သူကြီး 17:3 - မြန်မာ့စံမီသမ္မာကျမ်း3 ငွေစတစ်ထောင့်တစ်ရာကို မိခင်အားပြန်ပေးမည်ပြုသောအခါ မိခင်က “ထိုငွေကို ငါ့သားအတွက် ရုပ်တုထွင်းထုရန်၊ သွန်းလုပ်ရန် ငါကိုယ်တိုင် ထာဝရဘုရားအား ဆက်ကပ်ထားပြီ။ သို့ဖြစ်၍ ထိုငွေကို သင့်အားငါပြန်ပေးမည်”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible3 သူသည်ထိုငွေကိုမိခင်အားပြန်၍ပေး၏။ ထို အခါမိခင်ဖြစ်သူက``ငါ့သား၊ ကျိန်စာ မသင့်စိမ့်သောငှာငါကိုယ်တိုင်ပင်ထိုငွေကို ထာဝရဘုရားအားပေးလှူဆက်ကပ်မည်။ ငွေဖြင့်မွမ်းမံထားသည့်သစ်သားရုပ်တု တစ်ခုကိုပြုလုပ်ရာတွင် ထိုငွေကိုအသုံး ပြုမည်ဖြစ်၍သင့်အားပြန်ပေးမည်'' ဟုဆို၏။- အခန်းကိုကြည့်ပါ။Garrad Bible3 ထို ငွေ ဆယ့် တစ် ပိဿာ ကို ပြန် ပေး လျှင် အ မိ က၊ ထို ငွေ ဖြင့် ရုပ် ပွား ဆင်း တု ကို သွန်း ထု ရန် ငါ့ သား အ လို့ ငှာ၊ ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ထား ပြီး ဖြစ်၍ သင့် အား ပြန် ပေး ရာ ရောက် သည် ဟု ဆို သည့် အ တိုင်း အခန်းကိုကြည့်ပါ။Judson Bible3 ထိုငွေဆယ်တစ်ပိဿာကို အမိအားပြန်ပေးသောအခါ၊ အမိက၊ ငါ့သားသည် ထုသောရုပ်တုနှင့် သွန်းသောရုပ်တုကို လုပ်စရာဖို့ ဤငွေရှိသမျှကို ထာဝရဘုရားအား ငါပူဇော်နှင့်ပြီ။ အခန်းကိုကြည့်ပါ။ |
နွားကိုသတ်သောသူသည် လူကိုသတ်သောသူ၊ သိုးသငယ်ကိုယဇ်ပူဇော်သောသူသည် ခွေး၏လည်ပင်းကိုချိုးသောသူဖြစ်၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်သောသူသည် ဝက်၏သွေးကိုပူဇော်သောသူ၊ လော်ဗန်ကိုပူဇော်သောသူသည် ရုပ်တုဆင်းတုကိုကောင်းချီးပေးသောသူဖြစ်၏။ သူတို့သည် မိမိတို့နှစ်သက်ရာလမ်းကိုရွေးချယ်ကြ၍ သူတို့၏စိတ်ဝိညာဉ်သည် ရွံရှာဖွယ်ရာတို့ကို နှစ်သက်ကြ၏။
မိမိကိုယ်တိုင်ထွင်းထုထားသော ရုပ်တုဆင်းတုကိုလည်း ဘုရားသခင်၏အိမ်တော်တွင် ထားရှိ၏။ ဘုရားသခင်က ဤအိမ်တော်နှင့်ပတ်သက်၍ ဒါဝိဒ်မင်းကြီးနှင့် သူ၏သားတော်ရှောလမုန်မင်းကြီးတို့အား “အစ္စရေးမျိုးနွယ်တို့ပိုင်သောမြို့ထဲမှ ငါရွေးချယ်သောဂျေရုဆလင်မြို့၊ ဤအိမ်တော်တွင် ငါ့နာမကို အစဉ်တည်စေမည်။