၂ ရာချုပ် 33:7 - Common Language Bible7 သူသည်ရုပ်တုတစ်ခုကိုဗိမာန်တော်တွင်ထား ၏။ ထိုဗိမာန်တော်နှင့်ပတ်သက်၍ထာဝရဘုရား ကဒါဝိဒ်နှင့်သားတော်ရှောလမုန်အား``ဣသ ရေလအနွယ်တစ်ဆယ့်နှစ်နွယ်တို့၏နယ်မြေ ရှိသမျှအနက် ငါရွေးချယ်တော်မူသော ယေရုရှလင်မြို့ရှိဤဗိမာန်တော်၌ ငါ့ကို အစဉ်အမြဲဝတ်ပြုကိုးကွယ်ရကြမည်။- အခန်းကိုကြည့်ပါ။Garrad Bible7 ဘု ရား သ ခင် ဗိ မာန် တော် တွင် လည်း၊ ရုပ် တု ကို ထု လုပ် တင် ထား လေ ၏။ ထို ဗိ မာန် ကို ရည်၍၊ ဒါ ဝိဒ် မင်း နှင့် သား တော် ရှော လ မုန် မင်း တို့ အား၊ ဘု ရား သ ခင် မိန့် တော် မူ ခဲ့ သည် မှာ၊ ဣ သ ရေ လ အ နွယ် အ ပေါင်း တို့ နေ ရာ မြို့ ရွာ များ အ နက်၊ ငါ ရွေး ချယ် သော ယေ ရု ရှ လင် မြို့ ရှိ ဤ ဗိ မာန် တော်၌၊ ငါ့ နာ မ အ စဉ် တည် ၍၊ အခန်းကိုကြည့်ပါ။Judson Bible7 ဤဗိမာန်၌လည်းကောင်း၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌လည်းကောင်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ်နှင့် သားတော်ရှောလမုန်အားမိန့်တော်မူရာ၌၊ ရည်ဆောင်သော ဗိမာန်တော်ထဲမှာ၊ မိမိပြုစုသောရုပ်တုနှင့် တူအောင်လုပ်သော ရုပ်တုတစ်ခုကို တင်ထား၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 မိမိကိုယ်တိုင်ထွင်းထုထားသော ရုပ်တုဆင်းတုကိုလည်း ဘုရားသခင်၏အိမ်တော်တွင် ထားရှိ၏။ ဘုရားသခင်က ဤအိမ်တော်နှင့်ပတ်သက်၍ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားတော်ရှောလမုန်မင်းကြီးတို့အား “အစ္စရေးမျိုးနွယ်တို့ပိုင်သောမြို့ထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့၊ ဤအိမ်တော်တွင် ငါ့နာမကို အစဉ်တည်စေမည်။ အခန်းကိုကြည့်ပါ။ |
ယင်းသို့တွေးတောပြီးနောက် ယေရောဗောင်သည် ရွှေနွားလားဥသဘရုပ်နှစ်ကောင်ကိုသွန်း လုပ်၍ပြည်သူတို့အား``သင်တို့သည်ကိုးကွယ် ဝတ်ပြုရန်အတွက် ယေရုရှလင်မြို့သို့သွားရ ကြသည်မှာကာလအတော်ကြာပြီ။ အို ဣသ ရေလပြည်သူတို့၊ သင်တို့အားအီဂျစ်ပြည် မှထုတ်ဆောင်လာတော်မူသောဘုရားများ ကားဤဘုရားများပင်တည်း'' ဟုမိန့်တော် မူ၏။-
အကယ်၍သူတို့သည်ထိုပြည်တွင်အမှန်ပင် နောင်တရလျက် မိမိတို့၏ဘိုးဘေးများအား ကိုယ်တော်ပေးတော်မူသည့်ပြည်တော်သို့လည်း ကောင်း၊ ကိုယ်တော်ရွေးချယ်ထားတော်မူသည့်ဤ မြို့တော်သို့လည်းကောင်း၊ အကျွန်ုပ်တည်ဆောက် ထားသည့်ဤဗိမာန်တော်သို့လည်းကောင်း မျက် နှာမူ၍ဆုတောင်းပတ္ထနာပြုကြပါလျှင်၊-
သူသည်လူမျိုးခြားတို့၏ဘုရားများနှင့်မိမိ ထားရှိခဲ့သည့်ရုပ်တုကိုဗိမာန်တော်ထဲမှ လည်းကောင်း၊ ရုပ်တုပူဇော်ရာယဇ်ပလ္လင်များ ကိုဗိမာန်တော်တည်ရာတောင်ကုန်းနှင့်ယေရု ရှလင်မြို့ရှိအခြားအရပ်များမှလည်း ကောင်းဖယ်ရှားတော်မူ၏။ မင်းကြီးသည် ထိုအရာအပေါင်းကိုမြို့ပြင်သို့ထုတ်ပစ် ပြီးလျှင်၊-
`သူတို့ကိုအီဂျစ်ပြည်ကထုတ်ဆောင်ခဲ့ချိန် မှအစပြု၍ယနေ့တိုင်အောင် ငါသည်အဘယ် ဣသရေလမြို့ကိုမျှငါ့အားဝတ်ပြုကိုးကွယ် ရာဌာနအဖြစ်ဖြင့်ရွေးချယ်သတ်မှတ်ခဲ့ဖူး သည်မရှိ။ အဘယ်သူကိုမျှလည်းငါ၏လူ မျိုးတော်ဣသရေလအမျိုးသားတို့အား ခေါင်းဆောင်ရန်မရွေးမချယ်ခဲ့။-
သူသည်ထိုငွေကိုမိခင်အားပြန်၍ပေး၏။ ထို အခါမိခင်ဖြစ်သူက``ငါ့သား၊ ကျိန်စာ မသင့်စိမ့်သောငှာငါကိုယ်တိုင်ပင်ထိုငွေကို ထာဝရဘုရားအားပေးလှူဆက်ကပ်မည်။ ငွေဖြင့်မွမ်းမံထားသည့်သစ်သားရုပ်တု တစ်ခုကိုပြုလုပ်ရာတွင် ထိုငွေကိုအသုံး ပြုမည်ဖြစ်၍သင့်အားပြန်ပေးမည်'' ဟုဆို၏။-