၂ ရာချုပ် 21:19 - မြန်မာ့စံမီသမ္မာကျမ်း
နေ့စဉ်ရက်ဆက်ဝေဒနာခံစားရပြီး နှစ်နှစ်ကြာသောအခါ ထိုအနာရောဂါကြောင့် အူများထွက်ကျလာ၍ ပြင်းစွာသောဝေဒနာကိုခံစားရင်း အနိစ္စရောက်သွား၏။ ဘိုးဘေးတို့အား မီးပွဲသဘင်ကို ခမ်းနားစွာကျင်းပပေးသကဲ့သို့ သူ့ပြည်သားတို့သည် သူ့ကို မပြုပေးကြချေ။
အခန်းကိုကြည့်ပါ။
ထိုရောဂါသည်နှစ်နှစ်နီးပါးမျှတစ်နေ့ တစ်ခြားပိုမိုဆိုးရွားလာပြီးလျှင် နောက်ဆုံး ၌မင်းကြီးသည်ပြင်းပြသောဝေဒနာနှင့် ကွယ်လွန်လေ၏။ ပြည်သူတို့သည်သူ၏ဘိုး ဘေးတို့အတွက်မီးပုံပွဲများပြုသကဲ့သို့ သူ့အတွက်မပြုကြ။
အခန်းကိုကြည့်ပါ။
စွဲ ရောက် သော ဘေး ရော ဂါ ကြောင့် အူ ထွက်၍ ဘု ရင် မင်း ကွယ် လွန် သော်၊ ပြည် သူ ပြည် သား တို့ သည်၊ ပြည် မ ကြိုက် သော ထို မင်း အ လောင်း ကို၊ ဘေး တော် ဘိုး တော် တို့ အ ဖို့၊ မီး ပွဲ သ ဘင် ကျင်း ပ သ ကဲ့ သို့ မ ကျင်း ပ ဘဲ၊ ဒါ ဝိဒ် မြို့ တော် ၌ စျာ ပ န ပြု သော် လည်း၊ သင်္ချိုင်း တော် တွင် မ ပြု ကြ ချေ။ အိမ် နိမ့် သုံး ဆယ့် နှစ် နှစ် ရှိ မှ၊ နန်း တက် သော ယ ဟော ရံ မင်း သည်၊ ယေ ရု ရှ လင် မြို့၌၊ ရှစ် နှစ် သာ နန်း စံ ရ သ တည်း။
အခန်းကိုကြည့်ပါ။
ရှင်ဘုရင်သည် တာရှည်စွာနာ၍၊ နှစ်နှစ်စေ့သောအခါ၊ အနာပြင်းထန်သောကြောင့်၊ အူထွက်၍ အသက်ချုပ်လေ၏။ ပြည်သားတို့သည် ဘိုးတော်ဘေးတော်တို့အဖို့ မီးရှို့ခြင်းကိုပြုသကဲ့သို့၊ ထိုမင်းအဖို့မပြု။
အခန်းကိုကြည့်ပါ။