်သားတော်ရှောလမုန်အား``ဣသ ရေလအနွယ်တစ်ဆယ့်နှစ်နွယ်တို့၏နယ်မြေ ရှိသမျှအနက် ငါရွေးချယ်တော်မူသော ယေရုရှလင်မြို့ရှိဤဗိမာန်တော်၌ ငါ့ကို အစဉ်အမြဲဝတ်ပြုကိုးကွယ်ရကြမည်။- Garrad Bible ဘု ရား သ ခင် ဗိ မာန် တော် တွင် လည်း၊ ရုပ် တု ကို ထု လုပ် တင် ထား လေ ၏။ ထို ဗိ မာန် ကို ရည်၍၊ ဒါ ဝိဒ် မင်း နှင့် သား တော် ရှော လ မုန် မင်း တို့ အား၊ ဘု ရား သ ခင် မိန့် တော် မူ ခဲ့ သည် မှာ၊ ဣ သ ရေ လ အ နွယ် အ ပေါင်း တို့ နေ ရာ မြို့ ရွာ များ အ နက်၊ ငါ ရွေး ချယ် သော ယေ ရု ရှ လင် မြို့ ရှိ ဤ ဗိ မာန် တော်၌၊ ငါ့ နာ မ အ စဉ် တည် ၍၊ Judson Bible ဤဗိမာန်၌လည်းကောင်း၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌လည်းကောင်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ်နှင့် သားတော်ရှောလမုန်အားမိန့်တော်မူရာ၌၊ ရည်ဆောင်သော ဗိမာန်တော်ထဲမှာ၊ မိမိပြုစုသောရုပ်တုနှင့် တူအောင်လုပ်သော ရုပ်တုတစ်ခုကို တင်ထား၏။ |
သို့သော် ငါ့အစေအပါးဒါဝိဒ်မင်းကြီးနှင့် ငါရွေးချယ်သောဂျေရုဆလင်မြို့ကိုထောက်ထား၍ နိုင်ငံတစ်ခုလုံးကိုမရုပ်သိမ်းဘဲ မျိုးနွယ်တစ်နွယ်ကို သင့်သားအား ငါပေးထားမည်”ဟု မိန့်တော်မူ၏။
ငါ့အစေအပါးဒါဝိဒ်မင်းကြီးနှင့် အစ္စရေးမျိုးနွယ်ပိုင်မြို့အားလုံးထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့ကို ထောက်ထားပြီး မျိုးနွယ်တစ်နွယ်ကို သူ့အဖို့ ချန်ထားမည်။
ထို့ကြောင့် ရှင်ဘုရင်သည် အတိုင်ပင်ခံတို့နှင့်ဆွေးနွေးတိုင်ပင်၍ ရွှေနွားသငယ်ရုပ်နှစ်ရုပ်ကို သွန်းလုပ်ပြီး ပြည်သူတို့အား “ဂျေရုဆလင်မြို့သို့ တက်သွားရသည်မှာ သင်တို့အဖို့ ခက်ခဲလှပါ၏။ အို အစ္စရေးလူမျိုးတို့၊ ကြည့်ပါ။ ဤသည်မှာ သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားများဖြစ်ပါ၏”ဟု မိန့်ဆို၏။
‘ဤနေရာ၌ ငါ့နာမတည်မည်’ဟု ကိုယ်တော်မိန့်မှာထားသည့်အတိုင်း ဤနေရာ၊ ဤအိမ်တော်ကို နေ့ညမပြတ်စောင့်ကြည့်တော်မူပါ။ ဤနေရာသို့မျက်နှာမူပြီးဆုတောင်းသော ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။
ကိုယ်တော်၏လူမျိုးတော်တို့သည် ကိုယ်တော်စေရာလမ်းအတိုင်း ရန်သူတို့အား စစ်ထွက်တိုက်ရသောအခါ သူတို့သည် ကိုယ်တော်ရွေးချယ်တော်မူသောဤမြို့၊ ကိုယ်တော်၏နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သောအိမ်တော်ဘက်သို့ မျက်နှာမူပြီး ထာဝရဘုရားထံ ဆုတောင်းကြလျှင်
သူတို့သည် ဖမ်းခေါ်သွားခြင်းခံရသော ရန်သူ့ပြည်၌ပင် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် ကိုယ်တော့်ထံပြန်လာ၍ သူတို့၏ဘိုးဘေးတို့အား ကိုယ်တော်ပေးသနားတော်မူသောပြည်၊ ကိုယ်တော်ရွေးချယ်တော်မူရာမြို့၊ နာမတော်အဖို့ အကျွန်ုပ်တည်ဆောက်သောအိမ်တော်ဘက်သို့ မျက်နှာမူပြီး ကိုယ်တော့်ထံ ဆုတောင်းကြလျှင်
