ယေရမိ 34:5 - မြန်မာ့စံမီသမ္မာကျမ်း5 သင်သည် ငြိမ်းချမ်းစွာသေရလိမ့်မည်။ ရှေးယခင် သင့်ဘိုးဘေးဘုရင်တို့ကို ပြုပေးသကဲ့သို့ နံ့သာပေါင်းကိုရှို့လျက် အလို သခင်ဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ငါကိုယ်တော်တိုင် သင့်အဖို့ မိန့်ဆိုထားခဲ့ပြီ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible5 အေးချမ်းစွာသေရလိမ့်မည်။ လူတို့သည် သင်၏ဘိုးဘေးများအတွက် နံ့သာပေါင်း ကိုမီးရှို့ခဲ့ကြသည့်နည်းတူ သင်၏အတွက် လည်းနံ့သာပေါင်းကိုမီးရှို့ကြလိမ့်မည်။ သူ တို့သည်`ငါတို့ဘုရင်ကွယ်လွန်ပြီ' ဟုဆို၍ သင်၏အတွက်ငိုကြွေးမြည်တမ်းကြလိမ့် မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟူ၍မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible5 ချမ်း သာ စွာ ကွယ် လွန် ခွင့် ရ ၍ ယ မန် မင်း ပြု ခဲ့ သော သင် ၏ ဘိုး ဘေး တို့ ခံ ရ ကြ သည့် နည်း တူ၊ နံ သာ ပေါင်း ရှို့ ခြင်း၊ အို အ ရှင် ဘု ရား ဟူ ၍ မြည် တမ်း ခြင်း များ ကို ခံ ရ မည် ဟု၊ သင့် အား ရည် လျက် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း များ ကို ဆင့် ဆို ရန် အ မိန့် တော် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible5 ငြိမ်ဝပ်စွာသေ၍ သင့်ရှေ့မှာ စိုးစံသော ဘိုးတော်ဘေးတော်တို့အဖို့ ပြုဖူးသည်နည်းတူ၊ သင့်အဖို့ နံ့သာပေါင်းကို မီးရှို့လျက်၊ ဩ သခင်ဟူ၍ ငိုကြွေးမြည်တမ်းကြလိမ့်မည်၊ ငါပြောထားပြီဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သင့်ဘိုးဘေးများရှိရာသို့ သင့်ကို ငါစုစည်းမည်။ သင်သည် သင့်သင်္ချိုင်းတွင် ငြိမ်ဝပ်စွာစုစည်းခံရလိမ့်မည်။ ဤမြို့နှင့် မြို့သားတို့အပေါ် ငါကျရောက်စေမည့်ဘေးအန္တရာယ်အပေါင်းတို့ကို သင်မြင်ရမည်မဟုတ်’ဟူ၍ ထာဝရဘုရားမိန့်တော်မူကြောင်းပြောကြားလော့”ဟု ဆို၏။ သူတို့သည်လည်း ပြန်သွား၍ ဤစကားတို့ကို ရှင်ဘုရင်ထံ လျှောက်တင်ကြ၏။
ထို့ကြောင့် သင့်ဘိုးဘေးများရှိရာသို့ သင့်ကို ငါစုစည်းမည်။ သင်သည် သင့်သင်္ချိုင်းတွင် ငြိမ်ဝပ်စွာစုစည်းခြင်းခံရလိမ့်မည်။ ဤမြို့သို့ ငါကျရောက်စေမည့်ဘေးအန္တရာယ်တို့ကို သင်မြင်ရမည်မဟုတ်’ဟူ၍ ထာဝရဘုရားမိန့်တော်မူကြောင်းပြောကြားလော့”ဟု ဆို၏။ သူတို့သည်လည်း ပြန်သွား၍ ဤစကားတို့ကို ရှင်ဘုရင်ထံ လျှောက်တင်ကြ၏။