ထာဝရဘုရားက သူ့အား “ငါ့ရှေ့မှောက်တွင် သင်ဆုတောင်းအသနားခံသည်ကို ငါနားညောင်းပြီ။ သင်တည်ဆောက်သောဤအိမ်တော်ကို ငါသန့်ရှင်းစေမည်။ ငါ့နာမအဖို့ အစဉ်တည်စေမည်။ ဤအိမ်တော်ကို ငါအစဉ်အမြဲကြည့်ရှုနှလုံးသွင်းမည်။
အာရှရနတ်ဘုရားမတံခွန်တိုင်ကိုလည်း ထာဝရဘုရား၏အိမ်တော်ထဲမှ ဂျေရုဆလင်မြို့ပြင် ကေဒြုန်ချိုင့်ဝှမ်းသို့ ထုတ်လာ၏။ ထိုတံခွန်တိုင်ကို ကေဒြုန်ချိုင့်ဝှမ်း၌ မီးရှို့အမှုန့်ချေပစ်ပြီး ပြာများကို ပြည်သူပြည်သားတို့၏သင်္ချိုင်းပေါ်သို့ ကြဲချလေ၏။
တိုင်းတစ်ပါးဘုရားများနှင့် ရုပ်တုများကို ထာဝရဘုရား၏အိမ်တော်မှဖယ်ရှားပစ်၏။ ထာဝရဘုရား၏အိမ်တော်တည်ရာတောင်ကုန်းပေါ်နှင့် ဂျေရုဆလင်မြို့ထဲရှိ သူတည်ဆောက်ခဲ့သောယဇ်ပလ္လင်ရှိသမျှတို့ကိုလည်း ဖယ်ရှား၍ မြို့ပြင်သို့ လွှင့်ပစ်ခဲ့၏။
“ဂျေရုဆလင်မြို့တွင် ငါ့နာမကိုအစဉ်တည်စေမည်”ဟု ထာဝရဘုရား မိန့်တော်မူရာနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်တွင် ယဇ်ပလ္လင်များကို တည်၏။
ကိုယ်တော်က ‘ငါ့လူမျိုးတော်အစ္စရေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ငါ့နာမတည်ရာအိမ်တော်ကိုတည်ဆောက်ရန် အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့တစ်မြို့မြို့ကို ငါမရွေးချယ်ခဲ့။ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် မည်သူ့ကိုမျှ ငါမရွေးချယ်ခဲ့။
သို့သော် ငါ့နာမတော်တည်ရန် ဂျေရုဆလင်မြို့ကို ငါရွေးချယ်ခဲ့ပြီ။ ထိုနည်းတူ ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကိုလည်း ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။
ငါ့နာမ အစဉ်တည်စေရန် ဤအိမ်တော်ကို ငါရွေးချယ်၍ သန့်ရှင်းစေပြီ။ ဤအိမ်တော်ကို ငါအစဉ်အမြဲကြည့်ရှုနှလုံးသွင်းမည်။
အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်မြေကြီး၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း ရှိသမျှသောအရာတို့၏ပုံသဏ္ဌာန်နှင့်တူသော ရုပ်တုဆင်းတုကို သင့်အဖို့မပြုလုပ်ရ။
ထာဝရဘုရားက “အကယ်စင်စစ် ယုဒအမျိုးသားတို့သည် ငါ့ရှေ့၌ မကောင်းမှုကိုပြုကြပြီ။ သူတို့သည် ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော အိမ်တော်၌ ရွံရှာဖွယ်ရုပ်တုများကိုထား၍ ညစ်ညူးစေကြပြီ။
ငွေစတစ်ထောင့်တစ်ရာကို မိခင်အားပြန်ပေးမည်ပြုသောအခါ မိခင်က “ထိုငွေကို ငါ့သားအတွက် ရုပ်တုထွင်းထုရန်၊ သွန်းလုပ်ရန် ငါကိုယ်တိုင် ထာဝရဘုရားအား ဆက်ကပ်ထားပြီ။ သို့ဖြစ်၍ ထိုငွေကို သင့်အားငါပြန်ပေးမည်”ဟု ဆို၏။